Episode(3)
Jonginတစ်ယောက် စက်ဘီးနဲ့ထွက်သွားတဲ့ kyung sooကို နှင်းတွေကျနေတာတောင် သတိမထားမိဘဲ ငေးကြည့်နေမိတုန်းး အနောက်ကနေ 'ဟေ့ Kim Jongin မင်းလည်း ကျောင်းနောက်ကျတာလားဟ' အသံပြဲကြီးနဲ့ အော်လိုက်တာကို ကြားလိုက်တယ် သိလိုက်ပြီလေ
နှစ်ယောက်မရှိတဲ့အသံပိုင်ရှင် အာပြဲ ငchenဆိုတာ လှည့်ကြည့်စရာမလိုဘဲ တန်းသိတယ် ဒါပေမဲ့ သူရဲ့အော်သံက hyungကိုကြည့်နေရင်း ခုန်နေတဲ့ကျွန်တော်ရဲ့ရင်ခုန်သံတွေကို မလွှမ်းမိုးနိုင်ဘူးဖြစ်တယ် သူရဲ့အသံထက် ကျွန်တော်ရဲ့ရင်ခုန်သံတွေက ပိုကျယ်နေတယ်လို့ ခံစားရတယ်
လှည့်ကြည့်လိုက်တော့ အသံသာကြားနေရတာ လူကအဝေးကြီးမှာ သူကိုလက်ယမ်းပြနေတယ်
အကောင်သေးသလောက် အသံကတော့ စံတင်လောက်အောင် အသံအောင်ပြီး အရမ်းလည်း ခင်ဖို့ကောင်းတဲ့ ကျွန်တော်ရဲ့ငယ်သူငယ်ချင်း chenပါ
jongin:: 'ဟေ့chen မင်းအသံကလည်းကွာ လူတောင်မရောက်သေးဘူး အသံကအရင်ရောက်နေပြီ '
chenအနားရောက်လာတော့
chen:: ' ဟေ့ကောင် jongin မင်းငါကို လာမစနဲ့ ဒါနဲ့ဒီလောက်နှင်းတွေကျနေတာ ကျောင်းထဲမဝင်ဘဲ အပြင်မှာဘာရပ်လုပ်နေတာလဲ ဘယ်ကောင်မလေးကို ငမ်းနေတာလဲ မငမ်းဘူးလို့တော့ ငြင်းမယ်မကြံနဲ့ မင်းတစ်နေရာရာကို စိုက်ကြည့်နေတယ်ဆိုတာ ဟိုးအဝေးကြီးတည်းက ငါလှမ်းမြင်နေတယ် ဘယ်လိုလဲ အမှန်အတိုင်းသာဟြေတော့ Jongin'
jongin:: ' အင်းး ငါမငြင်းပါဘူးကွာ ဟိုးမှာတွေ့လား'
ဆိုပြီး သူတို့နဲ့ခပ်လှမ်းလှမ်းရောက်နေပြီဖြစ်တဲ့ hyungကိုညွှန်ပြလိုက်တယ်
chen:: ' စက်ဘီးစီးသွားတဲ့ကောင်လေး ကိုဟြေတာလား သူကဘာလို့လဲ'
jonginမျက်နှာငယ်လေးနဲ့ chenဘက်လှည့်ကာ
jongin:: ' သူက ငါ့ရင်ခုန်သံပဲchen'
chen:: ' Borr!!! ဘာဟြေလိုက်တာလဲ jongin'
jongin:: ' မင်းငါကို စိတ်ပျက်သွားတာလား ငါက ယောကျာ်းလေးချင်း စိတ်ဝင်စားနေတဲ့homoဖြစ်နေတာကို'
chen:: 'မင်းကိုစိတ်ပျက်တယ်လို့ ဟြေမိလို့လား လာcanteenသွားရအောင် အဲရောက်မှ သေချာဟြေပြကွာ'
chen jonginကို canteen ဆီခေါ်လာခဲ့တယ် jonginလည်း ထော့နှဲ ထော့နှဲနဲ့ chenနောက်ကို လိုက်လာခဲ့တယ် canteenဆီရောက်တော့ လူရှင်းတဲ့ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်လိုက်တယ်
