အချစ်ဖြစ်တည်လေသလား? ( ep 2 )

685 83 4
                                    

ကျွန်တော့်ဘဝတော့ ရေတိမ်မဟုတ်တဲ့ ရေတွင်းနက်နက်ထဲမှာနစ်နေရပြီ ထင်ပါရဲ့ တစ်ခါမှလည်းမမြင်ဘူး မတွေ့ဘူးတဲ့သူဆီမှာ ကိုယ့်ဘဝကိုရောင်းစားခံလိုက်ရပြီဆိုတဲ့အဖြစ်က မဆိုးပေဘူးလား ကျွန်တော်သူ့နာမည်လည်း မကြားဖူးပါဘူး သိလည်းမသိပါဘူး Soo ခေါ်လိုက်တာကတော့ " သခင်လေး "တဲ့လေ ................
သူ့မျက်နှာရဲ့ အေးဆေးတည်ငြိမ်မှုနဲ့ အရောင်တောက်တဲ့မျက်လုံးလေးတွေ နှင်းဆီဖူးသဖွယ် ရဲနေတဲ့ သူ့နှုတ်ခမ်းလေးတွေ အချင်းချင်းက လှပမှုကိုသရုပ်ဖော်ပြီး သူဘယ်လောက်ချောတယ်ဆိုပြီး သက်သေပြုနေပေမယ့် သူ့ရဲ့ခပ်ရင့်ရင့်စကားလုံးတွေအောက်မှာမူတည်ပြီး ကျွန်တော့်ရဲ့စိတ်ကိုပြောင်းလဲစေပါတယ် သူသာကျွန်တော့်ကိုဖေးမပြီး စကားကောင်းကောင်းပြောခဲ့ရင် ဒီလိုအထက်စီးဆန်တဲ့အမိန့်တွေမပေးခဲ့ရင် ကျွန်တော့်မသိစိတ်က ခင်ဗျားကို သဘောကျမိနေမှာပါ ...............
~~~~~~~~~~~ Kingdom ~~~~~~~~~~~~~~
ဒေါက် .....ဒေါက်.......ဒေါက်
" သခင်လေး ကျွန်တော်တို့ဝင်လာပါရစေ " အထိန်းတော်ကြီးရဲ့စကားနဲ့အတူ သူ့ဘက်ကဝင်လာခဲ့ ဆိုတဲ့စကားကြောင့် ကျွန်တော်ရေ အထိန်းတော်ကြီးပါ သူ့အခန်းထဲကိုဝင်သွားမိတယ်
" အထိန်းတော်ကြီး သွားလို့ရပြီသူ့ကိုထားခဲ့ "
" ဟုတ်ကဲ့ပါ သခင်လေး "
အထိန်းတော်ကြီးထွက်သွားတဲ့နောက်မှာ သူ ကျွန်တော့်ကိုစကားစလိုက်တော့သည်
" ထိုင်လေ ဘာရပ်လုပ်နေတာလဲ "
ကျွန်တော် ယောင်လည်လည်နဲ့ သူနဲ့မလှမ်းမကမ်းကခုံတွင်ဝင်ထိုင်မိသည်
" ဒီမှာ မင်းကိုဘယ်သူကခုံမှာထိုင်ခိုင်းလို့လဲ မင်းကငါတို့နဲ့မျိုးရိုးတူလို့လား မင်းအခုချိန်ကစပြီး ငါ့ခြေထောက်နားမှာ အမြဲထိုင်ပြီး ခစားရမယ် "
" ဒါကရော ဘာလဲ ကျွန်တော်စိတ်နာအောင်တမင်လုပ်တဲ့တိုက်စစ်ပဲလား ဟုတ်ပါတယ် ကျွန်တော်တို့ကသူဆင်းရဲပါ ဒါကြောင့်လည်း ခင်ဗျားဝယ်ခဲ့ပြီးပြီပဲ " သူမသိအောင်ကျွန်တော့်စိတ်ကိုအားတင်းကာအာရုံထဲ၌တီးတိုးပြောမိလိုက်သည်
ကျွန်တော်သူ့ခြေရင်းနားမှာကျုံ့ကျုံ့လေးထိုင်နေလိုက်ကာမှ " မင်းနာမည်ဘယ်လိုခေါ်လဲ ကောင်လေး "
