Episode(6)
Jonginဆေးရုံကဆင်းပြီးတဲ့နောက်ပိုင်း chenနဲ့jonginတို့လည်း အထက်တန်းဒုတိယနှစ် စာမေးပွဲဖြေရတော့မှာဆိုတော့ coffeeဆိုင်ဘက်ကို မသွားနိုင်တော့ဘဲ စာမေးပွဲအတွက် ပြင်ဆင်နေကြရတယ် chenနဲ့xiuminတို့ကတော့ ညတိုင်းဖုန်းအဆက်အသွယ်ကတော့ မပြတ်ဘူးလေ kyung soo hyungကတော့ ဆေးရုံကဆင်းပြီးနောက်ပိုင်း သူကိုတစ်ခါမှ အဆက်အသွယ်မလုပ်ခဲ့ဘူး ဒါပေမဲ့ hyungက သူတို့ပထမဆုံးတွေ့ဆုံခဲ့တဲ့နေ့ရောက်ရင် အဖြေပေးမဲ့ဆိုတော့ အဲနေ့ကိုပဲစောင့်နေမိတယ်
နောက်ဆုံးစာမေးပွဲဖြေပြီးတဲ့နေ့လည်း ပြီးရော
chen:: ' wow!!!.နောက်ဆုံးတော့ လွတ်ပြီဟေ့ xiuminနဲ့အပြတ်တွေ့လို့ရပြီ'
jongin:: ' ကျောင်းပြန်မဖွင့်မချင်းတော့ မင်းကဲလို့ရတယ် ကျောင်းပြန်ဖွင့်ရင်တော့ အထက်တန်းနောက်ဆုံးနှစ်ရောက်ပြီဆိုတာ မမေ့နဲ့'
chen:: ' အေးပါကွာ ငါတို့coffeeဆိုင်ဘက် ချီတက်ကြမလား'
jongin:: ' Let go! ငါလည်း kyung soo hyungမျက်နှာလေး မြင်ချင်လှပြီ'
chen:: ' OK!!'
coffeeဆိုင်ရောက်ရောက်ချင်း မန်နေဂျာဟြေလိုက်တဲ့စကားကြောင့် jonginအမောဆို့သွားတယ် 'kyung sooတို့က ဆေးကျောင်းexamနီးလို့ ခွင့်ယူသွားပြီ ' ဆိုတဲ့ စကားလေးပါ
chen:: ' ဟုတ်သားပဲ ငါမေ့သွားတာ ငါကို xiumin hyungဟြေပြတယ် examပြီးမှ ပြန်အလုပ်ဆင်းမယ် ဆိုပြီး မထူးပါဘူးရောက်လက်စနဲ့တော့ coffeeသောက်ပြီးမှ ပြန်ရအောင်'
jongin:: ' အေးပါကွာ'
jongin အဲနေ့က coffeeသာသောက်နေရတာ kyung sooမရှိတဲ့အတွက် သူအတွက်တော့ coffeeက အရသာပေါ့ရွှတ်နေတယ် အိမ်ကိုပြန်လာတော့ ခြံရှေ့မှာကောင်လေးတစ်ယောက် ရပ်နေတာကို jonginတွေ့လိုက်တယ်
jongin:: ' ငါတို့ခြံရှေ့မှာ ရပ်နေတဲ့သူက hyungနဲ့ တူလိုက်တာ'
ခြံရှေ့မှာရပ်နေတဲ့ကောင်လေးက jonginကိုလည်း မြင်ရော လက်ယမ်းပြပြီး jonginအနားကို ပြေးလာခဲ့တယ် ပြေးလာတဲ့ကောင်လေးကို jongin သေချာကြည့်လိုက်တော့ Do Kyung Soo ဖြစ်နေတာကြောင့် အရမ်းပျော်သွားပြီး ခြေလှမ်းတွေဆက်မလှမ်းတော့ဘဲ ရပ်စောင့်နေမိလိုက်တယ် kyung soo jonginနားကို ပြေးလာရင်း အနားလည်းရောက်ရော ခလုတ်တိုက်ပြီး jonginရင်ခွင်ထဲကို တန်းဝင်သွားတယ် jonginကတော့ ရလာတဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချလိုက်တယ် ရင်ခွင်ထဲက သူ့hyungသေးသေးလေးကို မလွတ်တော့ဘူးလေ တစ်ယောက်ရင်ခုန်သံကို တစ်ယောက်အတိုင်းသား ကြားနေရတယ် အဲလိုအခြေအနေမျိုးနဲ့ နှစ်ယောက်သားခဏငြိမ်နေပြီးမှ kyung soo jonginရင်ခွင်ထဲကနေ ရုန်းထွက်လိုက်တယ်