Once Upon A Time (စီးတော်ယာဉ် အပြောင်းအလဲ)

436 57 21
                                    

Taoတစ်ယောက် LiuLiuအိမ်သို့ ပို့ပေးအပြီး သူမအိမ်ထဲကို လှစ်ခနဲ ဝင်သွား အထုတ်အပိုး သွားချတာ ၁မိနစ်တောင်မကြာ ချက်ချင်း Taoဆီပြန်ရောက်လာပြီး

"oh မြန်လိုက်တာ အမရယ် ခရီးဝေးက ခုမှပြန်ရောက်တာ ထမင်းလေးဘာလေး စားပြီးမှလာလည်း ရပါတယ် ကျနော် စောင့်ရတာ ပြသနာမရှိပါဘူး"

"အို Exoလေးတွေနဲ့ တွေ့ရမှာပဲဟာ တစ်မိနစ်တောင် မစောင့်နိုင်တော့လို့ ရေတောင်မသောက်ခဲ့ဘူး အားတွေပြည့်နေတာ ဟီး ဟီး"

သွား၃၂ချောင်းပေါ်အောင် ဖြီးထားပြီး ဟိုအကောင် ဟိုအသီးရနေသော LiuLiu မျက်နှာကိုကြည့်ပြီး Taoကတော့ ဆိုင်းဘုတ်တစ်ခုကို မျက်စိထဲမြင်ယောင်လိုက်သေးသည် (6600 Volts အန္ဒရာယ်ရှိတယ်)

"ကဲပါ အမရယ် အမက အာဟာရသိဒ္ဓိပြီး အငတ်ခံနိုင်ပေမယ့် ကျနော်ကတော့ ဗိုက်ဆာနေလို့ စားသောက်ဆိုင်တစ်ဆိုင် အရင်သွားရအောင်"

******************

စားသောက်ဆိုင်ဆိုင်းဘုတ်ကိုကြည့်ပြီး LiuLiuမျက်လုံးပြူးသွားသည်

"Y.X.K.O ဘယ်လို YKKOမဟုတ်ဘူးလား ဆိုင်နာမည်က မှားနေသလားလို့"

"မမှားပါဘူး အမရဲ့ ဒီဆိုင်နာမည်ကိုက YiXing Kyay Ooh တဲ့"

"ဘာာာာ YiXingကြေးအိုး"

LiuLiuရင်အခုန်လွန်ပြီး အသံtone မြင့်သွားသောကြောင့် Taoတောင် လိပ်ပြာလွင့်ချင်သွားသည် အော်ချင်တာ အော်ပြီးနောက် ပြာယာခတ်ကာ ဆိုင်ထဲသို့ ပြေးဝင်သွားတော့၏ သူပေါက်ကရတွေ လျှောက်လုပ်မည်စိုးသဖြင့် Taoပါ သူ့နောက်က အမြန်လိုက်သွားရသည် ဆိုင်ထဲဝင်ဝင်ခြင်း မြင်လိုက်ရသည့် မြင်ကွင်းကားး LiuLiu တယောက် မှာစားသည့် ခေါက်ဆွဲကိုမကြည့် ဆိုင်ရှင်ကိုကြည့်ကာ စိုင်းဆိုင်မောသီချင်း ဆိုပြနေသည်

"ဒီခေါက်ဆွဲ ကောင်းလို့လည်း စားတာပါ ဆိုင်ရှင်လေး ချောလို့လည်း သွားတာပါ"

LiuLiu၏Feelတက်နေချိန်ကို Tao၏ချောင်းဟန့်သံကြီးက ဝင်ရောက်နှောက်ယှက်လိုက်သည်

"အဟွန်း အဟမ်း လာရင်းကိစ္စလည်း မေ့နေအုံးမယ်"

"အမလေး သိပါဒယ် (ခေး ခေးလိုမနေ လူကြီးတေ နှစ်ပါးသွားကနေချိန် ပဲကြီးလှော် ဝင်ဝင်ကောက်တယ်) ကိုကိုYiXingဆီကို ညီမတို့လာရခြင်း ကိစ္စကတော့&##$%%$"

