ချစ်သူ မိန်းကလေးတစ်ယောက်ကို စွန့်လွှတ်ဆုံးရှုံးလိုက်ရသော လူတစ်ယောက်နဲ့ တစ်စက်မှ မတူသော သူသည် ဘယ်တော့မဆို ဘုကလန့်ပြောလေ့ရှိသော ကျွန်တော့်အပေါ် အမြဲတစေ နူးညံ့ သိမ်မွေ့သည်။
သူ့ရဲ့ ဂရုတစိုက် ကြင်နာမှုတွေကြားမှာ ဒီလက်ထပ်ခြင်းဟာ အပေးအယူတစ်ခုရဲ့ လျော်ကြေးသက်သက်ဆိုတာ.. မေ့သွားတော့မလိုနီးပါး.. ကျေနပ်ပျော်ရွှင်ခဲ့သည်။
တနင်္ဂနွေနေ့ညတွေတိုင်းမှာ ကျွန်တော်တို့နှစ်ယောက် အပြင်ထွက် ညစာ စားတာမျိုး..။
သူအားတဲ့ ပိတ်ရက်တွေတိုင်းမှာ ကျွန်တော့်ကို ဘယ်သွားချင်သလဲလို့ သတိတရ မေးတတ်တာမျိုး..။
တစ်ခါတစ်လေ ကျွန်တော် အံ့ဩအောင် ရုပ်ရှင်လက်မှတ်တွေ ဖြတ်လာတတ်တာမျိုး....။
အဲ့ဒီလို လူကြီးလူကောင်းဆန်စွာ ကြင်နာ ဂရုစိုက်မှုတွေကြားမှာ ကျွန်တော် နူးညံ့သိမ်မွေ့စွာ ရင်ခုန်တတ်စ ပြုလာသည်။
တိတ်ဆိတ်သော ညဥ့်နက်သန်းခေါင်တွေမှာ ထိုမိန်းမရဲ့ ဓာတ်ပုံကို ဆုပ်ကိုင်ရင်း တမ်းတမ်းတတ လွမ်းဆွတ်နေတတ်တာကို ကျွန်တော် မသိရခင် အထိပေါ့..။
နောင်တ လား...။ ရတာပေါ့...။ မျက်စိစုံမှိတ် လက်ထပ်ခဲ့ခြင်းအတွက်တော့ မဟုတ်ဘူး..။
အဲ့ဒီနေ့ညက သူ့အခန်းကို ခိုးဝင်ပြီး သူအိပ်နေတာလေး ငေးကြည့်ချင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် နောင်တရမိရုံပဲ...။ကျွန်တော်သာ ည ၁၂ ကျော်ကျော်လောက်.. သူ့အခန်းတံခါးကို တိတ်တဆိတ် သွားမဖွင့်မိခဲ့ရင်...။
ညအိပ်မီးရောင်ရဲ့ မှိန်ပျပျ အလင်းရောင်ကြား .. ဓာတ်ပုံတစ်ပုံကို ငေးကြည့်နေတဲ့ မျက်ရည်စတွေကို မြင်ခဲ့ရမှာ မဟုတ်ဘူး...။
ကျွန်တော်သာ သူအလုပ်သွားနေတုန်း သူ့အခန်းထဲ တိတ်တဆိတ် ဝင်ပြီး ထို ဓာတ်ပုံကို အတည်မပြုခဲ့မိရင်..။
သူလွမ်းဆွတ်သတိရနေသော ထို ဓာတ်ပုံပိုင်ရှင်ဟာ Yifae လို့ ကိုယ့်ကိုကိုယ် ဇွတ်ကြိတ်မှိတ် ဖြေသိမ်လို့ရခဲ့မှာ...။
ဟုတ်သားပဲ... ။ Luhan.. ခပ်ကြောင်ကြောင် အတွေးတွေ တော်စမ်း...။
တောင်းဆိုခဲ့တဲ့ ကတိတစ်ခုက လက်ထပ်ခြင်းဆိုတဲ့ အခွံသက်သက်ပဲ...။ အချစ်မှ မပါခဲ့တာ..။ ပါစေချင်တယ်ဆိုဦးတော့ ခံစားချက်ဆိုတာ အတင်းအကျပ် တောင်းဆို ဖန်တီးယူလို့ရတဲ့ အရာမှ မဟုတ်ခဲ့တာ...။
BINABASA MO ANG
Dear Gentleman .......
General Fictionသမားရိုးကျ ဘောင်တစ်ခု အပြင်ဘက်က စွန့်စားခန်းမှာ ကျွန်တော်ဟာ ကိုယ့်နှလုံးသားကို အရှင်လတ်လတ် မြေမြှုပ်ခဲ့မိတယ် .......