Dear Gentleman....

5.7K 646 8
                                    

ဖြူဖျော့နေသော မိန်းကလေးက ကုတင်မှာ ငြိမ်သက်စွာ လဲလျောင်းနေသည်။ ကျွန်တော့်အရှေ့မှ သူက ခပ်ဖွဖွ ခြေသံဖြင့် အနားသို့ တိုးကပ်သွားသည်။

ဦးထုပ်အပြာရောင်ဖျော့ဖျော့ ဆောင်းထားသော ထို မိန်းကလေးသည် သွေးမရှိတော့ဘူးထင်ရလောက်အောင်
ဖြူဖွေးနေသည်။ ...စက်ကိရိယာတွေ Drip ပုလင်းတွေ.. ဆေးထိုအပ်ရာတွေ ....။ ဘယ်လောက်တောင် မွန်းကြပ်နေမယ့် ဘဝလဲ.....။

" Yifae "...

ကျွန်တော်ကြားဖူးသော တိကျပြတ်သားသည့် ... အသံမဟုတ် ။ နူးညံ့တယ်ဆိုတာထက် ပိုသော ကြင်နာတတ်သည့် အစ်ကိုတစ်ယောက်ရဲ့ အသံမျိုး.......။

"... Ge "

ခုနက မျက်လုံးလေးများ မှိတ်ထားကာ ငြိမ်ငြိမ်သက်သက် လဲလျောင်းနေသော သူမက သူ့ကို လှမ်းကြည့်ရင်း ကျွန်တော့်ကို မြင်သွားသည်။

" ဟင် ... "

မှိုင်းညှို့နေသည့် မျက်ဝန်းတွေ အနည်းငယ် လင်းလက်သွားသလိုပါပဲ...။ သူမ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အ သွားဟန်ရှိသည်။ ကျွန်တော် ပြုံးပြလိုက်သည့်အခါ..
သူမ မျက်ရည်တွေ ဝေ့ဝဲလာပြီး... ပြန်လည်ပြုံးပြသည်။..

ကုတင်ဘေးနားသို့ သူတိုးကပ်သွားပြီး Yifae လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည့်အခါ သူမ ပါးပြင်တွင် မျက်ရည်တွေ စိုစွတ်နေခဲ့ပြီဖြစ်သည်။

ဒီအခြေအနေမျိုးကြားမှာ ကျွန်တော် သိပ်ကို ကသိကအောက်ဖြစ်ရသည်။ ရောဂါသည် တစ်ယောက်ကို မြင်နေရလို့ စိတ်မကောင်းဖြစ်မိသော ခံစားမှုအပြင် ကျွန်တော် ပို မခံစားတတ်ခဲ့။..

" ကြည့်..မငိုနဲ့တော့လေ ... ဒီမှာ Luhan. ရောက်လာပြီ.. သူကိုယ်တိုင် မင်းဆီလာချင်တယ်ဆိုလို့ Ge ခေါ်လာတာ.."

ကျွန်တော် သူ့ဆီ လှမ်းကြည့်လိုက်တော့ Yifae ကို မျက်ရည်တွေ သုတ်ပေးရင်း အနူးညံ့ဆုံး...မဟုတ်သေးဘူး ..အကြေကွဲဆုံး..ပြုံးနေသည်။

( သူကိုယ်တိုင် မင်းဆီလာချင်တယ်ဆိုလို့ Ge ခေါ်လာတာ..)

မင်း မသိဘူး..။ Yifae .. ။ သူ့နှလုံးသားနဲ့တောင် လဲလှယ်ခဲ့သလား မသိနိုင်တဲ့ အဲ့ဒီ စကားတစ်ခွန်းရဲ့ တန်ဖိုးကြီးမားမှုကိုလေ....။
ကျွန်တော် မသိတော့ဘူး...။ သနားသင့်တာက လောကကြီးကို နှုတ်ဆက်တော့မယ့် Yifae လား...။ သူလား..ဆိုတာ...။

Dear Gentleman .......Tahanan ng mga kuwento. Tumuklas ngayon