ငယ်သူမို့မသိပါ
အပိုင်း၁
သမီးလေးရယ်၊သမီးကိုပျော့ပျောင်းစေချင်တယ်၊သိမ်မွေ့စေချင်တယ်၊မိန်းမဆန်စေချင်တယ်
ဒါကြောင့်လည်းbaekkieဆိုတဲ့နာမည်လေးပေးခဲ့ရတာပါ။
Baekကိုမေမေကမကြာခဏပြောတတ်သည်။baekအသား
ဖြူနုသည်၊baekအရပ်ကသွယ်လျသည်၊baekကိုယ်လုံးသည်ပါးလျားသည်။baekကိုမေမေနှင့်တူသည်ဟုပြောကြသည်။မေ့မေ့ကိုမူလူတိုင်းကချောသည်လှသည်ဟုအသိအမှတ်ပြုကြသည်။
ဖြူနုသောမျက်နှာပြင်သည်မိတ်ကပ်လိမ်းခြယ်ခြင်းမရှိ၊ ဆံနွယ်ပျော့ပျော့လေးတွေကိုလည်းအရောင်ဆိုးထားခြင်းမရှိဘဲထုံးထားလေသော်၊
သေးသွယ်သောလူနှင့်မျှမလိုက်ကြီးမားသောရှပ်ပွကြီးများဝတ်ဆင်သောbaekကိုမူလူတိုင်းကမလှပါဟုဝိုင်းဝန်းချီးကျူးကြသာ်။
ဂျယ်ဂျူ ဒိုတွင် ထင်းရှူးပင် တန်းနှင့်ဝက်သစ်ချပင်များသာကြီးစိုးနေလိမ့်မည်ဟု
Baekထင်ခဲ့သည်။ရာသီဥတုလေးကားအေးပြီးစိမ်းလန်းနေသောကြောင့်baek
စိတ်ထဲတွင်အလွန်ပျော်နေမိသည်။
ချယ်ရီကိုင်းများကားအမည်းရင့်ရောင်ပြေးကာညို့မှိုင်းနေသည်။ပန်းနုရောင်ချယ်ရီပန်းကလေးများကားစိန်းဖန့သောအရွက်ကလေးများနှင့်ယှက်နေလေသည်။
Baekသစ်ပင်ခွကြားတွင်ထိုင်၍မော့ကြည့်နေရာမှSeoul
Uniအတွင်းရှိချယ်ရီပင်တန်းကိုဖျတ်ကနဲသတိရမိသည်။
နေရောင်ပြောက်ပြောက်ထိုးနေသောအရွက်ကလေးများကို
မော့ကြည့်ပြီးလမ်းလျှောက်တတ်သည်ကbaek styleပင်။ထိုကြောင့်လည်းမကြာခဏဟိုလူဝင်တိုက်
ဒီလူဝင်တိုက်ဖြစ်တတ်သည်။
အစ်မရေ...အစ်မခေါင်းပေါကအခိုင်ကလှသဗျ..Sehunအော်ပြောလေသည်။ကျွန်မတို့၎ယောက်ပန်းခိုင်းများအားခူးပြီး
တီလေးChenအားဖားရန်ဖြစ်သည်။တီလေးသည်Cherry
ပန်းကြိုက်သူဖြစ်သည်။
Baekတို့လည်းဂျယ်ဂျူတွင်တစ်ပင်တည်းသာရှိသော၏ခြံ
သို့လာရောက်ခြင်းဖြစ်သည်။Baekသည်သူ့အစီအစဉ်
နှင့်သူသဘောကျသွားပြီးချယ်ရီကိုင်းကိုဆွဲကာထပ်ဆောင့်လေသည်။
အမရေMr.နားကားကြီးလာပြီဗျ..
