နေရောင်ကသစ်ပင်များသစ်ရွက်သစ်ကိုင်းများကြားများ ကတ္တရာလမ်းမကြီးပေါ်သို့ ဖြာကျနေသည်။
ညီညာဖြောင့်ဖြူးနေသော ကတ္တရာလမ်းမကြီးကမဲနက်နေပြီး နဘေးတွင်အစီအရီပေါက်နေသော သစ်ပင်များနှင့်
ယူကလစ်တောကြီးရှိသည်။
ဤကတ္တရာလမ်းအတိုင်းအဆုံးထိသွားပါက
အားကစား ပြုလုပ်သည့်ကွင်းပြင်ကျယ်သို့ရောက်ရှိသွားမှာဖြစ်ပြီး ထိုကွင်းပြင်၏အနောက်တည့်တည့်သို့ဆက်သွားပါက
ကြံခင်းတစ်ခုရှိပြီး ထိုကြံခင်းကိုကျော်လွန်ကာ တောင်ဆင်းလမ်းအတိုင်းဆင်းသွားပါက သူတို့တစ်မြို့လုံးကို ပတ်ပြီးစီးဆင်းနေသည့် မြစ်တစ်ခုရှိသည်။
ထိုမြစ်ရေသည် စိမ်းစိုနေသော တောင်ကုန်းတွေကြားမှာ
စီးဆင်းနေတာဖြစ်ပြီး မြစ်ရေမှာများသောအားဖြင့်စိမ်းနေသည်။ရူးရူးမိုက်မိုက်ဂီတသံစဉ်တွေကိုသူစွဲလန်းသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့အတွေ့ကြုံသစ်တွေကိုလည်း
သူနှစ်သက်ပါသည်။ ဒါဟာ သူ့ဘ၀တွင်ပထမဦးဆုံးအကြိမ်
လူတစ်ယောက် အပေါ်အလေးနက်ထားမိခြင်းနှင့်စိတ်ဝင်စားမိခြင်းပါ။ Sehunရဲ့အပြုံးလေးကိုမြင်တိုင်းသူ့စိတ်ထဲအလိုလို
အေးချမ်းသွားရသည်ချည်းသာ။
Sehunတွင်မည်သူ့တွင်မှမရှိသည့် နှစ်လိုဖွယ်ကောင်းသည့် နူးညံ့တဲ့အပြုံးလေးတွေရှိသည်။
သူကလည်း ထိုအပြုံးလေးတွေကိုမြင်လိုက်တိုင်း
ရူးသွပ်မလိုဖြစ်သွားတတ်ပြီး အချိန်ရှိတိုင်း ထိုအပြုံးလေးတွေကိုသတိရနေတတ်ပါ သည်။တကယ်လို့လောကကြီးကသူ့ကိုသက်ညှာသောအားဖြင့် သိမ်မွေ့တဲ့အချစ်ကဗျာတစ်ပုဒ်ကိုရေး စပ်ပေးခဲ့မယ်ဆိုရင် သူအတိုင်းမသိဝမ်းသာမိမှာဖြစ်သည်။
ထိုသို့သူ့အတွက်သီးသန့်ဖန်တီး ထားသည့်
အချစ်ဆိုတဲ့ကဗျာလေးကို သူအမြတ်တနိုးနဲ့
တန်ဖိုးထားချစ်မိမှာဖြစ်သည်။
အချစ်အတွက်ဆိုသူဘာတွေပဲပေးဆပ်ရပေးဆပ်ရ
သူတွန့်တိုနေမိမှာမဟုတ်ပါ။
သူဟာသိပ်ရက်ရောလွန်းသူတစ်ယောက်မဟုတ်ပေမယ့်
နှလုံးသားရဲ့အလိုကိုတော့လွန်ဆန်နိုင်လောက်အောင်
အသည်းမာ သူတစ်ယောက်မဟုတ်ပါ။လမ်းကလေးအတိုင်း သူစက်ဘီးကိုအားစိုက်ပြီးနင်းလာခဲ့သည်။ တဖြူးဖြူးတိုက်နေသောလေ များက သူ့ဆံနွယ်များကို
လှုပ်ရှားနေစေသည်။ ထိုစဉ်သူ့အနောက်မှ
စက်ဘီးဘဲလ်တီးသံကြား လိုက်ရသည်။

YOU ARE READING
Love From Osaka [Sekai Yaoi]
FanfictionLove From Osaka Sekai Yaoi fanfiction I don't own this story. All credit to owner lovelone(cute yaoi blog) *Yumi Atsuko