ကျောင်းခန်းထဲ လွယ်အိတ်မပါဘဲ ဝင်လာတဲ့သူ့ကို ထူးဆန်းသလိုကြည့်နေကြမယ်ဆိုတာ သူသိသားပဲ ။
သူရှက်ရမှာလား ?? hak သိပ်ထူးဆန်းသွားမယ် ။
သူ့ကို ဒီလိုပုံမျိုးဖြစ်အောင်လုပ်တဲ့ လူကသာ ရှက်နေရမှာ ။ အားနာနေရမှာ စိတ်မကောင်းဖြစ်နေရမှာ အပြစ်ကိုခံစားနေရမှာ မခံချိ မခံသာ ဖြစ်နေရမှာ ။
သူကတော့ oh sehun ကိုကျေးဇူးတင်မိသား Oh Sehun ကောင်းမှုကြောင့် ပုခုံးလေးတဲ့ဘဝကနေ လွတ်သွားလို့ ။
Luhan တစ်ယောက် ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်ပြီး လေတချွန်ချွန်ဖြင့် အတန်းထဲဝင်လာသည် ။" haha .. ဒီကောင် တကယ့်ငရွတ်ပဲ !! "
Kai တကယ့်ကိုသဘောကျစွာ ရယ်ပြီးပြောလိုက်ပေမဲ့ Sehun ကတော့ မကျေနပ်စွာ Luhan ကိုစိုက်ကြည့်နေသည် ။ သူမျှော်လင့်ထားတဲ့ Luhan ပုံက ဒီပုံမှမဟုတ်တာ ...
" Xiao Luhan "
" Nae Sam ? "
ဆရာရဲ့ ခေါ်သံအဆုံးမှာ Luhan မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်သည် ။
" မင်းလွယ်အိတ်မပါဘဲ ကျောင်းလာတယ်ဆို "
" nae sam "
" ဘာ !!! ကျောင်းကို ကလေးကစားကွင်းများ မှတ်နေလား လုပ်ချင်ရာလုပ်မယ်ဆို ကျောင်းတက်စရာမလိုဘူး "
" nae sam ကျနော်လက်ခံပါတယ် ဒါပေမဲ့ ကျနော့်ကို ရှင်းပြခွင့်လေးပေးပါ "
Luhan အေးအေးဆေးဆေးပဲ ဆရာကို ခွင့်တောင်းလိုက်သည် ။ ဆရာ့ရဲ့ အလိုမကျတဲ့အကြည့်ရော တစ်တန်းလုံးရဲ့ စိတ်ဝင်စားတဲ့အကြည့်တွေပါ Luhan ဆီသို့ရောက်ရှိလာသည် ။ Luhan ကတော့ မှန်တယ်ထင်ရင် ဘယ်သူ့မှဂရုမစိုက်တဲ့ရုပ်နဲ့ ..
Sehun ကတော့ စာရေးခုံပေါ်ထောက်ချွန်ကိုလှည့်ရင်း Luhan စကားကိုစောင့်နေသည် ။" ကျောင်းတက်ရင် လွယ်အိတ်လွယ်ရမယ်ဆိုတာ မူကြိုကလေးကအစ သိပါတယ်ဆရာ .. ပြီးတော့ ဘယ်ကျောင်းသားမဆို ကျောင်းလွယ်အိတ်ကိုလွယ်ပြီး ကျောင်းတက်ကြရတာပါပဲ .. ကျနော်လည်း ကျောင်းသားတစ်ယောက်မို့ကျောင်းလွယ်အိတ်လွယ်ပြီးကျောင်းတက်ချင်ပါတယ်ဆရာ "
YOU ARE READING
Other Side of Hate
FanfictionHunHan ' fic. That Fic is my first HH fic . I wrote it For my lovely Friend who firmly love Sehun Luhan Couple . So i wrote for her .