Part 3

2.7K 310 19
                                    

"​ရော့...."

ကျောင်းပန်းခြံထဲကသစ်​ပင်​ရိပ်​​အောက်​မှာထိုင်​ရင်း စာကျက်​​နေ​​သော Yifan​ဘေးသို့​သွားလိုက်​ရင်း ​ကျောပိုးအိတ်​ထဲက ​ချောကလက်​​တောင့်​​လေးထုတ်​​ပေးလိုက်​သည်​...

"ဘာလဲ...."

"​ချောကလက်​​လေ....မင်းကြိုက်​တယ်​ဆို.."

"Gomawo ^~^ "

ကျွန်​​တော်​​ပေး​သော​ချောကလက်​ကို​ဖောက်​ကာတကိုက်​ကိုက်​လိုက်​ရင်း စာဆက်​ဖတ်​​နေတယ်​.....

"စားလို့​ကောင်းတယ်​မလား....ငါမင်းကြိုက်​တယ်​ဆိုလို့ ဟို​ကောင်​မ​လေးလာ​ပေးတုန်းကယူထားလိုက်​တာ....ဟီး....​နောက်​လည်းအဲ့လို​တွေလာ​ပေးရင်​ယူထားရမယ်​..."

Yifan​ချောကလက်​ကိုဝါး​နေရာမှခဏရပ်​လိုက်​ရင်း Chanyeolမျက်​နှာကိုကြည့်​လိုက်​တယ်​...သူက​တော့ကျွန်​​တော်​ကြည့်​​နေတာသိပုံမရဘူး...သူ့ကို​ချောကလက်​လာ​ပေးတဲ့​ကောင်​မ​လေး​တွေအ​ကြောင်း​တွေ​ပြောပီး မျက်​နှာကပြုံးဖြီး​နေတာပဲ.....

"စားလို့လည်းမ​ကောင်းဘူး....​ရော့...ပြန်​ယူ.."

"အမ်​...Wu.."

သူ့လက်​ထဲကို​ချောကလက်​​တောင့်​ကြီးပြန်​ထည့်​​ပေးပီး ​ဘေးမှစာအုပ်​​တွေ​ကောက်​သိမ်းကာထထွက်​သွား​သောYifan​ကြောင့်​ Chanyeol​ကြောင်​အမ်းအမ်းနဲ့ကျန်​ခဲ့သည်​...
.
"ဘာလဲဟ.....သူကြိုက်​တယ်​ဆိုလဲယူလာရ​သေးတယ်​...."

ပြော​ပြောဆိုဆိုနဲ့ Chanyeolလက်​ထဲက​ချောကလက်​ကို Yifanကိုက်​ထားတဲ့​နေရာနား​လေးက​နေနည်းနည်း​လေးလျှာနဲ့တို့ကြည့်​ပီး ကိုက်​လိုက်​တယ်​..

"မဆိုးပါဘူး...စားလို့​ကောင်းပါတယ်​..အာ့ကိုသူကဘာထဖြစ်​တာတုန်း..."

Chanyeolတ​​ယောက်​တည်းပွစိပွစိ​ပြောရင်း ​ကျောင်းစာသင်​ခန်းထဲပြန်​လာလိုက်​တယ်​....

*********

စာသင်​ခန်းထဲတွင်​ Chanyeolအပါအဝင်​​ကျောင်းသားအားလုံးလိမ်​ပိန်​​နေ​အောင်​ပျင်းရိ​နေကြသည်​...ဆရာမလာ​သေးသဖြင့်​စားပွဲခုံ​ပေါ်​မှောက်​အိပ်​တဲ့သူကအိပ်​...ဖုန်း​ဆော့တဲ့သူက​ဆော့နှင့်​....
အားလုံးထဲမှာ မပျင်းမရိပဲ ရိုးသားကြိုးစားဖိုးသခွားလုပ်​​နေသူကြီး Wu Yifanက​တော့ သူဖတ်​လက်​စစာအုပ်​ကြီးကိုသည်းကြီးမည်းကြီးဖတ်​​နေ​လေရဲ့..

U&IUnde poveștirile trăiesc. Descoperă acum