Episode 3

422 63 0
                                    

အခန်းတံခါးအ​သေပိတ်​ကာစိတ်​ချလက်​ချအိပ်​ပစ်​လိုက်​တာမနက်​​ငါးနာရီမှာနိုးလာသည်​။
yeolအိပ်​ရာကထ၍တံခါးဖွင့်​လိုက်​​တော့အပြင်​ဘက်​ဆိုဖာ​ပေါ်မှာလက်​ပိုက်​လျက်​ပက်​လက်​ဆန့်​ဆန့်​ကြီးအိပ်​​နေ​သော​ယောက်ျားတစ်​​ယောက်​ကို​တွေ့လိုက်​ရသည်​။
wu krisပဲဆိုတာမ​မေးပဲသိ​လိုက်​၏။
ညလယ်​လာဝတ်​စုံနဲ့အတိုင်း အဖြူ​ရောင်​သတို့သားဝတ်​စုံနှင့်​။မျက်​လုံးကိုဖျတ်​ခနဲတစ်​ချက်​သာ​ဝေ့ကြည့်​ကာမျက်​နှာဆီသို့မ​ရောက်​မီအကြည့်​ကိုပြန်​ရုတ်​သိမ်းလိုက်​သည်​။
သူဟာ​ရွှေအဆင်းနဲ့မင်းသားဖြစ်​ပါ​စေ yeolသူ့ကိုဘယ်​​သောအခါမှအထင်​ကြီးနိုင်​​တော့မည်​မဟုတ်​။
ရေချိုးခန်းကထွက်​တော့နို့နှစ်​​ရောင်​အင်္ကျီလက်​ရှည်​နှင့်စကတ်​ရှည်​ကိုဝတ်​ကာအပြင်​ထွက်​လာခဲ့သည်​။
မနက်​စာပြင်​ဆင်​​နေသည့်​​ဒေါ်xiuminနှင့်​ခြံထဲမှာလမ်း​လျှောက်​​နေသည့်​ဦးwu chen၏အရိပ်​...မနက်​အာရုံ၏နိုးထခြင်းမှာအားလုံးလှုပ်​ရှား​နေကြပြီဖြစ်​​သော်​လည်းyeolဘယ်​သူ့ကိုမှ​တွေ့ဆုံနှုတ်​ဆက်​ခြင်းမပြုခဲ့ပါ။

suho:::ဟင်​ သမီး ​စော​စောစီးစီး ဘယ်​လိုဖြစ်​လာတာလဲ

yeol:::annyeong omma

yeolကြည်​လင်​စွာပြုံးပြပြီးommaပါးကိုနမ်းလိုက်​သည်​။ဒါငယ်​စဉ်​ကတည်းကyeolအိပ်​ရာကနှိုးထတဲ့မနက်​တိုင်းပြုမူ​နေကျအ​လေ့တစ်​ခု။
ommaကyeolရဲ့လက်​ဖဝါး​လေး​ထွေးဆုပ်​၍yeolရဲ့​ပြေပြစ်​တဲ့နဖူး​လေးကိုပြန်​နမ်းသည်။
သို့​သော်​ommaရဲ့အနမ်းကမကြည်​လင်​ခဲ့

suho:::ဘယ်​လိုဖြစ်​လာလဲသမီးရယ်​ ညကkrisပြန်​မလာဘူးလား

yeolကommaနဲ့အတူဆိုဖာ​ပေါ်မှာဝင်​ထိုင်​ပြီးမှတိုက်​ကြီးတစ်​ခုလုံးကို​သေချာ​ဝေ့ဝဲကြည့်​သည်​။

yeol:::တိုက်​ကြီးကအရမ်းလှတာပဲ​​နော်​omma​...appaနဲ့ommaနှစ်​​ယောက်​ရယ်​moo seok​arjushiရယ်​မှသုံး​ယောက်​တည်း..လူများသွား​အောင်​ yeolလာ​နေမယ်

yeolဘာ​ပြော​ပြောommaမျက်​စိမျက်​နှာပျက်​​နေလျက်​နှင့်

suho:::yeol..သမီးအိမ်​​ထောင်​​ရေးကို ​ကျောက်​သင်​ပုန်း​ပေါ်မှာစာ​ရေးသလိုမှားတာနဲ့လက်​ဝါးနဲ့ပွတ်​​ချေဖျက်​လို့ရတာမျိုးမဟုတ်​ဘူး​နော်​ ​ပေါ့​ပေါ့သ​ဘောမထားနဲ့ သမီးအခုဘာဖြစ်​လာသလဲ၊အစ်​မxiuတို့ကိုဘယ်​လို​မ​လေးမစားလုပ်​လာခဲ့သလဲ။

Only YouWhere stories live. Discover now