chen:: 'ကဲဟြေပြကွာ မင်းသူကိုတွေ့တာ ဘယ်လောက်ကြာပြီလဲ သူကရော မင်းစိတ်ကို သိလား'
jongin:: 'ဒီနေ့မနက်မှ သူကိုစတွေ့တာ'
chen:: 'မြင်မြင်ချင်းအချစ်လားjongin ဒါဆိုအရင်ဆုံးသေချာအောင် လုပ်သင့်တယ်နော် သူနဲ့က ဘယ်လိုတွေ့တာလဲ'
jongin:: ' သူ့စက်ဘီးနဲ့တိုက်မိပြီး စတွေ့ဖြစ်တာ ငါခြေထောက်နာသွားလို့ သူကဆေးထည့်ပေးပြီး ကျောင်းပြန်လိုက်ပို့ပေးတာ ဒီမှာကြည့်စမ်း ငါထမင်းဘူးထဲက ထမင်းတွေမှောက်သွားလို့ သူကထမင်းဘူးပြန်ထည့်ပေးတာ'
chen:: ' အော် ဒါကြောင့်ကိုး အဲဒါကြောင့် ထမင်းဘူးနှစ်ခုဖြစ်နေတယ်လို့ထင်နေတာ'
jongin:: 'ငါသူနဲ့အတူတူရှိနေရင် နှလုံးသားက အရမ်းခုန်နေတာဟ '
chen:: 'ပတ်ဝန်းကျင်ကိုတောင် သတိမထားမိတော့ဘဲ သူကိုပဲ ကြည့်နေမိတယ်ဆိုပါတော့ '
jongin:: 'အမ် မင်းက ဘယ်လိုလုပ်သိတာလဲ'
chen:: 'ငါလည်း ရင်ခုန်သံရှာတွေ့ထားတယ်လေ'
jongin:: 'Wow. jinja!! မင်း မင်းလည်း တွေ့ထားတယ်ပေါ့လေ ငါမဟြေဘဲချန်ထားတယ်'
chen:: 'ဒီနေ့ပဲ ဟြေပြမလို့ပါဟာ ငါလည်း တစ်ဖက်သတ်ချစ်နေတုန်းဟ အခုမှာကြိုးစားမလို့ ညနေကျောင်းဆင်းရင် သူ့အချိန်ပိုင်း အလုပ်လုပ်တဲ့coffeeဆိုင်ဆီသွားမလို့ မင်းလည်း လိုက်ခဲ့'
jongin:: 'အင်း လိုက်ခဲ့မယ်လေ ဒါနဲ့သူက ကျောင်းတက်တုန်းပဲလား'
chen:: 'ဆေးကျောင်းသားလေ တော်တယ်နော် ဆေးကျောင်းတက်ရင်း အလုပ်လုပ်နေတာ သူမှာ သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့သူငယ်ချင်းကလည်း သူနဲ့အတူတူပဲ ဆေးကျောင်းတက်ရင်း အလုပ်လုပ်နေတာ'
jongin:: 'အားကျစရာပဲ ဆေးကျောင်းသားဆိုတော့ မင်းစိတ်ဝင်စားနေတာကလည်း boyပဲလား'
chen:: 'right. မင်းနဲ့ငါက ငယ်သူငယ်ချင်းလို့မဟြေရဘူး အကုန်အကြိုက်တူနေတယ် အဲဒါတွေထားပါတော့ မင်းထမင်းဘူးဖွင့်လိုက် ဘာတွေထည့်ပေးလိုက်တာလဲ'
jongin:: 'ထမင်းလိပ်လို့တော့ဟြေတယ် သူကိုယ်တိုင်လုပ်ထားတာတဲ့လေ'
'ဟုတ်လား ဒါဆိုမြည်းကြည့်ရအောင်' ဆိုပြီး ထမင်းလိပ်တစ်ခုကို chenယူစားလိုက်တယ်
jongin:: ' yarrr!!! chen. ငါတောင်မစားရသေးဘူး'
chen:: ' hee hee!!!
