Episode 5

371 71 4
                                    

"Kris..လူ​လေးwu kris.."

"ဟင်​..nae..arjuma လား"
(arjumaဆိုတာအိမ်​အကူအ​ဒေါ်ကြီးပါ)
အလုပ်​​တွေရှုပ်​​နေ​သော​ကြောင့်​ညဉ့်​နက်​မှအိပ်​ရာဝင်​ဖြစ်​ကာ​ခေါ်သံကြား​နေ​ပေမဲ့လူကရုတ်​တရက်​မနိုး..
ကပျာကရာထထိုင်​ရင်းနာရီကိုကြည့်​လိုက်​​တော့ညဉ့်​တစ်​နာရီခွဲပြီးပြီ..

"arjuma..ဘာဖြစ်​လို့လဲ.."

"yeol ​လေးအဖျား​တွေတက်​​နေလို့သားရယ်ည​နေကအပြင်​သွားတာမိုးမိသွားတာ​ကြောင့်​ထင်​တယ်​တအားညည်းတာပဲ ကိုယ်​​တွေပူလိုက်​တာ​ကြောက်​ဖို့​တောင်​​ကောင်းတယ်​လာကြည့်​ပါဦး."

arjuma ထိတ်​ထိတ်​ပျာပျာနှင့်​အသံ​တွေပါတုန်​​နေသည်​။

"ကျ​တော်​လိုက်​ခဲ့မယ်​arjumaသွားနှင့်​"

kris အမြဲတမ်း​ဆောင်​ထာသည့်​​ဆေး​တွေနှင့်​​ဆေးပစ်​စည်း​တွေယူကာ​နောက်​ကလိုက်​လာခဲ့သည်​။
ဖြူလွ​သော​မွှေ့ရာကြီး​ပေါ်မှာအဝါ​ရောင်​နုနု ညဝတ်​ဂါဝန်​ဖားဖား​လေးနှင့်​ရှည်​လျားသည့်​မဟူရာပိုးသားလိုဆံနွယ်​​တွေက​မွှေ့ရာထက်​မှာပြန့်​​လျှော့​ခွေစိုက်​ကျ​နေ​သောမိန်းမ​လှ​လေးသည်​ အဖျားရှိန်​​ကြောင့်​နီရဲ​နေ​သောနှုတ်​ခမ်းလှလှ​လေး​တွေ​သွေ့​ခြောက်​​နေ၏။
မျက်​​တောင်​ရှည်​​တွေဆင်းကျကာငြိမ်​သက်​​နေ​သော်​လည်းလွတ်​လွတ်​လပ်​လပ်​ကြီးလဲ​လျောင်း​နေတာဖြစ်​​သော​ကြောင့်​krisရုတ်​တရက်​မျက်​နှာပူသွား၏။
ညဝတ်​ဂါဝန်​​လေး​နောက်​ကွယ်​ကအမို့အ​မောက်​အရှိုက်​အဝန်းတို့ကိုသူရဲရဲမကြည့်​ရဲဘဲအမှတ်​တမဲ့မျက်​နှာလွှဲပစ်​လိုက်​မိ၏။

"အဲဒါပဲကြည့်​ပါ​တော့သားရယ်​..ခန​လေးငြိမ်​သွားလိုက်​ချမ်းတယ်​ချမ်းတယ်​ဖြစ်​လို့​စောင်​​တွေထပ်​ခြုံ​ပေးလိုက်​ရ ပြီး​တော့ပူလိုက်​အိုက်​လိုက်​တာနဲ့အကုန်​ပြန်​ကန်​ချလို့​ဆွဲခြုံ​ပေးရမလားကြည့်​​နေရမလားဘာလုပ်​ရမှန်းမသိပဲ arjuma ဒုက်​ခ​ရောက်​​နေတာ ၁၂နာရီမထိုးခင်​ကတည်းကပဲ"

ခြေရင်းမှာအ​ထွေးလိုက်​ပုံကျ​နေသည့်​​စောင်​​တွေကိုarjumaကအသာဆွဲဖြန့်​ကာyeolကိုယ်​​ပေါ်တင်​​ပေးရနိုးနိုး​ခေါက်​လိုက်​ရနိုးနိုးနှင့်​သူ့မျက်​နှာကိုကြည့်​​နေ​တော့..

Only YouWhere stories live. Discover now