Aerry : doctor ကျမ ကိုယ်ဝန်က ဘယ်လိုစိုးရိမ်စရာအခြေအနေလဲ ဟင် ကျမကလေးလေးမှာများရောဂါတစ်ခုခု~~~~~~~
အဲ့လိုမျိုးမဟုပ်ပါဘူးရှင် စိုးရိမ်စရာဆိုတာက မိခင်အပေါ်မှာဖြစ်နေတာပါ မိခင်က stress တေများနေတယ် ပြီတော့ ကိုယ်ဝန်ဆောင် မိခင်မှာheart attack ပုံစံမျိုးရှိနေတယ်မိခင်မီးဖွားခွင့်က 30%ဘဲ ရှိမယ် သေချာစဉ်းစားပါနော် ကလေးအသက်ရှင်ဖို့ က 70%ရှိပေမယ့် မိခင်အတွက်ကတော့ တော်တော်ကြိုးစားရပါမယ်
doctorပြောလိုက်တဲ့စကားတေက နားထဲမှာပဲ့တင်သံထပ်နေသလို ငါ့ကလေးလေး လူ့လောကထဲရောက်ရင် အဖေမရှိတဲ့ ငါ့ကလေးလေးကို ဘယ်သူကစောင့်ရှောက်မှာလဲ ငါကထွက်သွားရမှာတဲ့ ha ha haမိခင်အသက်ရှင်ဖို့က 30% arrr ~~~ ahhhh ရက်စက်လှချီလား ဟင် ငါဘာတေမှားယွင်းခဲ့လို့လဲ မကြာခင်လူ့လောကထဲရောက်လာမယ့် ငါ့ ကလေးက ဒီလောက်ကံဆိုးစေရတာလဲ wae?~~~~wae?••• wae?----
အရူးတစ်ပိုင်းအော်ဟစ်ငိုကြွေးနေတဲ့သူမရဲ့မျက်ရည်တေကို မြစ်ကို ဖြတ်ကာခပ်ကြမ်းကြမ်းတိုက်ခတ်လာသောလေစိမ်းများက ခြောက်သွေ့အောင် ပြုနေသဖွယ် အဆက်မပြတ်စီးဆင်းနေသောရေအလျင်ကတော့သူမရဲ့မျက်ရည်တေပိုမိုကျဆင်းအောင် ပြုလုပ်နေသလို
မြစ်ကမ်းတလျှောက်လမ်းလျှောက်နေကြသော ချစ်သူစုံတွဲတေကတော့ သို့လောလောအကြည့် မျိုးစုံဖြင့် ကြည့်သွားသော်လည်း သူမ ဂရုမစိုက်နိုင်ပါ ခုချိန် သူမရင်ထဲကလောင်ကျွမ်းနေတဲ့အပူက ဘာကိုမှဂရုမစိုက်နိုင်အောင် တစ်ကိုယ်လုံးကိုလွှမ်းခြုံထားတာလေ ကံ ကိုသာ အပြစ်ဖို့ အော်ဟစ်ကျိန်ဆဲရင်း ဝေသနာတေ မဆိုသလောက်လေးပြေပျောက်မှ သူမတိုက်ခန်းရှိရာပြန်လာခဲ့တယ်
~~~~~~~~~~~~
~~~~~~~~~~~~~~~~
တစ်ဖက်မှာလဲချိုမြိန်လှတဲ့ချစ်ခြင်း ကြည်နူးခြင်း ပျော်ရွှင်ခြင်းတေနဲ့ပြည့်နှက်လို့ရယ်ကလေးငယ်လေးနှယ် ရင်ခွင်ထဲတိုးကာအိပ်ပျော်နေတဲ့ သူ့ ကလေးလေးကို မနိုးရက်ပေမယ့် မနိးလို့ကလဲမရတော့ ကြည်လင်နေတဲ့မျက်နှာပေါ်ကနူးညံ့ အိစက်နေတဲ့ ပါးလေးကို ခပ်ဖွဖွ ကိုင်ကာ
