Episode(9)
အကျဉ်းထောင်ဘက်မှာတော့ လူနာတင်ကားတွေလည်း အများကြီး ဆိုက်ရောက်နေခဲ့တယ် လူတွေလည်း ဟိုပြေးဒီပြေးနဲ့ ရှုပ်ယှက်ခတ် ဆူညံနေချိန်မှာတော့ လူနာတင်ယာဉ်တစ်စီးက ဆူညံနေတဲ့အကျဉ်းထောင်နဲ့ဝေးရာကို မောင်းနှင်နေခဲ့တယ် အဲယာဉ်ပေါ်မှာကတော့
*kyung sooရာ ငါမင်းဆီ လာပြီ**flash back start*
june:: ' အစ်ကို လုပ်ငန်းစဖို့အချိန်ရောက်ပြီ'
black:: ' မင်းဟြေတဲ့ပစ္စည်းရပြီလား အဲပစ္စည်းကို မင်းဘယ်လိုယူမှာလဲ '
june:: ' ကိစ္စမရှိပါဘူး အစ်ကိုနည်းနည်း ကူညီရင် ရပြီ'
black:: ' ဘာလုပ်ပေးရမလဲ'
june:: ' ခဏနေ သန့်ရှင်းရေးတွေလုပ်ဖို့ တာဝန်တွေ ခွဲရင် ကျွန်တော်ကို သန့်စင်ခန်းဘက်ကို တာဝန်ပေး
hyungကတော့ မီးဖိုချောင်ဘက်မှာ တာဝန်ယူလိုက်ပါ ပစ္စည်းရရင်hyungဆီလာပေးမယ်'
black:: ' အဲပစ္စည်းက ဘာလဲ ငါကဘယ်လိုလုပ်ရမှာလဲ'
june:: ' ကျွန်တော်လူက သန့်စင်ခန်းထဲမှာ ထည့်ခဲ့တာ သူနာပြုဝတ်စုံနှစ်ခု နဲ့ ဆေးပုလင်းတစ်ခု
အဲပုလင်းကိုရဖို့ တော်တော်စောင့်နေရတာ '
black:: ' ငါကိုပေးမဲ့ဟာက အဲဒီဆေးပုလင်းလား'
june:: ' ဟုတ်တယ် hyungက အဲဆေးကို ဟင်းအိုးထဲထည့်လိုက်ရုံပဲ ပြီးတော့ အဲအစားအစာကို hyungလုံးဝမစားပါနဲ့'
black:: ' ညကျရင် သိလာမှာပါ'တာဝန်တွေခွဲတော့ စီစဉ်ထားတဲ့အတိုင်း
juneက သန့်စင်ခန်းဘက်ကို သန့်ရှင်းရေးလုပ်ဖို့ ထွက်လာခဲ့တယ် သူအထဲမှာ သန့်ရှင်းရေးဝင်လုပ်တော့ သူဘေးနားက အစောင့်တွေက အပြင်မှာကျန်ခဲ့တယ် juneလည်း ဘေစင်အောက်ကိုကြည့်လိုက်တော့ ဘေစင်အောက်ဖက်မှာ သေချာကပ်ထားတဲ့အထုတ် တစ်ခုကို တွေ့လိုက်တယ် juneလည်း အဲအထုတ်ကိုယူပြီး သန့်ရှင်းရေးလှည်းထဲမှာ ဖွက်ထားလိုက်တယ် နောက်တော့ သန့်ရှင်းရေးလုပ်ပြီး ပြန်ထွက်လာခဲ့တယ်အစောင့်တွေအလစ်မှာ juneတစ်ယောက် မီးဖိုချောင်ဘက်ကို ထွက်လာပြီး blackလက်ထဲကို ထည့်ပေးလိုက်တယ်
*ကလင် ကလင် ကလင်* ဆိုတဲ့ခေါင်းလောင်းသံနဲ့အတူ ထမင်းစားဆောင်ထဲကို အကျဉ်းသားတွေ ဝင်ရောက်လာကြတယ် juneနဲ့blackလည်း အပါအဝင်ပေါ့ ကိုယ့်ညစာအတွက် အသင့်ထည့်ပြီးသား ဗန်းလေးတွေကို ယူပြီး အခြားသူတွေစားသောက်နေချိန်မှာ juneနဲ့blackကတော့ တစ်စက်မှ မထိခဲ့ပါ