ကျွန်တော် ချက်ချင်းဆိုသလိုပဲပြန်ဖြေလိုက်သည် " Park Chanyeol ပါ သခင်လေး "
" ဟက် ဟက် " သူသဘောကျသွားဟန်တူသည် ကျွန်တော့်စကားရဲ့နောက်မှာ နာမ်စားထည့်လိုက်သည်မလား
" မင်းသူငယ်ချင်းတွေကရော မင်းကိုဘယ်လိုခေါ်လဲ "
ဒီမေးခွန်းကိုတော့နည်းနည်း စဉ်းစားမိလိုက်သည်
သူငယ်ချင်း ဟုတ်လား ငါ့ဘဝမှာ သူငယ်ချင်းဆိုတာရှိသေးလို့လား ယုံမယ်ကြံလိုက်တဲ့သူငယ်ချင်း ဆိုတာကလည်း အခုလိုလူမျိုးဆီမှာထားသွားသေးတာပဲ ဒါပေမယ့်လည်းသူ့ကိုအပြစ်မတင်ပါဘူး ဘာလို့ဆို ဒီလူကြီးကိုယ်တိုင်ကပဲသူ့ကိုရွေးချယ်ခဲ့တာကိုး
" Chanyeol တစ်ခါတလေ Yeol လို့လည်းခေါ်တယ် nickname ကတော့ Yoda " သူ့ဘက်ကမေးခွန်းတွေဆက်မလာခင် ကျွန်တော့်ဘက်ကပဲတရဆက် ဖြေပေးလိုက်သည်
" Yoda " သူကျွန်တော့်နာမည်ကိုတစ်ချက်ရေရွတ်လိုက်သည်
" မင်းကို Yo yo လို့ခေါ်မယ် ဘယ်လိုလဲ အဆင်ပြေမလား " ဂရုတစိုက်နဲ့ လာမေးနေသေးတယ် ကျွန်တော်မကြိုက်ရင်ရော ခင်ဗျားမခေါ်မှာမို့လို့လား တကယ်တည်းပြောမိတဲ့စကားက " ကျွန်တော်ကြိုက်ပါတယ် သခင်လေး အဆင်ပြေသလိုခေါ်ပါ "
Kris' pov: Lu ရေ မင်းနေရာမှာအစားဝင်လာတဲ့ ဒီကောင်လေးကိုမင်းအငွေ့အသက်တွေပါတဲ့ နာမည်လေးပေးခွင့်ပြုပါ
" ငါမနက်စာ မစားရသေးဘူး မင်းလာပြင်ပေး"
" ဟုတ်ကဲ့ သခင်လေး "
မနက်စာပြင်ပေးပြီး လှည့်ထွက်လာတဲ့ ကျွန်တော့်ကိုသူ့လက်နဲ့လှမ်းဆွဲထားလိုက်သည်
" မင်းကိုဘယ်သူက ငါနဲ့ဝေးရာကိုထွက်သွားခိုင်းလို့လဲ "
" သခင်လေးအတွက် အနှောင့်အယှက်ဖြစ်နေမှာ စိုးလို့ပါ "
" ဘာမှမပြောနဲ့ ငါ့စကားအတိုင်းလုပ် အပိုတွေ လျှောက်လျှောက်မလုပ်နဲ့ "
ကျွန်တော် မနက်စာစားနေတုန်း သူ့မျက်နှာလေးမြင်ချင်မိသည် Lu လောက်တော့ရင်မခုန်ပေမယ့် သူကျွန်တော့်နားမှာ မရှိလို့မဖြစ်ဘူးဆိုတဲ့အတွေးတော့ နာရီပိုင်းအတွင်းဝင်လာမိသည်
ထိုစဉ် " သခင်လေး ဒီနေ့အလုပ်စတက်ရမှာပါ သခင်လေးမရှိတဲ့ ဒီ ၅ နှစ်လုံး မန်နေဂျာတစ်ယောက်နဲ့ပဲ အလုပ်တွေကိုလုပ်ခဲ့ရတာ မနိုင်နင်းနိုင်ပါဘူး "
