မျှော်လင့်ချက်ဆိုတာလူသားတစ်ယောက်ရဲ့
အိမ်မက်တစ်ခုပဲမဟုတ်ပါလား။
အဲ့ဒီမျှော်လင့်ချက်ဆို တဲ့ရောင်ခြည်လေးနဲ့ပဲ
လူသားတော်တော်များများဟာ အသက်ရှင်ရပ်တည်နေတာပါ။
သူ့အတွက် မျှော်လင့်ချက်ကလေးကတော့ ရင်ဘတ်ထဲမှာကိန်းအောင်းစပြုလာပါသည်။
သို့သော် သူကိုယ်တိုင် ထိုမျှော်လင့်ချက်ကလေးကို
အမှန်တကယ်ဖြစ်လာစေဖို့ ဆုမတောင်းရဲပါ။
တကယ်လို့များ တစ်ခုခု လွဲချော်သွားခဲ့သည်ဖြစ်စေ သူထင်ထားသလိုသူမျှော်လင့်ထားသလိုဖြစ်မလာခဲ့သည်ဖြစ်စေ ခံနိုင်ရည်ရှိအောင်လို့ မိမိကိုယ်ကိုသိပ်ပြီး ဖိအားတွေသူမပေးချင်ပါ။ ဘာပဲပြောပြော လောကကြီးမှာ အရာအားလုံးကို
ပေါ့ပေါ့ပါးပါးလေးဖြင့်သာရင်ဆိုင်သွားချင်သည်။
သူ့ကြောင့်မည်သူတစ်ဦးတစ်ယောက်ကိုမျှ တစ်စုံတစ်ခုထိခိုက်နစ်နာသွားတာမျိုးမဖြစ်စေချင်သလို မည်သူတစ်ဦးတစ်ယောက် ရဲ့ထိခိုက်မှုကြောင့်မှလဲ သူ့အတွက်တစ်စုံတစ်ရာထိခိုက်နစ်နာသွားတာမျိုးသူမလိုချင်ပါ။
ဒါကတော့ သူ့ရဲ့လောကကြီးအပေါ်ထားရှိတဲ့
တရားမျှတတဲ့နိယာမတစ်ခုပါ။နေလုံးကြီးသည်သူ့တာဝန်ပြီးဆုံးတော့မည့်အချိန်သို့ ရောက်ရှိလာတော့မည့်အချိန်ထိတိုင် သူတတ်စွမ်းသမျှအလင်းစွမ်းအားတွေနဲ့လောကကြီးကို အကျိုးပြုနေပါသေးသည်။ ထိုနေလုံးကြီးထံမှစူးရှဆဲနေရောင်ခြည်တွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကိုပတ်ဖျန်းနေဆဲပါ။ လူတစ်ဦးတစ် ယောက်ချင်းဆီအတွက်သီးသန့်ရပ်တည်နေတာမျိုးမဟုတ်ပေမယ့် ဒီလောကကြီးတစ်ခုလုံး ကိုအလှဖော်ဆောင်ပေးနေတဲ့လောကကြီးရဲ့ သာယာလှပမှုတွေကိုသူခံစားနေမိသည်။
သူ့ရဲ့အကြည့်တွေကို အဝေးတစ်နေရာသို့
လှမ်းကြည့်မိလိုက်သည့်အခါ မြက်ခင်းပြင်ပေါ်တွင်
်ပြေးလွှားနေသောကလေးငယ်များကိုတွေ့ရသည်။ သူ့စက်ဘီးကယ်ရီယာတွင်ပါလာသော ရေဘူးလေး ကိုထုတ်ကာတစ်ကျိုက်မျှမော့လိုက်သည်။
ထို့နောက်နားတွင်တပ်ထားသော နားကြပ်ကလေးကို ပြန်ဖြုတ်ကာ သူ့ကျောပိုးအိတ်ထဲသို့ပြန်ထည့်လိုက်ပါသည်။
ထို့နောက်ကျောပိုးအိတ်ကို စက်ဘီးလက်ကိုင်တွင်
ခဏချိတ်ထားလိုက်သည်။

ESTÁS LEYENDO
Love From Osaka [Sekai Yaoi]
FanfictionLove From Osaka Sekai Yaoi fanfiction I don't own this story. All credit to owner lovelone(cute yaoi blog) *Yumi Atsuko