ငယ်သူမို့မသိပါ
အပိုင်း၂
သမီးလေးရေ
သမီးလေးပို့တဲ့စာကိုရပါတယ်
သမီးလက်ထဲပိုက်ဆံမရှိတော့လို့ထပ်ပို့ပါဦးဆို
သမီးတီလေးXiuနဲ့လိုက်သွားတာ၁ပတ်ပဲရှိသေးတယ်
အဲ့တုန်းကမေမေ၀မ်၂သိန်းထည့်ပေးလိုက်တယ်လေ
သုံးလေးရက်အတွင်းအဲ့ငွေ
တွေကုန်အောင်ဘယ်လိုသုံး
လိုက်တာလဲ..
သမီးကိုမေမေပြောမှဖြစ်တော့မယ်..
သမီးမေမေမရှိတုန်းရုပ်ရှင်
၃ပွဲဆက်တိုက်ကြည့်တာမေမေမသိဘူးထင်နေတာလား
လက်မှတ်မရရင်မှေင်ခိုလက်တွေဝယ်ကြည့်တာမေမေ
သိတယ်နော်...
နောက်ပြီးသမီးလေးလေးSiwonပေးတဲ့
Rolexနာရီရောင်းပြီး
Exo Showပွဲကြည့်တယ်ဆို...
OH My Pagoda..
BaekမေမေSuhoစာကိုဖတ်ရင်းဘုရားတမိသည်။
Americသို့အလည်သွားသော
မေမေ၏သတင်းများအထိသိလိမ့်မည်ဟု
Baekမထင်ခဲ့ပေ။
မေမေတို့ရှိသမျှပစ္စည်းတွေဟာသမီးဖို့ချည်းပဲ၊
ဒါပေမဲ့ငါသူဌေးသမီး၊
ငါSuLay Company ပိုင်ရှင်
သမီးဆိုပြီးဖြုန်းတာမျိုးတော့မဖြစ်စေချင်ဘူး၊
သမီးကိုမိန်းမပီသစေချင်တယ်
တည်ကြည်စေချင်တယ်၊ဒါပေမဲ့မေ့မေ့သမီးကပေါက်
ကျော်မလုပ်ရပ်တွေကြောင့်မေမေဘယ်
လောက်စိတ်ညစ်ခဲ့ရတယ်ထင်သလဲ...
အလိုလေး၊ဘယ်သူဖောက်သည်ချလဲမသိ...
Baekစာရွက်ကိုချရင်းတွေးမိပြန်သည်။
လွယ်လွယ်ရလို့လွယ်လွယ်သုန်းလွယ်လွယ်ဖြုန်းတီး
ပြီးငါ့သမီးကိုကုဋ္ဌေရှစ်ဆယ်
သူဋ္ဌေးသားလိုမဖြစ်စေချင်ဘူး...ဂျယ်ဂျူမှာဘယ်နေရာမှလည်စရာမရှိဘူးသမီး
အဲ့တော့်သမီးတီလေးXiuကထမင်းမှန်မှန်
ကျွေးတယ်မလား..
သေပြန်ပြီ.. ..
မေမေနှင့်BaekကားKoreaတွင်သာနေသည်။ဖေဖေXing Lay
ကသူ့စီးပွားရေးရှိရာAmericaနှင့်
Koreaသို့ကူးသန်းသွားလာသည်။ယခုပိတ်ရက်
တွင်ဖေဖေမအား၍မေမေနှင့်ကျွန်မအားခေါ
ခြင်းဖြစ်သည်။သို့သော
ကျွန်မလိုက်မသွားခဲ့တီလေးXiuနောက်အတင်း
လိုက်ခဲ့ခြင်းဖြစ်သည်။ဤကိစ္စကြောင့်မေမေ
စိတ်ဆိုးနေတာလားဟုBaek
မတွေးတတ်...
မေမေငွေမပို့ဘူးဆိုလို့ဖေဖေ့ကိုmailနဲ့ငွေလှမ်း
မတောင်းနဲ့ဒါပဲ...
