စင်ပေါ်မှာ ကောင်လေးချောချော ၁၂ယောက်ဟာ ဆုတံဆိပ်တွေကိုင်ပြီး ပျော်ရွှင်မြူးတူးနေတယ် သူတို့ပရိတ်သတ်တွေနဲ့အတူပေါ့ ထိုမြင်ကွင်းကိုကြည့်ပြီး KYM မခံစားနိုင်တော့ဘူး ချုပ်တည်းထားတဲ့ ဒေါသတွေအကုန် ထွက်လာတော့တယ် Exoဆိုတာ သူတို့ကုမဏီအတွက် ငွေတုံးငွေခဲကြီးပါ ဒါပေမယ့် KYM ကတော့ အရမ်းမုန်းပါတယ် သူ့မှာမုန်းရခြင်း အကြောင်းပြချက်လည်း ကောင်းကောင်းရှိပါတယ် လှို့ဝှက်ခန်းထဲကို သူဝင်သွားခဲ့တယ် ပြီးနောက် မီးခံသေတ္တာထဲက ဖန်လုံးတစ်လုံးကို ယူလိုက်လိုက်တယ် အစီအရင်တွေ ပြည့်နှက်နေတဲ့ စားပွဲအလယ် ဖန်လုံးကိုချထားတယ် သူ့လက်ကို ဓါးဖြင့်ခွဲကာ ဖန်လုံးအပေါ် သွေးစက်များချကာ ကျိန်စာကိုစတင်လိုက်တယ်
*******************************
LiuLiuနယ်မှာအတော်လေးကို ပျော်ရွှင်ခဲ့ပါတယ် Sefieပေါင်း မြောက်မြားစွာရိုက်ရင်းပေါ့ တခုပဲ အင်တာနက်လိုင်း မကောင်းလို့လားမသိ Facebookတွေ Twitterတွေ တခုမှကို တက်မလာ MPTကိုတောင် မေတ္တာပို့မိပါသေး LiuLiuရန်ကုန်ကို ပြန်လာချင်တဲ့ အဓိကအကြောင်းရင်းကတော့ အင်တာနက်သုံးဖို့ပါပဲ ရန်ကုန်တိုင်းအဝင်ဝထိ ဘာမှကိုမထူးခြားသေးတာပါ Tour Gateနားလည်းအရောက် "ဟင် ငါတို့ရန်ကုန်မြို့ကြီးက မြူတွေအရမ်းဆိုင်းနေပါ့လား" အုံ့မှိုင်းမှိုင်း ကောင်းကင်ကြီးကိုကြည့်ရင်း LiuLiu ကြက်သီးမွှေးညှင်းတောင် ထလာတယ် ဒီလိုနဲ့ပဲ ဒဂုံဧရာ အဝေးပြေးဂိတ်ကို သူမစီးလာသော Expressကားလေး ဆိုက်ရောက်ပါတော့တယ် လမ်းပိတ်တတ်သော ရန်ကုန်ထုံးစံအတိုင်း သူမတို့အိမ်က လာကြိုမည့်ကားမှာ မရောက်သေးဘူး ထင်ပါရဲ့ အဲ့ဒါနဲ့ပဲ အထုတ်ကလေးတွေကို ကားရပ်မည့်နေရာနဲ့ လွတ်အောင်ချပြီး ရပ်နေတုန်း သူမနောက်အနားက "ရှေ့ကအစ်မလေး မြောင်းမြလား ပုသိမ်လား ငွေဆောင်လား ဘယ်သွားမှာလဲ" ထိုအသံသြသြကို ကြားဖူးပါတယ်ဆိုပြီး လှည့်အကြည့် "Ohhhhh my god" ဂိတ်ထဲမှာထိုင်ပြီး သူမကို သွားဖြီးပြနေတဲ့ ကောင်လေးက Chanyeolနဲ့ ချွတ်စွပ် သူမမယုံနိုင် ဖြစ်သဖြင့် အနားသွားကြည့်လေသော် "ကဲ အစ်မထိုင်ပါ ဘယ်သွားမှာလဲ ပုသိမ်လား ငွေဆောင်လား" သူမေးတာကို LiuLiuမဖြေအား "ရှင်က Chanyeolနဲ့ တူလိုက်တာနော်" "ကျနော်က Chanyeolပဲလေ" "ဘယ်လို" LiuLiuမျက်လုံးပြူးပြီး နောက်ကဆိုင်းဘုတ်ကို ကြည့်တော့မှ (PCY အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး)တဲ့ LiuLiu ပါးစပ်အဟောင်းသား ဖြစ်သွားတယ် "ရှင်က Chanyeol fanboyလား" "အမ် ကျနော်က Chanyeolလေ" ကောင်လေးက သူမကို