Part3

210 20 0
                                    

ငယ်သူမို့မသိပါ
အပိုင်း၃
ဘာMr.နားကားအိမ်ဟုတ်လား..Baekအံသြခြင်းများစွာနှင့်မေးမိသည်။
ဟုတ်တယ်မမရဲ့ဟိုတစ်နေ့ကပဲကျွန်တော်နဲ့သူ့ခြံနားက
ဖြတ်သွားတော့ပြုံးပြလို့ဗျ..
နောက်ပြီးသူကကျွန်တော်တို့ကိုစိတ်မဆိုးပါနဲ့တယ့်
သူ့အိမ်နဲ့ခြံကိုရှင်းပေးရင်
ဝမ်2000ပေးမယ်တယ့်..
ပိုက်ဆံကအများကြီးဒါပေမယ့်ကျွန်တ်ာကကြောက်လို့ဗျ...
ဟဲ့ဘာကြောက်တာလဲ....
Mr.နားကားအိမ်ကသရဲခြောက်တယ်လေ...
Kim Young Minနဲ့ Lee Soo Manတစ္စေလေ..
တစ်ရွာလုံးအဲ့နားဘယ်သူမှမသွားဘူး..
နေနေ...ကြပါဦးဟယ်..
ငါ့ကို..အဲ့အကြောင်းပြောပြစမ်းပါ...
တစ်ယောက်စီအလုအရက်ပြောနေသောSehunနှင့်Sooတို့မောင်နှမကိုBaekလက်ကာပြီးပြောရသည်။ ..
Sooမျက်လုံးလေးများပြူးကျယ်လာပြီး
Baekနားကပ်လာသည်။သူတို့၂ဦးပြောပြသောသရဲအကြောင်းကို..
Baekတငေးတမောနားထောင်နေမိသည်။
ဂျယ်ဂျူတွင်Lee Soo Manဆိုသောမိန်းမချောလေးကိုဘတ်ဂျယ်မြို့စားကြီး
မြင်မြင်ချင်းချစ်သွားသောကြောင့်တော်ကောက်လိုက်သည်။အားလုံးကL.S.Mကို
အားကျကြသည်။...သိုပေမယ့်LSMကသူ့အချစ်ဦးKim Young Minကလွဲ၍မည်သူမျှမချစ်နိုင်...
အဲ့လိုနဲ့LSM.ဘတ်ဂျယ်မြို့စားနဲ့
မင်္ဂလာဆောင်မယ့်နေ့မှာအဲ့အိမ်သို့ခိုးပြေးရင်း
လူမိရမှာ၂ယောက်စလုံးအသတ်ခံလိုက်ရခြင်း
ုဖြစ်သည်။...
ဒါနဲ့လေဦးChenသူငယ်ငယ်တုန်းကအရက်မူးပြီးအဲ့အိမ်မှာ
သွားအိပ်တာ..KYMနဲ့LSMတို့၂ယောက်ခေါင်းပြတ်ကြီးနဲ့တွေ့တယ်တဲ့...
Sehunနဲ့Sooကြက်တူရွေးနှုတ်တိုက်လိုပြောသွားကြ
သည်။အခုမှBaekလည်းအဲ့
အိမ်နားသို့လူသွားနည်းကြောင်းသတိထားလာမိ
သည်။..ဟုတ်ရဲ့လား..Sehun
ရယ်သရဲဆိုတာတကယ်ရှိလို့လား.....
မမသရဲကြောက်လား
မကြောက်...ကြောက်လုံးဝမကြောက်..
တကယ်...
အင်းတကယ်.....
Baekငယ်ငယ်တည်းကသိပ်မကြောက်တတ်။၁၀နှစ်အရွယ်တုန်းကတစ္စေကြီးပွဲတော်များနေ့မှာအကိုဝမ်းကွဲ
Krisနဲ့ပေါင်းပြီးအမဲသား
အစိမ်းများကိုခြံထဲသို့သယ်ကာညသံခေါင်ကျော်တွင်
သရဲခေါရန်ကြံစည်ခဲ့ဖူးသည်။
သို့သော်ခြံစောင့်ဦးလေးကြီး
၏သူခိုးနှင့်အထင်မှားမှုကြောင့်မိဘများ၏အရိုက်ခံခဲ့ရသည်။
သရဲကိုလေ့လာချင်သောစိတ်များBaekထံတွင်ပြင်းထန်လာသည်။ဟုတ်သည်မဟုတ်သည်ကိုအပထား
ထိုအိမ်ကြီးထဲသို့လေ့လာချင်မိသည်။
သရဲဆိုတာတကယ်မရှိပါဘူး
စိတ်ကထင်နေတာပါ...ဟိုနေ့ကမမတို့ပန်းသွားခူးတုန်းက
သရဲတွေ့လို့လား.Sehunရဲ့..
ဟုတ်တယ်မမရဲ့ Mr.နားကားကလည်းပြောတယ်သူ့အိမ်မှာသရဲ
မရှိဘးတယ့်ကျွန်တော်လည်း
Kaiကိုမခြောက်ရင်မနက်ဖြန်သွားလုပ်တော့မှာဝမ်2000
ကြီးတောင်ရမှာလေ...
Sooရေမေကြီးမသိစေနဲ့နော်...
ဝမ်2000တောင်ရမှာ....
