"Arrrrrrrrrr"
သူမအိပ်ရာထဲမှာ ဒါဆိုခုနကဟာက အိပ်မက်လား ဒါဆိုတော်သေးတာပေါ့ ဟင်းးးးးး
သူမရဲ့ မျက်လုံးများကို အနည်းငယ် ပွတ်ပြီး သေချာကြည့်လိုက်တော့ ဟင် ဒါ JONGIN အိမ်လည်း မဟုတ်ဘူး ဒါသူမရဲ့ အခန်းလဲ မဖြစ်နိုင်ဘူး ဒါဆို သူမ တစ်ခြားအိမ်မှာလား သူမ တံခါးကို ဖွင့်ဖို့ ကြိုးစားတော့ တံခါးက လော့ချထားတယ် ဒါနဲ့ ပြတင်းပေါက်ကို ဖွင့်ဖို့ လုပ်နေတုန်း
^^ကျွီးးးးးးးး^^
ဒါနဲ့ သူမ နောက်ကို လှည့်ကြည့်မိတော့
ဟင် ဟိုဒေါက်တာ သူမကို နှလုံးရောဂါ ကုပေးတဲ့ ဒေါက်တာ ဒါပေမဲ့ သူ့ကြည့်ရတာ အသက်နည်းနည်း ကြီးသွားပုံ ပေါ်နေတယ်
"ဟင် D.O D.O မင်းမင်း ပြန်သတိရလာပြီနော်"
ဆိုပြီး သူ့ပုခုံးနှစ်ဖက်ကို လာကိုင်ပြီးမေးနေတဲ့ ဒေါက်တာကြောင့်
"ဘယ်ဘယ်က D.Oလဲ သမီးက SOO DO KYUNG SOO ဘာလို့ သမီးက ဒီအိမ်ကို ရောက်နေတာလဲ ARJUSHIက ဘာလုပ်မလို့ လဲ "
"D.O YAA,မင်း တစ်ခုမှ မမှတ်မိတော့ဘူးလား မင်းအခု အသက် ၂၂နှစ်ရှိပြီလေ ငါက မင်းရဲ့ အစ်ကို MINSEOKလေ ပြီးတော့မင်းကယောက်ျားလေးလေဘာလို့ သမီး သမီးနဲ့ ပြောနေတာလဲ"
သူမလည်း သူမကို သူမ ပြန်ကြည့်မိမှ အင်္ကျီက ယောက်ျားလေးအင်္ကျီ ပြီးတော့ အရပ်ကလည်း ရှည်နေတယ်
"ဘာဘာတွေ လာပြောနေတာလဲ "
"ဒီမှာD.O ငါရှင်းပြမယ် သေချာနားထောင်နော် မင်းက.........."
FLASHBACK
ဆေးရုံက ပြန်သွားသော SOOတို့ကားနောက်ကို MINSEOK ကားဖြင့် အသာလိုက်သွားလိုက်ပြီး လမ်းတစ်ဝက်လောက်တွင် ရဲများဖြင့် ကြိုတင်စီစဉ်ထားသည့်အတိုင်း BODYGARD များကို ဝိုင်းလိုက်ပြီး ဖမ်းလိုက်ကြသည် SOOကို MINSEOKက ခေါ်ထားလိုက်သည်
မကြာမီပင်
KIMမိသားစု၏ လိမ်လည်လှည့်ဖျားမှုနှင့် လူသတ်မှုများ ဘူးပေါ်သလို ပေါ်လာပြီး KIMမိသားစု ထောင်ကျသွားပြီး KIMမိသားစုမှ ကလေးကို မိဘမဲ့ ဂေဟာ ပို့ထားလိုက်သည် ဟုသော သတင်းများ ကြားလိုက်ရလေသည်
YOU ARE READING
HATE BATTLE
Fanfictionပုံပြင်လေးကတော့်မိဘမဲ့ကျောင်းလေးမှာစခဲ့တယ်ကောင်မလေးတစ်ယောက်မျက်ရည်စလေးတွေနဲ့ခုံပေါ်မှာထိုင်ငိုနေတယ်ကောင်လေးတစ်ယောက်ကလည်းကျောင်းထဲမှာထိုင်ငိုနေတယ်သူတို့်ငိုနေတဲ့အကြောင်းက HATE BATTLE