ဒီစာကိုဖေဖေရေးခိုင်းတာ..ငါတို့သမီးလေးကိုငါတို့မှမဆုံးမရင်
ဘယ်သူဆုံးမမှာလဲ...
ပြန်လာရင်မေမေလက်ဆောင်တွေသယ်လာခဲ့မယ်...
မေမေ
Suho
Baekစိတ်ဓာတ်ကားအ၀ီစိသိုဆင်းသက်နေလေပြီ...
ကျောက်ရုပ်လေး၁ရုပ်လိုငြိမ်သက်နေမိသည်။Baekကိုယွကို
ကိုယ်ဆိုးသည်ဟုမထင်ခဲ့။ပိုက်ဆံ
ဖြုန်းနေသည်လို့လည်းမတွေးခဲ့။တစ်ခါတစ်ရံကျောင်းပြေးသော်လည်းစာ
ကြိုးစားသောBaekနှစ်စဉ်စာမေးပွဲကိုရှေ့တန်းမှ
အောင်မြင်သောBaek
သူ့ကိုယ်သူလိမ္မာသည်ဟုသာထင်ခဲ့သည်။
Baekရေထမင်းစားရအောင်
တီလေးXiuအသံကိုကြားရသောBaekမေ့မေ့စာကို
ခေါင်းအုံးအောက်ထိုးထည့်ပြီးထလိုက်သည်။လိုတာမရသ
ဖြင့်စိတ်ဆိုးပြီးရှက်စိတ်၊၀မ်းနည်းစိတ်ကြောင့်
မျက်နှာလေးမှာနီတွေးနေသည်။
Baekလေးမျက်နှာကနီနေတယ်၊နေမကောင်း
ဘူးလား
ကောင်းပါတယ်
Baekခတ်ပြတ်ပြတ်ပြောရင်းထမင်းပွဲရှိ
ရာသို့တန်းသွားလေသည်။
တီလေးXiu Baekခေါင်းအုံးအောက်မှတစ်ပိုင်းတစ်စ
ထွက်နေသောစာကိုကြည့်ရင်းမသိမသာပြုံးမိလေသည်။
Baekဂျယ်ဂျူသို့ရောက်စဉ်ကတွေ့ကရာမုန့်မျိုးစုံရှောက်စားရင်းပိုက်ဆံအိတ်
ကျပျောက်ခဲ့လေသည်။ရောက်ရောက်ချင်းဝမ်းလျှောသောBaekကိုတီလေး
Xiuဆေးကုခဲ့ရသည်။
BaekမေမေSuhoထံသို့တီလေးXiuငွေမပို့ရန်
ဖုန်းဆက်ပြီးအကြောင်း
ကြားထားကြောင်းBaekသာသိလျှင်......
ပြာလဲ့လဲ့ကောင်းကင်ကိုနောက်ခံထားသော
ယူကလစ်ပင်သည်ဘယ်ညာယိမ်းနွဲ့နေသည်။
Baekနှာနုဖျားနားသို့မြေသင်းရနံ့လေးများက
လာရောက်ကြည်စယ်နေသည်။
Baekသက်ပြင်းသဲ့သဲ့ရှိုက်ကာဘောင်းဘီအိပ်ကပ်ထဲ"
သို့နှိုက်လိုက်သောအခါ
နောက်ဆုံးလက်ကျန်ဖြစ်သောဝမ်၁၀ပြားသုံးစေ့
တချွင်ချွင်အသံပြုလာသည်။ယမန်နေ့က၀မ်20000ကျန်သေး
သည်။မနေ့ကတီလေးXiuနဲ့ဈေးလိုက်ရင်း
Baek၀မ်းလျှောပြီးနောက်
ပိုင်းဝေးခဲ့ရသောဂဏန်းငံပြာရည်စိမ်ကိုဘူးလိုက်
ဝယ်လိုက်သဖြင့်ဝမ်2000ကားBaekကိုနှုတ်ဆက်သွားလေပြီ။
ပြည်ကြီးငါးခြောက်များမေ့မေ့ဖို့ဝယ်ချင်သော်လည်းဈေးပင်မမေးရဲ။
ငါနည်းနည်းပဲဝယ်လိုက်ရင်ကောင်းသားဟုBaekဘဝ
တွင်ပထမဦးဆုံးအကြိမ်နှမြောမိလေသည်။
အစ်မရေ..အစ်မ..