အထိန်းတော်ကြီး ပြောလိုက်တဲ့စကားကြောင့်မနက်စာစားနေတာကိုရပ်ကာ အလုပ်သွားဖို့ပြင်ဆင်ရတော့သည်
" Yo Yo နက်ကတိုင်စည်းပေး " ကျွန်တော့်ကိုလုပ်ပေးနေကျသူ မရှိတော့သူ့ပဲအကူအညီတောင်းမိသည်
" ဟုတ်ကဲ့" နက်ကတိုင်စည်းပေးနေရင်းရတဲ့ သူ့အသက်ရှူငွေ့နွေးနွေးလေးက ကျွန်တော့်အတွက်အားဖြစ်စေသလိုတော့ခံစားရသား ဝန်ထမ်းတွေကြားကို ၅ နှစ်ကြာမှတစ်ခါသွားပြီးအုပ်ချုပ်ရမှာ နည်းနည်းတော့ကြောက်မိတယ်
" Yo yo "
" ပြောပါသခင်လေး "
အာရုံတွေကို ကျွန်တော့်နက်ကတိုင် နားမှာပဲထားနေတဲ့သူ့ကိုအသည်းယားမိတယ်
" Yo Yo "
" ဟင် "
ကျွန်တော် ဒီတစ်ခါခေါ်ပြန်တော့ သူကျွန်တော့်ကို အသက်လေးထွက်ယူံမျှသာ ပြန်ထူးသည်
" Yo Yo "
သုံးကြိမ်မြောက်ခေါ်တော့ စိတ်မရှည်သောမျက်နှာလေးနဲ့ ပြန်မော့ကြည့်တယ်
အခွင့်အရေးဆိုတာ နှစ်ခါမရဘူးတဲ့ ဒါကြောင့် နက်ကတိုင်ပေါ်မှာတင်ထားတဲ့ သူ့လက်ကလေးတွေကို ကျွန်တော့်လက်တွေနဲ့ဖမ်းဆုပ်ထားရင်း သူ့နှုတ်ခမ်းလေးပေါ်သို့ အနမ်းခပ်ဖွဖွလေးပေးလိုက်မိသည်
" ဟင် " ကျွန်တော့်ဘက်က အာမေဋိတ်သံနဲ့အတူ သူ့အနမ်းကိုကျွန်တော်မငြင်းလိုပါ ဒါကြောင့်ကျွန်တော် မရုန်းပဲငြိမ်နေလိုက်သည် အကြောင်းပြချက်ကတော့ ကျွန်တော်ပဲသူ့ကိုချစ်နေမိလို့လား ဒါမှမဟုတ် သူကကျွန်တော့်ကို ပိုင်ဆိုင်နေတဲ့သူမို့လို့လား
ခဏအကြာ ကျွန်တော့်အနမ်းတွေကိုရပ်တန့်ပစ်လိုက်တော့မှ သူကျွန်တော့်နက်ကတိုင်ကိုမြန်မြန်စည်းကာ မလှမ်းမကမ်းတွင်မတ်တပ်သွားရပ်နေတော့သည်
" Yo Yo "
သူ့အခေါ်ကိုကျွန်တော် မျက်လုံးနဲ့သာပြန်ထူးလိုက်သည်
" အဲ့မှာ ဘာရပ်လုပ်နေတာလဲ အလုပ်သွားရမှာမသိဘူးလား "
" ကျွန်တော်က ဘာလိုက်လုပ်ရမှာလဲ "
" တွေ့လားပြန်ပြောပြန်ပြီ ငါပြောတဲ့အတိုင်းလုပ် အခုအလုပ်သွားမယ် လိုက်ခဲ့ "
ကျွန်တော်ဘာမှပြန်မပြောရဘဲ သူနဲ့အလုပ်လိုက်ဖို့ဖြစ်လာခဲ့သည်
~~~~~~~~~~~~~~~ Kingdom ~~~~~~~~~~~~~~
At company,
အလုပ်ထဲရောက်ပြန်တော့လည်း သူ့အလိုအတိုင်းပဲ အလုပ်ထဲစဝင်ကတည်းက ကျွန်တော့်လက်ကိုကိုင်ထားတာ အခုထိမဖြုတ် ဝန်ထမ်းမလေးတွေကလည်း ကွက်ကျိကွက်ကျိနဲ့ ကျွန်တော်တို့အကြောင်းကိုပြောနေတာ သိသာလှသည်