အရသာရှိတယ်ဟ ဒီနေ့ငါကျောင်းနောက်ကျရတာ ဒီနှင်းတွေကျနေလို့ အေးပြီး ငါအိပ်ရာထနောက်ကျတာ' ဆိုပြီး ကျဆင်းနေတဲ့နှင်းတွေကို ကြည့်ပြီး chen ဟြေနေတယ်
jongin:: 'ငါအတွက်ကတော့ ဒီနှင်းတွေက အရမ်းအဓိပ္ပါယ်ရှိတယ် နှင်းတွေကျနေတဲ့ ဒီမနက်ခင်းမှာ ငါနဲ့hyungက တွေ့ဆုံခဲ့ရတာ'
chen:: ' hyungလို့ခေါ်တာလား ဒါဆို မင်းထက်အသက်ကြီးတယ်ပေါ့ အဟွတ်အဟွတ် ရေ ရေဘူးပေး'
chen jonginထမင်းဘူးထဲက ထမင်းလိပ်တွေ ယူစားရင်း စကားဟြေလိုက်တာကြောင့် နင်သွားတယ်
jongin:: 'ရော့ရော့ ရေဘူးး သူစားတာနဲ့ ငါ့ထမင်းလိပ်တွေ ကုန်တော့မယ် သွားမယ် အတန်းတက်ရတော့မယ်' ဆိုပြီး ထမင်းဘူးကောက်သိမ်းပြီး jonginထွက်လာခဲ့တယ်
' yarr!! Kim jongin ငါကို စောင့်အုန်း' ဆိုပြီး chen ရေအမြန်သောက်ပြီး jonginနောက် ပြေးလိုက်သွားတယ်
ညနေကျောင်းဆင်းချိန်ရောက်တော့
' ဟေ့ကောင် chen ချီတက်ရအောင်' ဆိုပြီး chenပုခုံးကို ဖက်လိုက်ကာ jonginဟြေလိုက်တယ်
chen:: 'Ok. '
နှစ်ယောက်သား coffeeဆိုင်တစ်ခုကို ချီတက်လာကြတယ် coffeeဆိုင်ထဲရောက်တော့ jongin:: ' ဘယ်မှာလဲ မင်းhyungက' ထိုင်ရင်း မေးလိုက်တယ်
jonginဟြေလိုက်တာကြောင့် chenဆိုင်ထဲကို တစ်ချက်လိုက်ကြည့်လိုက်ပြီးတော့ 'ဟိုမှာ အသားဖြူဖြူ ပါးဖောင်းဖောင်းလေးနဲ့တွေ့လား ချစ်စရာလေးနော်' chenညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ waiterဝတ်စုံလေးနဲ့ ကောင်လေးတစ်ယောက်က သူတို့ဝိုင်းဆီလျှောက်လာတာကို တွေ့လိုက်တယ် အရပ်ကတော့ kyung soo hyungလောက်ပဲ ဆိုပြီး တွေးနေမိတယ်
waiter:: ' chen ရောက်လာပြီလား.ဒီတစ်ခါတော့ သူငယ်ချင်းလည်း ပါလာတယ်ပေါ့'
chen:: ' nae. xiumin hyung ကျွန်တော့်ငယ်သူငယ်ချင်းလေ kim jongin.
jongin ဒါက xiumin hyungလေ'
xiumin:: ' aww. တွေ့ရတာဝမ်းသာပါတယ် ဘာသောက်မလဲ chen. jonginရောပဲ'
jongin:: ' chenနဲ့ရင်းနှီးနေတာလား ဒီကောင်ကြည့်စမ်း လျှိုထားတယ် မိတ်ဆွေအသစ်ရနေတာကို'
xiumin:: 'ရင်းနှီးတယ်ဆိုတာ သိနေတာပါ ဆိုင်ကို အမြဲလာနေကျလူဆိုတော့'
jongin:: 'nae. သူက အမြဲလာမှာပေါ့ အကြောင်းရှိတာကို' ဆိုပြီး chenကို ကြည့်ကာ jonginပြုံးပြုံးစိစိလုပ်နေတယ်'
xiumin:: ' ဘာအကြောင်းလဲဟင်'
chen:: ' ဘာမှမဟုတ်ဘူးhyung ဒီလိုပဲ သူကနောက်နေကျ hyung ကျွန်တော်တို့နှစ်ယောက်အတွက် အမေရိကာနို နှစ်ခွက်ယူမယ်'
xiumin:: ' ကောင်းပြီလေ chen'