အူကြောင်ကြောင်လုပ်တယ်လို့ သူမထင်လိုက်သည် တခြားကောင်တွေဆို ပါး၂ပြန်လောက် ချပလိုက်မည် ဖြစ်သော်လည်း ဒီကောင်လေးက Chanyeolနဲ့ ချွတ်စွတ်တူပြီး အရမ်းချောနေလို့ (Nbပြီး) ခွင့်လွှတ်လိုက်ပါ့မယ် ထိုPCYကားဂိတ်ထဲက ထွက်လာတော့ LiuLiuဗိုက်ဆာတာနဲ့ အနီးဆုံးလက်ဖက်ရည်ဆိုင်ထဲ ပြေးဝင်သွားပြီး "အစ်ကို ကော်ဖီတစ်ခွက်နဲ့ ပေါက်ဆီတစ်လုံး" "ပေါက်ဆီက ကြက်လားဝက်လား" သူမမော့ကြည့်လိုက်တော့ မျက်လုံးထပ်ပြူးရပြန်တယ် "ဟင် Xiumin" ကောင်လေးက မျက်မှောင်ကုတ်ပြီး သူမကိုကြည့်တယ် "ဟုတ်ပါတယ် ကျနော် Xiuminပါ အမ ဘာစားမှာလဲ ကြက်လား ဝက်လား" "ကြက်သားနဲ့ပါ" Xiumin လာချပေးတဲ့ ကော်ဖီနဲ့ပေါက်ဆီစားရင်း Xiuminကိုကြည့်ကာ LiuLiuစဉ်းစားခန်းတွေ ဖွင့်သွားတယ် (ငါExo videoတွေ ကြည့်ပါများလို့ ဂေါက်များသွားတာလား ကားဂိတ်မှာ Chanyeolတွေ့သလို လက်ဖက်ရည်ဆိုင်က လူကို Xiumin ထင်နေပြန်ပြီ စိတ်ထိန်း စိတ်ထိန်း) ထိုစဉ် Xiuminက သူမကို စကားလာပြောသည် "အမကို အိမ်က လာကြိုမှာလား Taxiငှားပြန်ရမှာလား" "အွန် ဘာလဲ အိမ်ကလာမကြိုရင် ကျမကို Taoက Laborghiniကားနဲ့ လိုက်ပို့မှာလား" LiuLiuကတော့ စိတ်ရှုပ်ရှုပ်ဖြင့် တမင်ရွဲ့ကာ ပြောလိုက်သော်လည်း Xiuminကတော့ အတည်ထင်လျှက် "ဟုတ် ပို့ပေးမှာပေါ့ သူကဈေးမှန်တယ် ပိုမတောင်းတတ်ဘူး" ပြောပြောဆိုဆိုနဲ့ ဆိုင်ရှေ့ထွက်သွားကာ ဟိုဘက် ပလက်ဖောင်းနားမှာ ရပ်နေသည့်သူကို လက်ပြကာ ခေါ်လိုက်သည် အရပ်မြင့်မြင့် စတိုင်မိုက်မိုက် ထိုသူက သူမခရီးဆောင်အိတ်ကို လာဆွဲပေးရင်း "အမ ဘယ်ကိုသွားမှာလဲ" *************** LiuLiu ကားပေါ်ကနေ သူမအိမ်ကို ဖလန်းဖလန်းထပြီး phဆက်သည် "အမေရေ သမီးကို လာမကြိုခိုင်းနဲ့တော့ အမေ့သမီး Laborghini ကို taxi လုပ်ပြီး စီးလာခဲ့ပြီ ခိခိခိခိ" ဟိုဘက်က သူမအမေကတော့ အာမေဋိတ်သံမျိုးစုံထွက်ကာ အံ့သြလျှက်
****************************
to be continued
ကျမအနေနဲ့က ဟာသရေးဖူးပေမယ့် Horror တခါမှမရေးဖူးတဲ့အတွက် လိုအပ်ချက်တွေ များမှာပါ ဖတ်ကြည့်ပြီး နောက်အပိုင်းအတွက် ဝေဖန်အကြံပေးကြပါအုံး
KAMU SEDANG MEMBACA
Once Upon A Time (Exo Version)
Horrorတခါတုန်းက ကောက်ကျစ်တဲ့စုန်းထီး KYMဟာ Exo12ယောက်နဲ့ Exolတွေကို ကျိန်စာတိုက်လိုက်တယ် ကျိန်စာအစွမ်းကြောင့် Exo12ယောက်ဟာ အတိတ်မေ့နေပြီး Fanတွေကလည်း သူတို့ကို မမှတ်မိကြပဲ ရန်ကုန်မြို့ထဲမှာပဲ တဝဲလည်လည် ဖြစ်နေတယ် အဖြစ်မှန်အားလုံးကို သိနေတဲ့သူက ဘယ်သူလဲ ကျိန...