လှပသောမိုးကောင်းကင်တို့သည် ပန်းချီဆရာတစ်ယောက်၏ချယ်မှုန်းမှုတို့အလား
လူသားတို့၏နှလုံးသားတို့ကို ဖမ်းစားနိုင်စွမ်းရှိကြသည်။
ထို့အတူ အမျိုးအစားများပြားလှသော ဂီတများသည်လည်း
လူတွေ၏စိတ်ကို ခွေ့ယိုင်သွားအောင် ပြုစားနိုင်စွမ်းရှိကြသည်။
လောကကြီး တွင်ရှိသော အလှတရား သဘာဝတရားနှင့် ထူးခြားဆန်းကျယ်မှုတို့သည်လည်း
လူတွေကို အမျိုးမျိုးပုံစံပြောင်းလဲနေစေသည်။
ဆောင်းငွှေ့တွေကြားက ချယ်ရီတွေ မိုးနံ့ပါတဲ့လေပြေလေညှင်းလေးတွေ ခပ်လှမ်းလှမ်းကနေမကြာမကြာထွက်ပေါ်လာတတ်တဲ့ သီချင်းသံတွေ……သူဟာဂီတကိုချစ်မြတ်နိုးသူတစ်ယောက်မို့
ဂီတနှင့်ပက်သက်ပြီး စိတ်ထိခိုက်လွယ် စိတ်ခံစားလွယ်သည်။
တစ်ချိန်တစ်ခါက တစ်နေရာရာတွင် ဂီတတစ်ခုကိုနားဆင်ခဲ့မိပါက အခြားတစ်နေရာသို့အမှတ်မထင်ရောက်ရှိချိန် မထင်မှတ်ပဲထိုဂီတကိုပြန်လည်နားဆင်မိသည့်အခါ
စိတ်ထဲတွင် ရုတ်တရက်ဆိုသလို အတိတ်ကထိုဂီတနားဆင်ခဲ့ဖူးသည့်နေရာအချို့ကို
သတိရသလိုလို လွမ်းဆွတ်သလိုလိုဖြစ်သွားတတ်သည်။မနက်ခင်းနေခြည်နွေးနွေးလေးသည် မြက်ခင်းပြင်ပေါ်သို့
ဖြာကျနေပါသည်။
ထိုမြက်ခင်းပြင်ပေါ်တွင် သူ့လွယ်အိတ်ကိုခေါင်းအုံးကာ နေပူစာလှုံရင်းပက်လက်လှန်အိပ်နေမိသည်။
စူးရှရှနေရောင်ကြောင့်မျက်စိတွေက မှိတ်ထားပေမယ့် အလင်းရောင်တွေကိုမြင်နေရသလိုလို……Campus ထဲတွင်ကျောင်းသားကျောင်းသူအချို့
သွားလာနေကြပါသည်။ အချို့ကတော့ မြက်ခင်းပြင်ပေါ်တွင် ဟိုတစ်စုသည်တစ်စုထိုင်ကာစာဖတ်နေကြသူများရှိသလို
စကားပြောနေကြ သူများလည်းရှိသည်။ သူကတော့တစ်ယောက်တည်းနားအေးပါးအေး အတန်းနားချိန်တွင် သီချင်းနားထောင်နေရင်း နေပူဆာလှုံနေတာဖြစ်ပါသည်။ထိုစဉ်တစ်စုံတစ်ယောက်ကသူ့အနားသို့
လျောက်လာသည်ဟုခံစားရသည်။ သို့သော် သူ့မျက်လုံးတွေကိုတော့ဖွင့်မကြည့်မိပါ။
မြက်ခင်းပြင်ပေါ်တွင် ဆက်လက်ပြီးမှေးစက်နေမိပါသည်။
ESTÁS LEYENDO
Love From Osaka [Sekai Yaoi]
FanficLove From Osaka Sekai Yaoi fanfiction I don't own this story. All credit to owner lovelone(cute yaoi blog) *Yumi Atsuko