LiuLiuရဲ့ စကားအဆုံးမှာ YiXingရဲ့ အိပ်ချင်မူးတူး မျက်လုံးလေး အသက်ဝင်လာပါတယ်

"ဗျာ ကျနော်က ကြေးအိုးဆိုင်ပိုင်ရှင် မဟုတ်ပဲ နာမည်ကြီးအဆိုတော်ဟုတ်လား အဲဒါကြောင့် ကျနော့်စိတ်ထဲတမျိုးဖြစ်ဖြစ်နေတာ ဒီအလုပ်နဲ့ သိပ်မရင်းနီးသလိုလို ဖြစ်နေတာကိုး"

YiXingစကားကို အလိုက်မသိသော Taoက ဝင်ထောက်သည်

"ပျင်းရင်ပျင်းတယ် ပြောပါဗျာ ခါတိုင်းနေ့ဆို အစ်ကိုအိပ်ငိုက်နေလို့ အစ်ကိုညီဝမ်းကွဲ D.O ချက်ရတာများ"

"ဟယ် LiuLiuလာတဲ့ ဒီနေ့မှ ကိုကိုYiXingက တကူးတက ချက်ပေးတာလား ခိခိ Romance ဖြစ်လွန်းလို့ ပီတိဖြာလိုက်ထှာ ဒါနဲ့ D.Oလေးလည်း ရှိတယ်ဆို မတွေ့ပါလား"

"အော် သူကYUFLမှာ Koreaဆရာ လုပ်နေတယ်လေ အခုက စာသင်ချိန်မို့လို့ ဒီမှာမရှိတာပါ ကျောင်းဆင်းရင် တွေ့ပါလိမ့်မယ်"

"ဘယ်လို UFLမှာ ဆရာလုပ်နေတယ် omo သေလို့ရပြီ Dora တို့တော့ ရွကောင်းနေမှာ အဲ ဟုတ်သေးပါဘူး သူတို့တွေ အတိတ်မေ့နေတော့ မှတ်မိမှာမှ မဟုတ်တာ"

ညှိးငယ်အားလျော့သွားတဲ့ LiuLiu လက်ကလေးကို Layကဖွဖွလေးကိုင်ကာ (LiuLiuတော့ သေလို့ရပီ)

"အားမငယ်ပါနဲ့ ညီမရယ် ဒီကိစ္စကို အစ်ကိုတို့ အားလုံးတူတူလက်တွဲပြီး ဖြေရှင်းကြမှာပါ EXO ဆိုတဲ့အဖွဲ့ နေရာမှန်ပြန်ရဖို့ EXOLလေးတွေ ရင်ထဲပြန်ရောက်ဖို့ အစ်ကိုတို့ကြိုးစားမှာပါ"

"အဟင့်ဟင့် အားကိုးပါရစေ ကိုကိုရယ်" LiuLiuတဲ့ ဘယ်ရမလဲ အခွင့်အရေးရတုန်း အမိအရယူသည့်အနေဖြင့် ရင်ခွင်ထဲပါ ဝင်အောင်းငိုမည်အလုပ်

"ဟိုး ထား ကတ် ကတ်"

ချိုင့်ကြီးဆွဲလာသော Kaiအသံကြောင့် ထိုအကြံပျက်သွားပါ၏ LiuLiu အတွေးမှာတော့ (ကောင်းခန်းကျမှ ချောကရက် ကြော်ငြာကဝင်ရသေး)

"အစ်ကိုChenဆီခေါ်သွားရမယ့် မိန်းကလေးဆိုတာ ဟောဒီက အမကြီးလား"

Kaiမေးသည်ကို Taoဖြေပါသည်

"အေး ဟုတ်တယ် နောက်ပြီးတော့ သူ့ကို တခြားသူတွေဆီပါ လမ်းကြုံဝင်ပို့ပေးလိုက်ပါ"

"အော် အင်း အင်း"

သို့နှင့် LiuLiu၏ Exoများနှင့် တွေ့ဆုံခြင်း ခရီးစဉ်လေးသည် Laborghiniပြိုင်ကားနှင့် မဟုတ်တော့ပဲ Pet Shop ဆိုင်ရှင်လေး Kai၏ ခါးကိုဖက်တာ (ချောကရက် အတောင့်ကြီးတော့) ဝပ်သောက်ဆိုင်ကယ် ဖွတ်ချဲ့ဖွတ်ချက်လေးနှင့်----------

to be continued

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Mar 23, 2016 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Once Upon A Time (Exo Version)Tempat cerita menjadi hidup. Temukan sekarang