" Yo Yo ကော်ဖီတစ်ခွက်လောက်ဖျော်ပေးပါလား သကြားမထည့်နဲ့ ခါးခါးလေးဖျော်ခဲ့ "
သူ့အကြိုက်ကလည်း ထူးဆန်းလှသည် ကော်ဖီကိုခါးခါးတဲ့ ကျွန်တော်တော့ဖြင့် အခါးကိုသေမလောက်ကြောက်သည်
ကျွန်တော်သူ့ကို ကော်ဖီခွက်ချပေးလိုက်တော့ ကိုင်းနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်လေးကို ခါးကနေဆွဲယူကာ သူ့ပေါင်ပေါ်တွင်ထိုင်စေလိုက်သည်
" သခင်လေး အဲ့လိုမလုပ်ပါနဲ့ ရုံးခန်းထဲမှာကို သများတွေမြင်လာရင်မကောင်းဘူးလေ "
သူ ကျွန်တော့်ကိုခေါင်းလေးခါပြကာ သူ့မျက်နှာကိုရှေ့တိုးလာတော့သည်
ကျွန်တော် ဒီတစ်ခါတော့ ရုန်းရလိမ့်မယ် ဘာလို့ဆို မနက်ကလည်းကျွန်တော့်ရဲ့ first kiss ကိုခွင့်မတောင်းပဲ ယူပြီးသွားပြီ ခဏခဏအလိုလိုက်ပြီး ပေးနေရင်ကြာရင်သူရိုးသွားလိမ့်မယ် လို့ကျွန်တော်ထင်မိသည်
" ဘာဖြစ်လို့ ရှောင်တာလဲ Yo Yo "
" ခွင့်မတောင်းပဲ ကျွန်တော့်အနမ်းကို ခဏခဏသိမ်းပိုက်တာမျိုး ကျွန်တော်မကြိုက်ဘူး "
" ခွင့်တောင်းမယ် အခုပေးနမ်းတော့ "
" ခင်ဗျားကလေ ကျွန်တော့်ကိုငွေနဲ့ဝယ်ပြီးသားဆိုတော့ အရာရာကိုချယ်လှယ်ချင်နေတာ တော်ပြီ ခင်ဗျားကိုကျွန်တော်မုန်းတယ် "
ကျွန်တော်မျက်ဝန်းတွင် မျက်ရည်များစို့နစ်ကာ သူ့အခန်းထဲကကျွန်တော်ထွက်ပြေးမိတော့သည်
" ခင်ဗျားကလေ ကျွန်တော့်စိတ်ကိုနားမလည်ပဲ ဒီလိုတွေခဏခဏဘာကြောင့်လုပ်နေရတာလဲ ခင်ဗျားကိုကျွန်တော် နားမလည်တော့ဘူး ဘာလို့လဲ ခင်ဗျားရဲ့အရင်ကောင်လေးလောက် ကျွန်တော်ကရင်ခုန်ဖို့ကောင်းမနေလို့လား ဒါဆိုရင်တော့ ခင်ဗျားရဲ့ကောင်လေးကို ကျွန်တော်မနာလိုဖြစ်မိပြီ Wu Yi Fan "
TBC ........
ရေးလိုက်ပါပြီ ဘယ်လိုနေလဲဟင် ခေါင်းကသိပ်မကောင်းတော့ သူများတွေလောက်တော့မကောင်းနိုင်ပါဘူးလို့ ခေါင်းကောင်းသွားအောင် ဝက်လိုငါးနှစ်လောက် ဆေးရုံမှာသွားနေလိုက်ရင်ကောင်းမား ဟဲဟဲ 😂😂😂

You've reached the end of published parts.

⏰ Last updated: Feb 20, 2016 ⏰

Add this story to your Library to get notified about new parts!

KingdomWhere stories live. Discover now