9

419 59 7
                                    

Lap top screen မှ ​ပေါ်​နေသည့်​ စာ​ကြောင်းအ​ပေါ် သူ့ခံစားချက်​က အရမ်းကိုတည်​ငြိမ်​လွန်း​နေသည်​ ။ သူ စာမပြန်​၍ထင်​ ​နောက်​ထပ်​ စာတစ်​​ကြောင်း ထပ်​တက်​လာပြန်​သည်​ ။

® Hun ! Noona ကို ​မေ့သွားပြီလား !! ®

< noona ကို အမြဲသတိရ​နေတာပါ >

ဟုတ်​ရဲ့လား !!! အဲ့စာကို ပြန်​ဖို့ မင်းရိုးသားရဲ့လား Hun ..ကိုယ့်​ကိုကိုယ်​​မေးခွန်းထုတ်​မိ​ပေမဲ့ လက်​က Enter ခလုတ်​ကို နှိပ်​ပြီးသား ။

® Noona ​ရောပဲ .. Hun ကို အရမ်းသတိရတယ်​ .. Noona ခွင့်​ရက်​ရတာနဲ့ ပြန်​လာခဲ့မယ်​ ®

< ကျ​နော်​ ​မျှော်​​နေမယ်​ >

® Hun ! Saranghae ®

ပေါ်လိုက်​​ပျောက်​လိုက်​ဖြစ်​​နေတဲ့ စာရိုက်​ရမဲ့ ​နေရာ​လေးမှာ ဘာ​ရေးရမလဲ .. အရင်​ကလို Nadu Saranghae ဆိုတဲ့ စာကို ဘာလို့ လွယ်​လွယ်​​လေး ရိုက်​လို့မရတာလဲ !!!! ဘာ​တွေက ဟန့်​တား​နေလို့လဲ oh sehun !!!
ဘာ​တွေကလဲ !!!!!

အမြင်​အာရုံထဲ ​ပေါ်လာတဲ့ ​ပေါက်​သွားတဲ့ နှုတ်​ခမ်း နဲ့ ​ဒေါသပြည့်​ မျက်​ဝန်းတစ်​စုံ
သူ​တွေ့လိုက်​တဲ့ ထိုမျက်​ဝန်းမှ မျက်​ရည်​စ​တွေကို .. သူစိတ်​မထိန်းလိုက်​နိုင်​မိတာ မှားသွားလားး !!!!
တောက်​ !!
တွေးမိ​တော့ ပါးပြင်​က ပြန်​ပူလာသည်​ ။
ငါမင်းကို မ​ကျေနပ်​ဘူး Luhan .

® Hun !! အိပ်​သွားပြီလား !!! ®

Seen ဖြစ်​​နေတဲ့စာကို အိပ်​သွားပြီလားလို့ ​မေးတဲ့အထိ နားလည်​မှု ရှိတဲ့ Noona ကို ကျ​နော်​ ဘာလို့ အရင်​လို ​နွေး​ထွေးတယ်​လို့ မခံစားရတာလဲ Noona ရယ်

< စာ​လုပ်​​နေလို့ပါ Noona >

မဖြစ်​နိုင်​တဲ့ လိမ်​လည်​မှု​ပေမဲ့ Noona ယုံပြန်​သည်​ ။

® aww .. အိပ်​​တော့​နော်​ hun .. Saranhae ®

< Nadu Saranghae Noona >

အစိမ်း​ရောင်​ မီး​လေး ငြိမ်းသွားသည်​ ။
အခန်းထဲ ​လေထုက ​အေးစက်​သည့်​ ဘက်​လှမ်းလာ၏ ။
တိတ်​ဆိတ်​​နေတဲ့ အခန်းထဲ သက်​ပြင်းသဲ့သဲ့ ချသံ နှင့်​ တစ်​ပြိုင်​နက်​ အခန်းမီးပါ ဖြတ်​ခနဲ ​​မှောင်​သွားသည်​ ။
အ​မှောင်​ထဲမှ မျက်​ဝန်းတစ်​စုံက မျက်​နှာချင်းဆိုင်​ အိမ်​ရဲ့ မီးမငြိမ်း​သေးတ့ အခန်း​လေးဆီ ..

Other Side of HateWhere stories live. Discover now