ငယ်သူမို့မသိပါ
အပိုင်း၎
Baekတကယ်စိတ်တိုလာပြီ
ဆိုတော့Sehunလည်းKaiကိုပြေးခေါလေသည်။စားပွဲအောက်တွင်ဖင်ထောင်ရင်း
ဘုရားစာကပေါက်တိကပေါက်ချာရွတ်နေသောKai
ကိုတွေ့ရသည်။သူတို့၂ယောက်ပြန်လာကြသောအခါ
Baekမြေအောက်ခန်းတံခါး
အားလုံးဖွင့်ထားပြီးဖြစ်၍အခန်းအတွင်းအတော်အ
တန်အလင်းရောင်ရနေပြီဖြစ်
သည်။
ုခုနတုန်းကအော်သံတွေကြားရတယ်..ဘာဖြစ်ကြတာလဲ
ဦးYeolကအခုမှလာတယ်၊ကျွန်တော့်ဖြင့်ဦးကိုလိုက်ရှာ
နေတာမတွေ့လို့
စားပွဲအောက်ဝင်ပြီးဖင်ထောင်နေတာဆိုပါတော့
Kai၏စကားကိုSehunက
ဆက်ပေးလိုက်သည်။အမှိုက်
သရိုက်များပေနေသောBaek
တို့သုံးဦး၇ုပ်ကားရယ်စရာ။
ဟခုနကငါအိမ်သာထဲမှာဟ၊
ဘယ်လိုလုပ်ပြီးထွက်လာနိုင်မှာလဲ Chanyeolသူ့ကိုမကျေမနပ်ပြစ်တင်နေသောKai
ကိုဆောင့်ကြီးအောင့်ကြီးဖြေ
လိုက်ရင်းရယ်လိုက်မိသည်။
Kaiတစ်ယောက်လာစဉ်က
တည်းကငိုအားထက်ရယ်အား
သန်နေသည်။အလုပ်မပြင်း
သောလည်းYeolအပါးမှတစ်ဖ
ဝါးမှမခွာပေ။Yeolကိုမျက်စိအောက်မှအပျောက်မခံ၊အကြောင်းမူကားသရဲကြောက်
ခြင်းကြောင့်။
Baekစိတ်တိုနေရသည့်အထဲ
တရစပ်ရယ်နေသောYeolကြောင့်စိတ်များကပိုတိုလာ
သည်။အမေးအဖြေလုပ်နေ
ကြသောသူတို့ကိုအရေးမစိုက်
ဘဲဘောင်းဘီကိုဆွဲတင်ကာ
အခန်းကိုရှင်းတော့သည်။
ဟေ့Kaiစကားများမနေနဲ့
သွားအမှိုက်ခြင်းသွားယူ
Chnayeolသူ့ကိုအရေးမစိုက်
ဘဲkaiကိုငေါက်လိုက်သည့်
Baekကိုမျက်လုံးပြူးကာငေး
ကြည့်နေမိသည်။ စိတ်ထဲတွင်လည်းတော်တော်လာတယ့်
ကောင်မလေးဟုတွေးရင်း
စိတ်အချဉ်ပေါက်သွားသည်။
ဟေ့ဒီအခန်းကိုပြောင်နေအောင်ရှင်း၊အဲ့ဒါမှပိုက်ဆံပေးမယ်ကြားလားဆိုးပေ
အထက်စီးလေသံနှင့်ပြောသောChanyeolကိုBaekမျက်
စောင်းထိုးလိုက်သည်။Shirt
အပွကြီးနှင့်တံမြက်စည်းရှည်
ကိုင်ထားသောBaekကားနတ်သမီးပံပြင်ထားကစုန်းမလေး
နှင့်တော်တော်ဆင်သည်။
Chanyeolစိတ်တိုသောBaek
မျက်နှာလေးကိုခပ်ပြုံးပြုံး
ကြည့်ကာထွက်သွားလေသည်
သူကျောခိုင်းခဲ့ပြီးမှအသံထွက်
ရယ်နေမိသည်။
Baekတံမြက်စည်းလှည်း
လိုက်၊ပါးစပ်ကလည်းပေါက်
ပေါက်ဖောက်လိုက်နှင့်စိတ်
အချဉ်ပေါက်နေသည်။ဒီနေ့
ဘယ်သူ့ကိုမှမကျေနပ်၊မခြေက်သောသရဲများကိုလည်း
ကျိန်ဆဲနေမိသည်။
Baekသူတစ်ပါး၏သြဇာကို
မခံဖူးသဖြင့်ငိုခင်သလိုလိုဖြစ်
နေသည်။
လာချင်ဦးဟJaeju
တွေ့ချင်ဦးသရဲ
လိုချင်ဦးဟပိုက်ဆံ
ခံခံကိုယ့်ဒိုက်နဲ့ကိုယ့်ကံ
အစ်မဘာတွေရွတ်နေတာလဲ
Sehunသိချင်ဇောကြောင့်
မေးလိုက်မိသည်။
အော်မမသရဲမခြောက်ဂါထာ
ရွတ်နေတာ..
