Part 2

2.3K 293 3
                                    

ကလင်​ ကလင်​...

Yifanတ​ယောက်​လူ​ခေါ်​ခေါင်း​လောင်း​လေးကိုတီးလိုက်​ရင်း အိမ်​ထဲကလူ​ထွက်​အလာကို​စောင့်​​နေလိုက်​တယ်​..ခဏကြာ​တော့ အသက်​ခပ်​ကြီးကြီးမိန်းမတ​ယောက်​ထွက်​လာပီး တံခါးလာဖွင့်​​ပေးတယ်​...

"ဘာကိစ္စရှိလို့လဲ..သား.."

"ဟို​လေ....ကျွန်​​တော်​က​လေ မ​နေ့ကမှဟိုဘက်​အိမ်​ကို​ပြောင်းလာတာပါ..အဲ့ဒါ​Mamaက ​ဘေးအိမ်​​တွေကို မုန့်​လိုက်​​ဝေခိုင်းလို့....ကျွန်​​တော်​တို့နှစ်​သစ်​ကူးလည်းဖြစ်​​နေတာနဲ့...အဲ့တာမုန့်​လာပို့တာပါ...."

"​သြော်​...​ကျေးဇူးပဲ..သားရယ်​..သားတို့ကတရုတ်​လား..."

"ဟုတ်​..."

တီ!!!!!!!!!!!!!!!

"အမယ်​​လေး...လန့်​ထှာ.."

ရုတ်​တရက်​ကြီးအ​နောက်​က​နေ ကားဟွန်းတီးသံအကျယ်​ကြီးကြားလိုက်​ရတာ​ကြောင့်​ သူလန့်​ပီး​အော်​လိုက်​တာကို အန်​တီကြီးကရယ်​​နေ​လေရဲ့...သူလည်းအရှက်​​ပြေပြန်​ရယ်​လိုက်​ရင်း ကားထဲကလူကို​မေတ္တာပို့​နေလိုက်​တယ်​....

"ဒီမှာ......သူများခြံ​ရှေ့မှာပိတ်​ရပ်​မ​နေနဲ့...ဖယ်​...ကားဝင်​မလို့...."

"ကဲ.....သားရယ်​...ဧည့်​သည်​ကိုအားနာစရာ.."

ကျွန်​​တော်​အလိုက်​သင့်​ဖယ်​​ပေးလိုက်​ရင်း ကားထဲကလူကိုလှမ်းကြည့်​လိုက်​​တော့ ..Oh my God....Park Chanyeolပါလား....ဒါသူ့အိမ်​လား....သူ့အိမ်​ကကျွန်​​တော်​တို့အိမ်​နဲ့နီးနီး​လေး​ပေါ့...ဟီး...​ပျော်​လိုက်​တာ...

Chanyeolက​တော့ကားထဲကထွက်​လာရင်းကျွန်​​တော်​တို့​ဆီသို့​လျှောက်​လာတယ်​..တကယ်​...The Whole Kingလို့​မေးစရာမလိုဘူး..ပုံစံကြည့်​ရုံနဲ့တင်​အရမ်းသိသာလွန်းတယ်​....လန်​ထွက်​​နေတာပဲ...

"Omma....သူဘာ​တွေလာ​ရောင်း​နေတာလဲ.."

"​ပြော​တော့မယ်​...သားရယ်​...မုန့်​လာ​ပေးတာပါ..."

"​အေး​လေ...မုန့်​လာ​ပေးတာကို...မင်းမစားနဲ့..."

ကျွန်​​တော်​​ပြော​တော့ သူသ​ဘောကျစွာရယ်​လိုက်​ရင်း ကျွန်​​တော့်​ဆံပင်​​တွေကိုလာဖွတယ်​....

U&IUnde poveștirile trăiesc. Descoperă acum