xiuminထွက်သွားတော့မှ
chen:: ' yarr!! chocoမင်းဘာတွေလျှောက်ဟြေမလို့လဲ မင်းနော် ငါနဲ့hyung အဆင်ပြေနေတာ မဖျက်ဆီးနဲ့'
jongin:: ' အေးပါ အာပြဲရာ' ဆိုပြီး jonginဟြေလိုက်တာကြောင့် chenပြန်ဟြေမလို့ပြင်တုန်း xiuminရောက်လာတာကြောင့် မဟြေလိုက်ရပါ
xiumin အမေရိကာနိုcoffeeနှစ်ခွက် လာချပေးပြီး လှည့်ထွက်ဖို့ လုပ်တော့
chen:: ' hyung ဒီနေ့hyungရဲ့သူငယ်ချင်းတွေကို မတွေ့ပါလား အလုပ်မဆင်းဘူးလား'
xiumin:: ' လာမှာပါ နောက်ကျမယ်လို့တော့ ဖုန်းဆက်ထားတယ် အေးဆေးသောက်ကြနော် hyungအလုပ်လုပ်အုန်းမယ်'
chen:: ' nae . hyung'
jonginတို့လည်း coffeeသောက်ပြီးသွားတော့ ဆိုင်ထဲက ထွက်ဖို့လုပ်တုန်း chen သူ့hyungနှုတ်ဆက်အုန်းမယ်ဆိုပြီး စကားသွားဟြေနေတယ် jonginလည်း တံခါးဝမှာစောင့်နေတုန်း တစ်စုံတစ်ယောက် တံခါးကို တွန်းဖွင့်ပြီး ဝင်လာတာကြောင့် jonginကို တံခါးနဲ့တိုက်မိပြီး jonginရှေ့ကို လဲကျသွားတယ် chenနဲ့xiuminလည်း အနားရောက်လာပြီး သူကိုဝင်ထူပေးတယ်
' Kyung sooမင်းကတော့ လုပ်လိုက်ရင် တလွဲချည်းပဲ' ဆိုပြီး xiuminဟြေလိုက်တဲ့စကားကြောင့် kyung sooဆိုတာ သူရဲ့hyungများလားဆိုပြီး jonginလှည့်ကြည့်လိုက်တယ် တွေ့လိုက်ပါပြီ
အားနာတဲ့အကြည့်တွေနဲ့ သူကိုကြည့်နေတဲ့ မျက်ဝန်းပြူးပြူးလေးတွေ ပြီးတော့သူကို မြင်တော့ မှတ်မိလို့ထင်တယ် ပွင့်လာတဲ့ အသည်းပုံနှုတ်ခမ်းလေး
kyung soo:: ' Jongin မှတ်လား'
jongin:: ' nae.hyung. hyungက ဒီမှာ အလုပ်လုပ်တာလား'
kyung soo:: ' အင်း ဟုတ်တယ် တောင်းပန်ပါတယ်နော် မင်း ငါကြောင့်ထိခိုက်တာ နှစ်ခါရှိနေပြီ'
jongin:: ' တောင်းပန်စရာမလိုပါဘူးhyungကလည်း မတော်တဆဖြစ်တာပဲကို'
xiumin:: ' နှစ်ယောက်သားက သိပြီးသားလား'
kyung soo:: ' ငါမနက်က စက်ဘီးနဲ့တိုက်မိတဲ့ ကောင်လေးလေ'
xiumin:: ' aww '
chenကတော့ ဘာမှဝင်မဟြေဘဲ သူကို *အဲဒါမင်းဟြေတဲ့ မင်းhyungဆိုတာလား* ဆိုတဲ့ အဓိပ္ပါယ်နဲ့ မျက်စပစ်ပြတယ် Jonginလည်း ခေါင်းပြန်ညိတ်ပြလိုက်တယ် နောက်ထပ်သေချာတဲ့ဖြစ်ရပ်တစ်ခုကတော့ ဒီcoffeeဆိုင်လေးမှာ Kim Jonginဆိုတဲ့ကောင်လေးတစ်ယောက် အမြဲcoffeeလာသောက်ဖြစ်တော့မယ်ဆိုတာပါ
###############################
နောက်ထပ်ဇာတ်ကောင်နှစ်ခုတော့ထပ်တိုးလာပြီ
kaisooအတွဲပဲဆိုရင် ဖတ်ရတာပျင်းနေမှာစိုးလို့ chenxiuထပ်ထည့်လိုက်တာပါ ဖတ်ပေးကြတဲ့Chinguတို့ gomarwo.