Episode 2

459 64 0
                                    

ချပ်​ ချပ်​ ချပ်​ ချပ်
ဘယ်​ညာလွှဲခါ​နေ​သောနာရီကြီးက​ကျောဘက်​မှာ​ပေမယ့်​မှန်​ထဲ​ပြေးဝင်​ကာမျက်​နှာ​ရှေ့က​နေမျက်​လုံးပြူးလျှာထုတ်​ကာ​လှောင်​​ပြောင်​​နေသည့်​လွန်​စွာမုန်းတီးဖွယ်​​ကောင်း​သောမျက်နှာတစ်​ခုလို...
yeol၏ဖူးရွန်းနုအိ​နေ​သောနှုတ်​ခမ်းပြည့်​ပြည့်​​လေး​တွေလူးလွန့်​ဖူး​ရောင်​လာသည်။အ​ရောင်​တင်​ခြယ်​သထားသည့်​မျက်​ဝန်းတို့မှာပြည့်​တက်​လာ​သောမျက်​ရည်​တို့ကပြိုးပြိုးပြက်​ပြက်​လက်​လျက်​​ကော့ညွတ်​ထိန်းကွတ်​ထားသည့်​မျက်​​တောင်​နက်​တို့၏​ဘောင်​ကိုဖြတ်​​ကျော်​ခုန်​ဆင်းဖို့တာစူ​နေကြသည်​။
အ​ခွေလိုက်​ထုံးဖွဲ့ရစ်​​နှောင်​ထား​သောဆံထုံးနှင့်​လည်​တိုင်​​ကျော့မှာအရစ်​လိုက်​တွဲသီထားသည့်​ရတနာလည်​ကုံး​တွေ...
ဆံထုံးကိုလည်း​ဖြေမည့်​သူမရှိ။
လည်​ဆွဲ​တွေကိုလည်းဖြုတ်​​ပေးမယ့်​သူ​ပေါ်မလာ။

xiumin:::သား ဒါမင်္ဂလာဦးည​နော်​* သားဆံထုံး​ဖြေရမှာဒါမှအကြင်​လင်​မယား အရာ​မြောက်​မှာ*...အ​ပေါင်းအသင်း​တွေနဲ့လိုက်​ပြီး​သောက်​စားမ​နေနဲ့...
(*fic သ​ဘောအရ ဟုနားလည်​ကြပါရန်​)

သူ့သားအ​ကြောင်းသူသိလို့​နေမှာ​ပေါ့..
ဒေါ်xiuminသားဖြစ်​သူကိုခပ်​ကြိတ်​ကြိတ်​မှာတာ
yeol ကြားခဲ့​သေးသည်​။
ခန​လေးပါ​mamaတဲ့....။

ဒင်​....ဒင်​....ဒင်....ဒင်​...ဒင်

ဆယ့်​နှစ်​နာရီတိတိ နာရီရဲ့ရိုက်​ခတ်​သံက ပြည့်​အိုင်​​နေ​သော မျက်​ရည်​မြစ်​​ကြောမှာမုန်​တိုင်းထသွားသလိုဖိတ်​ဖိတ်​စင်​စင်​ပြိုဆင်းလာသည့်​မျက်​ရည်​တို့ကိုတားဆီးမရနိုင်​။
နှုတ်​ခမ်းသား​လေးကိုခပ်​ဖိဖိကိုက်​ထားရင်းနဖူးစည်းမှတန်းချထား​သော​ငွေချည်​လွှာပုဝါပါးပါး​လေးကို နာကျည်းစွာဆွဲဖြုတ်​ချလိုက်​၏။
Wu Kris....
ခုချိန်​ကစပြီး ရှင်​နဲ့ကျမက ၃နဲ့၎ ပဲ။
မျက်​ရည်​​တွေအဆက်​မပြတ်​ကျ​နေ​သော်​လည်း ရှိုက်​သံတစ်​ချက်​က​လေးမှမထွက်​ တင်း​နေ​အောင်​ ​စေ့ပိတ်​ထားသည့်​နှုတ်​ခမ်းသား​လေး​တွေ တွန့်​ခနဲ လွန့်​ခနဲ မဲ့ကျသွားတတ်​ပုံက ဝမ်းနည်းလို့ကြိတ်​မှိတ်​မျိုသိပ်​ခံစား​နေရတာမျိုးမဟုတ်​ပဲ နာကျည်းခံခက်​စွာဖြစ်​​လေသည်​။
yeol မှန်​ထဲက ကိုယ့်​ရဲ့ရုပ်​ပုံလွှာကို ​ငေးစိုက်​ကြည့်​​နေရင်းဆံထိုး​တွေ ကလစ်​​တွေကိုတစ်​ခုချင်းဖြုတ်​ချသည်​။
ထို့​​နောက်​...ဆံထုံး...

Only YouWhere stories live. Discover now