အလန့်တကြားအော်လိုက်သောKai၏အသံကိုကြားရသည်။ Sehunလည်းမျက်လုံးပြူးနှင့်သစ်ပင်မှဒရောသောပါးပြေးဆင်းလေသည်။
Baekရင်ထဲတွင်ဒိန်းကနဲဖြစ်သွားပြီးမီလုမီခင်အခိုင်ကြီးကို
ခူးကာသစ်ပင်ပေါမှခုန်ချလိုက်လေသည်။
ဟောဗျ
ဒူးထောက်လျက်သားကျသွားသောBaekသည်အော်သျှသျှ
အာမေဋိတ်သံကြားလိုက်ရသည်။
Baekရှေ့တွင်all starစီးထားသောခြေထောက်တစ်စုံကိုတွေ့လိုက်
ရသည်။အမွှေးအမျှင်များပေါက်နေသောခြေသလုံးထက်တွင်
ဒူးဆစ်အထိပင့်လိပ်ထားသောဂျင်းအပြာဘောင်းဘီပွပွကိုမြင်ရသည်။
ထို့နောက်အကွက်လက်ရှည်ဖားဖား၊၎င်းတို့အပေါတွင်ကား
မျက်မှောင်ကြုတ်ထားသောမျက်နှာပေါက်ခပ်ဆိုးဆိုးတစ်ခု။Baekသည်ဒူးထောက်နေရာမှပတ်ဝန်းကျင်ကိုကမန်းကတန်းရှိုး
မိသည်။Kai၏အသံကိုမကြားရ။
Sehun၏အရိပ်ကိုမျှမမြင်ရ။
ကြက်ပျောက်ငှက်ပျောက်
ပျောက်ကုန်ကြပြီ။
ငါ့ခြံထဲမှာပန်းလာခိုးတဲ့သူခိုးတွေထဲမှာဒီလောက်ကြီးကြီးသူခိုးမ
တစ်ယောက်ပါနေတာငါအခုမှသိတယ်...
ဘာပြောတယ်
Baekမျက်နှာတွင်ပန်းနုရောင်သန်းသွားပြီးနေရာမှဝုန်းကနဲထရပ်လိုက်သည်။
စလွယ်သိုင်းထားသောအိတ်ထဲမှပန်းများကဘောင်ဘင်ခတ်သွားသည်။
မင်းမိန်းကလေးဖြစ်နေတာအများကြီးကံကောင်းတယ်မှတ်၊မိန်းကလေးကိုတော့ငါမောင်းမထုတ်ချင်ဘူး၊ မင်းဟာမင်းပဲထွက်သွားတော့
ဘာပြောတယ်
Baekလက်ထဲမှပန်းခိုင်ကိုလွှတ်ချလိုက်ပြီးခပ်ဆပ်ဆပ်
အော်လိုက်မိသည်။Baekငယ်ငယ်ကကျောင်းမုန့်ဈေး
တန်းမှချိုချဉ်များနှိုက်ပြေးဖူးလေသည်။မုန့်သည်ကြီးကမလိုက်နိုင်ဘဲ
တဟေးဟေးအော်ရင်းကျန်နေသောအခါလျှာထုတ်ပြတတ်သေးသည်။
ထိုစဉ်ကအတန်းပိုင်ဆရာမသိသွားသဖြင့်ခုံပေါတွင်တစ်နာရီခန့်မတ်တပ်ရပ်ခဲ့ရသည်။ Baek၏ပြောင်စပ်စပ်မျက်နှာလေးမှာအပြုံးမပျက်ခဲ့။
ပျော်သလိုပျက်သလိုနဲ့တွေ့ကရာလျှောက်လုပ်နေမိBaekနင်တစ်နေ့နေ့
ဒုက္ခရောက်လိမ့်မယ်ဟုဆရာမ
ပြောခဲ့သောစကားကိုသတိရရင်းနောင်တရမိသည်။
သူခိုးလို့အစွပ်အစွဲခံရပြီးနှင်ထုတ်ခံနေရပါလားဟူသောအ
သိကြောင့်တစ်ကိုယ်လုံးပူထူကာရှက်စိတ်မွှန်နေသည်။
သွားလေ
မသွားဘူး
လက်ထဲတွင်ကိုင်ထားသောတုတ်တိုတိုကိုဝှေ့ရမ်းရင်းထိုသူကပြောလိုက်သောBaekသည်ခွန်းချင်းမခံ
ပြောလိုက်မိသည်။ရှက်စိတ်၊
ဝမ်းနည်းစိတ်၊မခံချင်စိတ်တို့ကြောင့်နှုတ်ခမ်းပါးလေးများတဆတ်ဆတ်တုန်နေသည်။
ငါ့ခြံထဲကအခုထွက်သွားလို့ဆိုနေ
မသွားဘူး
Baekထွက်ပြေးချင်သည်။တတ်နိုင်လျှင်မြေမျိုပြစ်
လိုက်စေချင်သည်။ထိုသူ၏ရှေ့တွင်တစ်စက္ကန့်လေးမျှ
