One Shot [2min]

146 11 11
                                    

"အိမ်ပြန်ရောက်ပါပြီ...."

ခါတိုင်းလိုလို ပြန်ချင်တဲ့အချိန်မှ ပြန်လို့ မဖြစ်. သူ့ Hyung က ပြန်ရောက်နေပြီဆိုတော့..

သူ့ အခန်းထဲမဝင်ခင် Key ကိုလှမ်းနှုတ်ဆက်လိုက်လေသည်...

''အသံကတက်ကြွနေတာပဲနော်....ဝင်လာကတည်းက....

ဘာတွေဖြစ်လာလို့ လဲ....''

သူ့ အမူအရာတွေက ကစားကွင်းကပြန်လာပြီးကတည်းက ဖုံးမရဖိမရ ဖြစ်နေလို့ လားမသိ...

TV ရှေ့ ထိုင်နေသော Key နောက်ကို လှည့်မကြည့်ဘဲပြောလိုက်သည်

''ဘာ.ဘာမှမဖြစ်ပါဘူး...ဒီလိုပဲ..''

''ဘာ..ဒီလိုပဲလဲ...လာဦး...''

kibum သူရှေ့ ကို မရောက်လာခင် မျက်နှာပိုး အချိန်မှီသတ်လိုက်ပြီး

''မင်းငါမသိအောင် ဘာတွေလုပ်ထားလဲ...

ကြည့်စမ်း

တစ်ခါမှ ရေမွှေးမစွတ်ဖူးတဲ့ သူက ငါ့ဟာတွေ ယူလုပ်လို့ လုပ်....''

''မိန်းကလေးလိုနေရမယ်ဆိုတော့ ရေမွှေးလောက်က မစွတ်သင့်ဘူးလား...''

Kibum သူ့ အနားကို ကပ်ပြီး နှာခေါင်းတစ်ရှုံ့ ရှုံ့ နဲ့ ပြောတော့မှ သူ့ ကိုယ်သူ ပြန်နမ်းကြည့်မိလေသည်..

''မင်းမျက်နှာလဲ မှန်ထဲပြန်ကြည့်ဦး...အရင်ကဆိုအိမ်ပြန်ရောက်ရင် မျက်နှာဗလာနဲ့ ပြန်လာနေကြ..

ခုမှ Powder နဲ့ နှုတ်ခမ်းနီနဲ့ .... ဟုတ်ကောဟုတ်ရဲ့လားကွာ...

မသိရင် ဆယ်ကျော်သက်ကျောင်းသူလေး ရည်းစားနဲ့ ချိန်းတွေ့ တဲ့အတိုင်းပဲ....''

Kibum ပြောလိုက်တဲ့ နောက်ဆုံးတစ်ကြောင်းလေးကြောင့် သူ့ မျက်နှာမသိမသာ နီလာတော့သည်...

သူ့ ကိုယ်သူသာ သတိမထားမိတာ.... Minho ကြိုက်လောက်မယ်ထင်တာတွေကို သူအကုန်လိုက်

မိနေတာပဲ....

''အလုပ်ထွက်ဖို့ ရော..ပြောပြီးပြီလား...''

ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ ပြန်စဉ်းစားမိရင် ဒီအကြောင်းက သူပြန်မပြောချင်ဆုံး အကြောင်းအရာဖြစ်လိမ့်မည်

If U Really Love Me,Where stories live. Discover now