ဟောSehun...
Baekတို့ခြံထဲသို့အပြေးဝင်လာသောSehunကို
Baekနှုတ်ဆက်လိုက်သည်။
Sehunနှင့်သူ့ညီမSooလက်ထဲတွင်ပန်းများကားတစ်ပွေ့တစ်ပိုက်။
အစ်မဖို့...ပန်နော်အစ်မ..
Baekသည်ဆံနွယ်ပျော့ပျော့လေးများကိုဆံထုံးသဖွယ်
ခွေလိုက်ပြီးဆံညှပ်နှင့်ထိုးလိုက်သည်။ထို့နောက်
ပန်းကလေးများကိုဝန်းဝိုက်ပန်ဆင်နေသည်။
ကဲလှရဲ့လား...ကလေးတို့
ပန်းများကိုပန်ချင်သလိုပန်ထားသောBaekကားလူရိုင်းမလေးနှင့်တူနေသည်။
Baekဘေးတွင်ငုတ်တုတ်လေးထိုင်ကာBaekကိုငေးမောကြည့်နေရှာသောSoo
ကသူ၏အသည်းပုံနှုတ်ခမ်းလေးများကိုပေါအောင်ရီ
ရင်းခက်သွက်သွက်ခေါင်းညိမ့်ပြလေသည်။
အစ်မတို့..မိဘတွေကသူဌေးတွေဆိုSehunကမေး
လေသည်။ တီရှပ်အပွနှင့်လွယ်
အိတ်ကိုစလွယ်သိုင်းထားပြီး
ကလေးတွေနှင့်ရွာရိုးကိုးပေါက်ဆော့သော
Baekကိုမည်သူမျှသူဌေးသမီး
ဖြစ်သည်ဟုမယုံနိုင်ပေ။
ဘယ်သူပြောတာလဲ
တီလေးXiuလေဘေးခြံကဦးကြီးChen
ကိုပြောပြနေတာ...
မမကသိပ်ဆိုးတာတဲ့၊ပိုက်ဆံလည်းအားကြီးသုံးဆိုပဲဟုတ်လားအစ်မ
ဘာပြောတယ်
Baek၏မျက်ခုံးလေးများမှာတွန့်ချိုးသွားပြီး
Sehunကိုမဆီမဆိုင်အောလိုက်မိသည်။တီလေးXiuကိုပဲစိတ်ဆိုး
ရမလိုဖေဖေနှင့်မေမေကိုပဲစိတ်ဆိုးရမလို
Baekစိတ်ထဲတွင်မနက်ကကိစ္စကြီးပေါလာလေသည်။ ရာတ်ခြည်းမျက်ရည်ဝိုင်းလာသောBaekကို
Sehunနားမလည်သလိုကြည့်မိ၏။
အော်Sehunလေးရဲ့လူကြီးတွေဆို
တာတစ်ခါတစ်လေမဟုတ်တာ
သိပ်ပြောတတ်တာ၊အစ်မတို့ကဆင်းရဲတာကွယ့်
ဟုတ်လား
အေးပေါ့ ကင်မ်ချီလေ..
ကင်မ်ချီရောင်းရတာ၊အခုကျောင်းပိတ်ရက်တောင်
အစ်မကိုမကျွေးနိုင်လို့
တီလေးXiuဆီထည့်လိုက်ရတာ
တကယ်..
