8.

840 95 27
                                    

အမုန်း ?? ဟင့်​အင်း တကယ်​​တော့
သူ့အတွက်​ ​အ​တွေးထဲမှာ ​နေရာကို မရှိတာပါ ။
                                        #Lu
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

Sehun ၏ ​ကျောပြင်​​အေးခနဲ ဖြစ်​သွားမှုနဲ့ အတူ တခန်းလုံး၏ အံ့သြသင့်​သံက အတိုင်းသားး
လှည့်​ကြည့်​လိုက်​​တော့ ပြုံးစစ မျက်​နှာထားနဲ့ Luhan

" မင်းဘာလုပ်​တာလဲ ? "

" ဒိန်​ချဉ်​နဲ့ ပစ်​​ပေါက်​လိုက်​တာ​လေ ... ဘာလဲ ပြန်​ပြရမှာလား ! "

" hak ! "

" ဒါ မ​နေ့က Xiumin ရဲ့ အင်္ကျီကို ဆွဲဖြဲလိုက်​တဲ့အတွက်​ ​.. ​ကျေးဇူးတင်​လိုက်​ပါ မင်းအင်္ကျီကို ဆွဲမဖြဲပစ်​တာ .. ဒီမှာ oh sehun ! မင်းတို့အနိုင်​ကျင့်​သမျှ ငြိမ်​ခံ​နေမဲ့ ​ကျောင်းသား​တွေထဲမှာ ငါမပါဘူး ..ပြီး​တော့ ငါ့သူငယ်​ချင်းကိုလည်း ထိခိုက်​​အောင်​ လုပ်​ဖို့မကြိုးစားနဲ့ "

" bolya ... !! ခြိမ်း​ခြောက်​​နေတာလား ဝိုးး​ကြောက်​လိုက်​တာ .... "

ပိုက်​ထားသည့်​ လက်​​မောင်းနှစ်​ဖက်​အား ပွတ်​ပြရင်း Kai ရဲ့ ရယ်​သံသဲ့သဲ့က ထွက်​လာသည်​ ။
ထို့အတူ Sehun ၏ နှုတ်​ခမ်း​ထောင့်​ ​ကွေးညွန်​သွားကာ ထိုင်​​နေရာမှ ထလိုက်​၏ ။ ဖုန်​မတက်​သည့်​ ​ဘောင်းဘီအား ဆွဲဆန့်​၍ လက်​ဖြင့်​ အသာခါထုတ်​ရင်း luhan ဆီ လှည့်​ကြည့်​ကာ တချက်​ပြုံးပြလိုက်​သည်​ ။ က​လေးအထာ​တွေ လာလုပ်​​နေတယ်​ဆိုတဲ့သ​ဘော ...

" Xiao Luhan ! အ​နေမတတ်​ရင်​ ​သေတတ်​တယ်​ သိလား ! ​နေရာတကာ ဝင်​မရှုပ်​နဲ့ "

" အဲ့ဒါဆို မင်းလည်း ငါ့သူငယ်​ချင်းကို မထိနဲ့​လေ "

" yah ! Luhan ! မင်းသူငယ်​ချင်းကို ထိချင်​လို့ထိတာမဟုတ်​ဘူး ​နေရာတကာ ​ပျော့​ပျော့ ​ပျော့​ပျော့နဲ့ အရမ်း​တော်​​နေ​တော့ ငါတို့အိမ်​မှာ အမြဲအဆူခံရတယ်​ အဲ့​ကောင်​နဲ့ နှိုင်းပြီး​တော့ "

" ဒါက​တော့ မင်းတို့က ညံ့တာ​လေ သူနဲ့ဘာဆိုင်​လဲ "

" ​အေး .. ​ယောကျာ်းဆိုတာ ကျားကျားယားယား ကြမ်းကြမ်းတမ်းတမ်း​နေရတယ်​ဆိုတာကို ပြ​ပေးတာ ငါတို့က ​စေတနာနဲ့ သင်​​ပေးတာ "

You've reached the end of published parts.

⏰ Last updated: Mar 17, 2018 ⏰

Add this story to your Library to get notified about new parts!

Other Side of HateWhere stories live. Discover now