ဗျာ..သရဲမခြောက်ဂါထာ
အေး..သိချင်လား
ဟုတ်မမ..သိချင်တယ်..
Baekစိတ်ပေါက်ပေါက်နှင့်
အတည်ပေါက်နောက်သည်ကို
Kaiကပါအတည်မှတ်ကာ
အနားကပ်လာသည်။ဤ
ဂါထာအားကိုးနှင့်မမBaek
သရဲမကြောက်ဟုတွေးမိသည်
အဲ့ဒီဂါထာရရင်မင်းတို့ကို
်ဘယ်သရဲမှမခြောက်နိုင်ဘူး
ဒါပေမယ့်မင်းတို့သူရဲဘောကြောင်ရင်ပိုခြောက်လိမ့်မယ်
အာ..မမသာသင်ပေးသားတို့
မကြောက်တော့ဘူး..
Baekသူပြောသမျှယုံနေသော
ကလေးများကိုပိုစချင်လာသည်။
ကဲမှတ်ထားတော့..ငါဆိုပြီ
ဥုံ ချမ်းလိုက်စောက်
ချမ်းလိုက်စောက်..
သောက်အောင်ချေ
သောက်အောင်ချေ..
Baekရီတိသမျှကိုsehunတို့
followလိုက်ကြသည်။
အော်ပီးလီးသရဲ
အော်ပီးလီးသရဲ
ငေါက်မကြာ ငေါက်မကြာ
ကဲဒါပဲ..သရဲကြောက်တာတွေ
မရှိရတော့ဘူးနော်..Nansam
ဘိုးအေဂါထာ၊အဲ့တာမမ
အဘိုးရဲ့ဂါထာ.မှတ်ထားနော်
Yes, မမ..
Baekမျက်နှာပိုးသေ၍
Sehunနဲ့Kaiလည်းအဟုတ်မှတ်ကာသန့်ရှင်းရေးလုပ်ရင်း
အလွတ်ကျက်နေကြသည်။
Baekရိုးသားသောကလေး
များကိုကြည့်ရင်းရယ်ချင်
စိတိကိုမနည်းထိန်းထားရ
သည်။Baekဂါထားကားအချီး
အနှီးတော့မဖြစ်Kaiသည်ပင်
တစ်ယောက်တည်းသွားလာရဲ
လာသည်။
Baek Chanyeolပေးသော
ဝမ်2000အထပ်လေးကိုကြည့်
ကာငေးနေမိသည်။
ယူလေကွာ.ဘာသေးနေတာလဲ
စိတ်မရှည်သလိုခပ်မာမာလေးပြောမှBaekလှမ်းယူ
လေသည်။Baekလက်များ
ကမသိမသာတုန်နေသည်။
ရင်ထဲတွင်လည်းနှလုံးသွေးက
တဒိန်းဒိန်းခုန်နေသည်။တစ်မျက်နှာလုံးကားပူထူထူ
ဖြစ်နေသည်။
မင်းအခန်းကြီးကတော့မနက်ဖြန်ခါပါဆက်ပြီးရှင်းရမှာပဲ
မင်းလည်းတော်တော်မောပြီ
ပေါ့
Chanyeolသူအထက်စီးနှင့်
ပြောခဲ့သည်ကိုသတိရပြီး
စကားပြေပြောနေသည်။တစ်
ကိုယ်လုံးပေရေကာကြောင်ချေးရုက်ပေါက်နေသော
ကလေးမလေးကသနားစရာ
ကောင်းသလိုရယ်စရာကောင်း
နေသည်။
Baekတစ်သက်နှင့်တစ်ကိုယ်ဒီလောက်မပင်ပန်းဖူးချေ။နဂို
ကတည်းကစေနာထားကာ
ကူညီတတ်သည့်စိတ်ကြောင့်
ယခုပိုပင်ပန်းနေသည်။မဖြစ်
စလောက်ပိုက်ဆံအတွက်
သူတစ်ပါးအိမ်တွင်သန့်ရှင်းေ၇းသွားလုပ်သောမိBaek
အဖြစ်ကိုSulay Company
ပိုင်ရှင်ဖြစ်သောမိဘများသိ
သွားပါကသွေးပျက်သွားလိမ့်မည်။
မမBekရေပိုက်ဆံတွေကအများကြီးနော်..
Kaiက၀မ်းသာအားရပြော
ရှာသည်။
Baekကတော့ရဖူးပါသည်..
