'' Hello.... Ki Bum ah.... "
ဖုန်း Speaker ကနေ လေးလေးပင်ပင် အသံတစ်သံ သို့ သော်... မသိ မသာ လေး... ညည်းတွားနေသယောင်လေသံလေးကို Ki Bum ကြားလိုက်ရသည်.....
'' ...... ''
သက်ပြင်းချသံမှ အပ စကားသံတို့ တိတ်ဆိတ်လျက်....
"ငါ့ ကိုတစ်ခုခုတော့ပြန်ပြောလေကွာ... ''
Kibum နာရီ မော့ကြည့်လိုက်တော့....
'' ဘာဖြစ်ရပြန်တာ လဲ ညဘက် ကြီး မူးနေပြန်ပြီလား... မင်းကလဲကွာ ဘယ်အချိန်ထိ ဒီလို ဆိုးနေမှာလဲ ငါဒီတစ်ခါတကယ်မကူ.. ''
တစ်ဖက် က ချုံးပွဲချ ငိုသံကြား ရချိန် Ki Bum တစ်ကယ် မနေနိုင်တော့.... သူမသွားရင်လဲ မဖြစ်..
-- ဟို ကလေး ပြန်ရောက်လာရင် ငါမရှိလဲဖြစ်မှာပါ.....--
Ki Bum တစ်ယောက် ရေရွတ်ရင်း...
'' မင်းအခုဘယ်မှာ လဲ....ငါလာခဲ့မယ်..... ''
ခပ်မြန်မြန် စာတစ်စောင်ချရေးကာ... ကားသော့ကောက်ဆွဲပြီး.... ပြေးထွက်သွားခဲ့သည်....
Key's POV
ကျွန်တော်ရောက်သွားတော့ ကောင်းကင် ကို ငေးစိုက်ကြည့်နေရင်း...ပါးပြင်မှာ မျက်ရည် တွေစီးကြောင်းတွေနဲ့ သူ့ ကို ကျွန်တော် တွေ့ လိုက်ရတယ်.....
ရောက်နေတာ ဘယ်လောက်တောင် ကြာသွားပြီ လဲတော့မသိ
သူ့ ခြေထောက် နားက Soju..ပုလင်းတွေ ခါတိုင်း ထက်တော့ ပိုများ နေတာ အမှန်ပဲ...
xxxxx
ဟန်မြစ်ဘေးတစ်နေရာတွင်.....
ကျွန်တော့် မျက်ရည်တွေ အတားအဆီးမရှိ စီးဆင်းနေတာ ကိုရပ်တန့် ဖို့  ဒီအစိမ်းရောင်ပုလင်းတွေကို အဖော်ပြုနေရတာ များလှပြီ.... ဘယ်တော့များ မှ ... ဘယ်အချိန်မှ... သူ ကျွန်တော့်နားကို ရောက်လာမှာလဲ....
ဒီမျက်ရည်တွေက မကုန်နိုင်တော့ ဘူးလား....
--Okay... ဒီမျက်ရည်ပဲကုန်သွားမလား....ငါပဲသောက်နိုင်မလား...ကြည့်ကျသေးတာပေါ့....--
နောက်တစ်ပုလင်းကောက်ဆွဲပြီး ပါးစပ်နားတေ့လိုက်ချိန် လူတစ်ယောက် လက်ထဲက ပုလင်း ကို လှမ်းဆွဲ လိုက်တော့ ကျွန်တော် မော့ကြည့်မိတယ်...
YOU ARE READING
If U Really Love Me,
FanfictionWhen Minho fell in love with a girl, Taemin ( he thought she might be just one of the normal girls he met ), he has been searching her without knowing a big secret she had ... Could that secret make him give up his love on her?? For Taemin, What wi...