ဆက်၍မနေချင်၊သို့သော်လည်းနှင်ထုတ်ခံရပြီးနောက်ထွက်သွားရမည်ကိုမခံချင်သောမာနကြောင့်
ထုံပေပေဇွတ်မှိတ်ရပ်နေမိသည်။ချယ်ရီပန်းအပြည့်
ထည့်ထားသောလွယ်အိတ်ကို
စလွယ်သိုင်းပြီးမှုံတေတေရပ်နေသောသူမလေး
ကိုကြည့်ရင်းထိုသူ၏မျက်လုံးများသည်ရယ်မောလာကြသည်။
သို့သောလည်းလေသံကိုမလျှော့ဘဲဆောင့်ကြီ်းအောင့်ကြီးအေိာလိုက်သည်။ ကဲကဲမသွားနဲ့၊ဒီမှာပဲတစ်သက်လုံးရပ်နေ၊ဘယ်မှမသွားနဲ့
သွားမယ်
ဟေ့မသွားနဲ့ဆို
သွားမယ်
Baekသည်ခြံဝသို့ဘောက်ဆတ်ဆတ်နှင့်လျှောက်လာသည်။ တဟားဟားနှင့်ဟားတိုက်၍ရယ်လိုက်သောအသံကိုကြားသောနီထွေးနီနေသောပါးပြင်ပေါသို့မျက်ရည်များဒလဟောကျလာတော့သည်။
Baekမျက်ရည်ကိုကမန်းကတန်းပွတ်သုတ်လိုက်ပြီးလွယ်အိတ်ကိုသွန်ချလိုက်သည်။ပန်းများမြေပြင်ပေါသို့ပြန့်ကြဲသွားသည်။
ရော့ပြန်ယူ ပန်းတွေခူးမိပါတယ်၊လူကိုသူခိုးလို့ပြောရသလား၊ရော့ရော့
အကုန်ပြန်ယူ
Baekခြံပြင်ရောက်မှပန်းများကိုခြံထဲသို့သတ်လက်လွတ်ကန်ထည့်နေမိသည်။
အစ်မရေလာပါတော့ဗျာ၊တော်ကြာMr.နားကားကြီးထွက်ရိုက်နေဦးမယ်
Sehunလည်းBaekလက်ကိုဇွတ်ဆွဲပြီးခေါလာသည်။
ပျောက်နေသောKaiလည်းအခုမှဘေးခြံမှမ၀ံ့တ၀ံ့ခေါင်းပြူလာသည်။မျက်လုံး
အစုံကပြူးကျယ်နေသည်။ Baek
နားသို့ကုပ်ချောင်းကုပ်ချောင်းနှင့်ကပ်လာသည်။
အဲ့လူကဘာတုန်း
မသိပါဘူး အစ်မရယ်၊ အရင်ကဒီခြံမှာဘယ်သူမှမရှိပါဘူး၊
ဘယ်သူမှလည်းမနေရဲဘူး၊အခုမှအဲ့Mrနားကားရောက်လာတာ
အလကားကပ်စေးနှဲကြီး Lee Soo Man နဲ့ Kim Young Min ခြောက်လို့သေပါစေဗျား
ဟဲ့Lee Soo Manနဲ့Kim Young Minကဘာတွေတုန်း
အဲ့အိမ်ကြီးထဲမှာLee Soo Manနဲ့Kim Young Minရှိတယ်လေအစ်မရဲ့၊ လာတဲ့လူကိုခြောက်တာဆိုပဲ၊Mr.နားကားလည်းဘယ်တော့ရူးမလဲမသိဘူး
တကယ်ဗျာအခုထိတော့မရူးနိုင်ပါဘူး၊ကျွန်တော်တို့ချည်းပဲလိုက်ရိုက်နေတော့တာပဲ..
ဟောခြံထဲကထွက်လာပြီKaiရေတုတ်ပါတယ်ပြေးဟ
ခြံထဲတွင်လူရိပ်မြင်လိုက်သဖြင့်Kaiနဲ့Sehunအသားကုန်ပြေးလေသည်။
Baekလည်းမပြေးမိရန်အားတင်းပြီးခြေလှမ်းမှန်မှန်နှင့်လျှောက်လာရသည်။မြေကြီးကိုဆောင့်နင်းရင်းSehun၏လေကိုလိုက်
ရင်းစူပွပွနှင့်
ဟွန်း သရဲခြောက်လို့ရူးမယ့်နကားကြီး မြန်မြန်ရူးပါစေ...
စားလုံးပေါင်းမှားရင်Yeolလွှတ်ပါ....
90...Bow...
ŞİMDİ OKUDUĞUN
ငယ်သူမို့မသိပါ
RandomChanyeol and Baekhyun fiction လေးပါ။ Honeyအရမ်းကြိုက်သောမစန္ဒာရဲ့ဝတ္ထုလေးပါ။ ရုပ်ရှင်တောင်ထွက်ပြီးသွားပါပြီ။ အားပေးကြပါဦးနော်...ပထမဆုံးလေးပါ။ We are One ExoL..