Lamborghini ကြီးကို စတိုင်ကျကျမောင်းနေတဲ့ Taoကိုကြည့်ပြီး LiuLiu မေးလိုက်တယ်"ကားကို ဒီထက်ပိုပြီး ခပ်နှေးနှေးမောင်းပေးလို့ မရဘူးလားဟင်"
Taoရဲ့ ပန်ဒါမျက်လုံးတွေ ပြူးသွားတယ် ဟုတ်တယ်လေ ရန်ကုန်ရဲ့ ကားပိတ်နှုန်းနဲ့ 4ပေတခါရွေ့ လုပ်နေရတာတောင် သူကဖြေးဖြေးမောင်းပါဆိုတော့ Taoမအံ့သြပဲ နေပါ့မလား ဒါပေမယ့် LiuLiuနေရာ ကြည့်ပြန်တော့လည်း သူမက Taoနဲ့ လူရောနာမည်ပါ တူတဲ့လူကို ဘေးမှာထားပြီး အကြာကြီး နေချင်တာပေါ့ နောက်ပြီး ဒီလိုကားအကောင်းစားမျိုးပေါ် Taxiခလောက်နဲ့ ထိုင်ရနည်းသလား Tao စိတ်ရှုပ်မိပေမယ့် customerဆန္ဒကို လိုက်နာပြီး ဘီးကိုတလှိမ့်ခြင်းလှိမ့် မောင်းပါတယ် လိုင်းကား အိမ်ကား ဆိုက်ကားပါမကျန် သူတို့ကားကို ကျော်တက်သွားကြပါတယ် လမ်းပိတ်သလို ဖြစ်နေလို့ မေတ္တာအပို့လည်း ခံရပါတယ် နောက်ဆုံး ယာဉ်ထိန်းရဲပါ တားဖမ်းတဲ့အဆင့် ရောက်သွားပါတယ်
****************
လှည့်ကင်းဆိုင်ကယ်ပေါ်က စမတ်ကျကျဆင်းပြီး သူမတို့ဆီ လျှောက်လာတဲ့ ဖြူဖြူချောချော ယာဉ်ထိန်းရဲကိုကြည့်ပြီး LiuLiu မေ့တောင်လဲချင်သွားတယ်"Sehun"
"ဟုတ်ကဲ့ ကျနော် Sehunပါ ဒီနေ့ လှည့်ကင်းတာဝန်ကျလို့ လှည့်စစ်နေတာ ခင်ဗျားတို့ကားက ဘာဖြစ်တာလဲ ပျက်နေရင်လည်း လမ်းဘေးချရပ်လိုက်ပါလား တခြားကားတွေ အနှောက်အယှက် ဖြစ်လို့ပါ"
Sehunက တာဝန်အရပြောနေသော်လည်း fanဖြစ်သူ LiuLiu မှာတော့ အရူးထလျှက်
"Sehunnie လက်မှတ်လေးထိုးပေးပါ ဓါတ်ပုံတွဲရိုက်ပါရစေ အဲဟုတ်ပေါင် ဖုန်းနံပါတ်လေးဖြစ်ဖြစ် ပေးခဲ့ပါလားဟင်"
KAMU SEDANG MEMBACA
Once Upon A Time (Exo Version)
Hororတခါတုန်းက ကောက်ကျစ်တဲ့စုန်းထီး KYMဟာ Exo12ယောက်နဲ့ Exolတွေကို ကျိန်စာတိုက်လိုက်တယ် ကျိန်စာအစွမ်းကြောင့် Exo12ယောက်ဟာ အတိတ်မေ့နေပြီး Fanတွေကလည်း သူတို့ကို မမှတ်မိကြပဲ ရန်ကုန်မြို့ထဲမှာပဲ တဝဲလည်လည် ဖြစ်နေတယ် အဖြစ်မှန်အားလုံးကို သိနေတဲ့သူက ဘယ်သူလဲ ကျိန...