Rainy Blue[Onew]

68 7 0
                                    


'' JaeHee...yah... မသွားပါနဲ့ ... ကိုယ်တောင်းပန်ပါတယ်.....''

သူ့ လက်ကိုလှမ်းဆွဲထားရင်း.... ငိုနေတဲ့ ကောင်လေးတစ်ယောက်......

ဆွဲထားတဲ့လက်ကို ရုန်းပြီးထွက်သွားဖို့  ကြိုးစားနေတဲ့ လူတစ်ယောက်ကို မသွားပါနဲ့ လို့ ထပ်ထပ်ခါပြောနေမိတယ်......

ပြောမရတဲ့ အဆုံး သူ့ ကို ဘယ်မှမသွားနိုင်အောင် ဖက်ထားလိုက်မိတော့တယ်.....

ရင်ခွင်ထဲသူ ရုန်းနေရာက တဖြည်းဖြည်းအရှိန်လျော့လာတော့ ကိုယ့်ကိုများလက်ခံလာပြီလားလို့ သူ့ ကို မေးမလို့ သူ့ ပုခုံးကိုကိုင်ဖို့ ကြိုးစားနေရင်း....

သူက တဖြည်းဖြည်း မျက်စိရှေ့ မှာ မြူမှုန်တွေအဖြစ်ပြောင်းလဲသွားရင်း နောက်ဆုံး ပြောသွားတာက....

'' Sorry ပါ Onew ရယ်... JaeHee ကိုခွင့်မလွှတ်ပါနဲ့ ... "

Sorry တဲ့လား..... ရင်တစ်ခုလုံးကွဲကြေနေတာကို Sorry တစ်လုံးနဲ့  ဖြေသာနိုင်ပါ့မလား....

'' မရဘူး....မင်းမသွားရဘူး.... ဘယ်ကိုမှမသွားရဘူး...

"JaeHee... JaeHee yah... မင်းဘယ်မှာလဲ.... JaeHee.... ''

ပျောက်ကွယ်သွားတဲ့ သူကိုလိုက်ရှာနေရင်း.... သူ့ ကိုအော်ခေါ်နေရင်း ...

" Kim JaeHee..."ဆိုတဲ့နာမည် တစ်ခုနဲ့ အတူ Onew အိပ်မက်ဆိုးတွေကနေ လန့် နိုးလာခဲ့တယ်....

အသက်ရှူသံခပ်ပြင်းပြင်းက လွဲလို့ တိတ်ဆိတ်နေတဲ့ အခန်းတစ်ခု ထဲမှာ Onew ဆီက ရှိုက်သံတစ်ချို့ ထွက်ပေါ်လာလေသည်....

စားပွဲပေါ်က စာရွက်တွေကြားမှာ သူ အိပ်ပျော်သွားခဲ့တာပဲ..... သူ့ မှောက်အိပ်ထားတဲ့ စာရွက်တွေကို ပြန်ကြည့်ရင်း...

'' ကိုယ့်ကို ကွာရှင်းစာချုပ်မှာ ဘယ်လိုများလက်မှတ်ထိုးပြီးထားသွားနိုင်ရတာလဲ JaeHee ရယ်.... ''

ငိုနေတဲ့မျက်နှာ လေးပေါ်လာပြန်ပြီ

ခုချိန် JaeHee ဘယ်လိုနေမလဲသိချင်လာမိသည်..... သူနေတာ JaeHee အခန်းအောက်မှာ

ခဏလေး....ခဏမှ တကယ့် ခဏလေးပဲဖြစ်ဖြစ်.. သူ့ အခန်းရှေ့ သွားကြည့်ပြီးရင်.....ငါနေနိုင်လောက်မှာပါ....ဒီအချိန် အိပ်နေလောက်ရောပေါ့

If U Really Love Me,Where stories live. Discover now