ပိုက်ဆံကိုအထပ်လိုက်ကိုင်
ကာသုံးဆွဲဖူးသည်။သို့သော်
ထိုငွေများသည်Baekအစွမ်း
နှင့်ရခြင်းမဟုတ်.မိဘများကမုန့်ဖိုးပေးခြင်း
သာဖြစ်သည်။
Baekအခုမှပိုက်ဆံတန်ဖိုးကို
နားလည်လာမိသည်။
Baekရုတ်တရတ်Kaiမျက်နှာ
ကိုကြည့်ကာရယ်လိုက်မိသည်
ဟားဟား ရုပ်တွေကိုကသရဲ
ရုပ်တွေ.ကြောက်စရာကြီး
ဟုတ်ပမမ မျက်နှာမှာလည်း
နှုတ်ခမ်းမွှေးကြနဲ့
ညစ်ပတ်ပေေ၇နေသာရုပ်များ
နှင့်အိမ်ပြန်လျှင်လူကြီးများသိ
ကုန်မည်စိုးသည့်အတွက်
မလှမ်းမကမ်းတွင်ရှိနေသော
Namiချောင်းတွင်ကိုယ်လက်
သန့်စင်ပြီးမှပိုက်ဆံများကိုခြံ
ဘေးမြေကြီးထဲတွင်မြှုပ်နှံကာ
တီလေးXiuဆီချီတက်ခဲ့သည်။
လာစမ်းပါမိBaekတစ်နေ့လုံး
ဘယ်သွားနေလဲ..
တီလေးXiuသည်Kimbab
လိပ်နေရင်းBaekကိုလှမ်းအော်သည်။Baekကားကုပ်ချောင်းကုက်ချောင်းနှင့်မို့ထူး
ဆန်းနေသည်။
ကြည့်စမ်းတစ်ကိုယ်လုံးညညစ်ပတ်နေတာပဲ
ညည်းချောင်းထဲမှာသွားဆော့
လာတယ့်ပေါ့ ဟုတ်လား
သူ့မေမေSuဆီမှစာရပြီးကတည်းက
ခြေငြိမ်နေသဖြင့်လိမ္မာလှပြီ
ဟုထင်နေရာအခုယောင်းမ
မြင်းစထွက်ချေပြီ။
မိန်းမဆိုတာယဉ်ကျေးသိမ်
မွေ့ရတယ်Baekရယ့်
ဟုတ်ကဲ့
ကိုယ်ကမိန်းမပီပီသသနေမှ
ပတ်ဝန်းကျင်ကရိုသေတာ
ဟုတ်ကဲ့
မိန်းမဆိုတာတန်ဖိုးရှိမှဂုဏ်
တက်တာ
ဟုတ်ကဲ့ပါ
BaekတီလေးXiuပြောသမျှပြောင်စပ်စပ်နှင့်ခေါင်းစွတ်
ငြိမ့်နေသည်။မကြာခဏအဆူ
ခံနေရသောBaekကားအေ၇
ထူနေပြီ..
အော်တီလေးဒီမှာရေ.သောက်လိုက်ဦးနော်ပြီးမှဆူ
မော်နေမှာဆိုးလို့..ဟီးဟီး
ငါနော်ဒီကလေးမနဲ့..
အော်ကလေးတွေတော်နက်ပိုင်းတွေလျှောက်မသွားကြနဲ့နော်..
တီလေးကဆုံးမစကားကိုဆက်ပြန်သည်။Baekတို့ကားပါးစပ်
ထဲတွင်ထမင်းလိပ်နှင့်ပြည့်ကျပ်နေသောကြောင့်ခေါင်း
သာစွတ်ညိမ့်နေသည်။
သြော်ဒါနဲ့ကိုChenပြောတယ်
Cherryပင်အိမ်မှာလူရောက်နေတယ်ဆို
ဟုတ်တီလေးလူရောက်နေတာကြာပြီ
တီလေးအမေးကိုKaiဖြေလိုက်သည်။
အေးအဲ့အိမ်မသွားနဲ့နော်..
သရဲခြောက်တယ်ဆိုပဲ
ကြံဖန်ဖန်တီလေးရယ်..မသွားပါဘူး
Baekတို့၃ဦးသားသံပြိုင်ဖြေ
လိုက်ကြသည်။ထို့နောက်တစ်
ဦးမျက်နှာတစ်ဦးကြည့်ကာ
ရယ်လိုက်လေသည်။
ŞİMDİ OKUDUĞUN
ငယ်သူမို့မသိပါ
RandomChanyeol and Baekhyun fiction လေးပါ။ Honeyအရမ်းကြိုက်သောမစန္ဒာရဲ့ဝတ္ထုလေးပါ။ ရုပ်ရှင်တောင်ထွက်ပြီးသွားပါပြီ။ အားပေးကြပါဦးနော်...ပထမဆုံးလေးပါ။ We are One ExoL..