အေးတကယ်ပေါ့Sooရဲ့တစ်ခါတစ်လေမေမေနေမ
ကောင်းရင်မမကိုယ်တိုင်ဈေး
ရောင်းထွက်ရတာ၊အစ်မတို့မှာမောင်နှမတွေလည်းမေားတော့မလောက်ဘူး
အရွဲ့တိုက်ချင်သောစိတ်ကလေးနှင့်တွေ့ကရာ
ပြောနေသောBaekကိုSooလေးကအသာလေးငေးကြည့်နေ၏။
အခုလည်းအစ်မမှာတစ်ပြားမှမရှိဘူး၊တီလေးXiu
ကျွေးတာပဲစားနေရတာ၊
ဖေဖေနဲ့မေမေတောင်ဈေးရောင်းမကောင်း
ရင်ဆန်ပြုတ်သောက်ရတာ..
အစ်မကိုဘယ်ကမုန့်ဖိုးပေးမှာလဲလို့
Baekသူ့ကိုယ်သူဘာကြောင့် မဟုတ်တာတွေပြောနေမှန်းမသိချေ။
မထမဆုံးအကြိမ်လိုတာမရ
သောစိတ်ကြောင့်ထင်ရာစိုင်းနေသောစိတ်ကလေး
တဝေေ၀ဖြစ်နေတော့သည်။ပါးစပ်ကလေးများဟကာနားထောင်နေသောSehunနဲ့Sooတို့
မောင်နှမ၂ယောက်ကြောင့်စိတ်ထဲတွင်ပျော်
သလိုရွှင်သလိုနှင့်ရယ်ချင်သလို
အဲ့ဒါဆိုအစ်မကပိုက်ဆံအများကြီးမသုံးဖူးပေါ့
အေးလေငါ့ရုပ်ကသူဌေးသမီးပုံစုံပေါက်နေလို့လား
ပန်းပေါင်းစုံ၊တီရှပ်အပွ၊ဘောင်းဘီကွက်ကျားနှင်
Baekပုံစံသည်Sulay Company
ပိုင်ရှင်သမီးရုပ်နှင့်လုံးဝမတူ။
Soo Baekကိုငေးကြည့်ရင်း
အစ်မSooစုထားတာဝမ်10000
ရှိတယ်အစ်မလိုချင်ရင်5000ယူလေ..
Baekရင်ထဲတွင်ဟာကနဲဖြစ်သွားပြီးSooကိုတွေတွေ
ဝေေ၀ငေးကြည့်နေမိသည်။
နေပါစေSooလေးရယ်...
အားစိုက်၍ပြောလိုက်သောBaek၏အသံမှာတုန်ခိုက်
သွားသည်။စေတနာဖြူစင်သူလေး၏မျက်လုံးကိုရင်မဆိုင်
ရဲသဖြင့်မြေကြီးညိုညိုကိုသာစိုက်
ကြည့်နေမိသည်။
Baekလည်းမိဘဆီမှမရသောအခါမှငွေ၏
တန်ဖိုးကိုနားလည်သဘောပေါက်လေတော့သည်။
KAIရော
အတန်ကြာမှBaek Kaiကိုသတိရမိသည်။
Kai Baekဆီမလာသည်မှာ၂ရက်ရှိနေပြီ။
Mr.နားကားအိမ်မှာအလုပ်သွားလုပ်နေတယ် အစ်မရဲ့..
Sehunဘေးဘီကိုအကဲခပ်ပြီးမှခပ်တိုးတိုးပြောလေသည်။
ထိပ်တန်းSecretကိုပြောနေရသလိုသူ့မျက်နှာက
လည်းအရေးတကြီးဖြစ်နေလေသည်။
ŞİMDİ OKUDUĞUN
ငယ်သူမို့မသိပါ
RandomChanyeol and Baekhyun fiction လေးပါ။ Honeyအရမ်းကြိုက်သောမစန္ဒာရဲ့ဝတ္ထုလေးပါ။ ရုပ်ရှင်တောင်ထွက်ပြီးသွားပါပြီ။ အားပေးကြပါဦးနော်...ပထမဆုံးလေးပါ။ We are One ExoL..