အင်း...၀မ်2000..၀မ်2000
Baekလည်း...၀မ်2000လို့တဖွဖွရွတ်ရင်း
အကြည့်များကထင်းရှုးပင်တန်းဆီသို့....
သြော်လတ်သစတ်တော့မင်းကိုး...
Chanyeolပြုံးစစနှင့်ရေရွတ်မိသည်။သူ၏ခြံထဲသို့ပန်းများ
ကိုပြန်ပြီးကန်သွင်းသွားသောသူမအကြောင်းကိုတွေး
မိတိုင်းဒေါသစိတ်ပျောက်၍
ရယ်ချင်လာမိသည်။
မင်းနာမည်ဘယ်လိုခေါလဲ
မဆိုးပေ...
Baekနှုတ်ခမ်းပါးကိုတင်း
တင်းစေ့ရင်းမြေကြီးကိုစိုက်ကြည့်နေရာမှခတ်ပြတ်ပြတ်
ပြောလိုက်သည်။Baekတို့အခေါMr.နားကားအမည်ခံ
Chanyeol၏ရယ်ကျဲကျဲမျက်နှကိုမြင်ရကတည်းကချယ်ရီပန်းကိစ္စနှင်ပတ်သက်သော
ရှက်စိတ်နုနုကလေးများကပြန်
ပေါလာသည်။အရွဲ့တိုက်ချင်စိတ်ကြောင့်Baekနာမည်အရင်းကိုမပြောပြလိုက်။
ဆိုးပေ...နာမည်နဲ့လူနဲ့တော့အံကိုက်ပဲ..
Chanyeolသည်Baekမျက်နှာလေးကိုကြည့်ကာ
ထောပနာပြုလိုက်မိသည်။
အကူအညီလိုနေသောအချိန်တွင်Kaiတို့လိုကလေးအရွယ်
တွေထက်Baekကအကူအညီပေးနိုင်မည်မှာအမှန်ပင်။
အေးလေမင်းလုပ်ကြည့်ဦးပေါ့...သူတို့လိုပဲ..2000ပေးမယ်၊မင်းအလုပ်အကိုင်ကိုကျေနပ်ရင်နောက်နေ့တွေတိုး
ပေးမယ်...
Baekဘေးတွင်၇ကပ်နေကြသောKaiတို့ကျေနပ်သွားကြသည်။Baekလည်း
သူတို့နှင့်အတူတုအလုပ်လုပ်ရမည်ဆိုတော့ပျော်နေမိသည်.
ကျွန်မဒီနေ့ဘာလုပ်ရမှာလဲ
Baekသူ့အလုပ်ရှင်ကိုမေးမိသည်။ဘ၀တွင်ပထမဦး
ဆုံးအလုပ်လုပ်ရမည်ဖြစ်သောကြောင့်တုန်လှုပ်နေမိသည်။မိမိကိုယ်တိုင်
လည်း SuLayအမွေဆက်ခံသူ
ဖြစ်ကြောင်းမေ့နေမိသည်။
Kaiတို့နဲ့အတူတူမြေအောက်ခန်းကိုရှင်းလေ..သူတို့ကြောက်လို့တဲ့..မင်းကောကြောက်လား..
Baekဘာမှဆက်မပြောဘဲ
Kaiနှင့်Sehunလက်ကိုဆွဲရင်း
ထွက်ခဲ့သည်။သရဲလည်းမြင်ရ
သေးပိုက်ဆံလည်းရသေးဟုတွေးမိရင်းတစ်ချက်ခုတ်နှစ်
ချက်ပြတ်အကြံလေးနှင့်တီလေးXiuစီမှခိုးထွက်လာခဲ့သည်။မိဘကမပို့ပေးသောငွေကိုကိုယ့်ဟာကိုယ်ရှာ
မည်ဟူသောမာနလေးကတလူလူဖြစ်နေသည်။
မမရေ..အခန်းကြီးကမှောင်လို့ဗျ..သူရဲခြောက်မှာကြောက်တယ်ဗျ..Kaiနှင့်Sehunတွန့ဆုတ်ဆုတ်နှင့်ပြောနေသည်။Baekသာမပါလျှင်သူတို့
၂ဦးမြေအောက်ခန်းသို့
ပင်လာမည်မဟုတ်...
မြေတိုက်ခန်း၏နံရံအပေါဘက်တွင်သစ်သားပြတင်း
ပေါက်များရှိပြီး..ထိုပြတင်းပေါက်များကိုပိတ်ထားသောကြောင့်အခန်းကြီးကမှောင်
ပိန်းနေသည်။
Baekအခန်းဝတွင်ရပ်နေပြီး
ထိအခန်းထဲသို့မျက်စိတဆုံး
လေ့လာနေသည်။..
ရော့ဒီမှာဖယောင်းတိုင်နဲ့မီးခြစ်။မြွေပါးကင်းပါး
လေးလည်းကြည့်ကြဦး
Chanyeolလာပေးသော
ဖယောင်းတိုင်နှင့်မီးခြစ်ကြောင့်Baekတို့၃ယောက်
စိတ်သက်သာသွားကြသည်။
ဖယောင်းတိုင်မီးဖြင့်ကြည့်သောအခါမှအခန်းထဲတွင်
စဥ့်အိုးကြီးများနှင့်ပိုးမျှင်အိမ်
များ၊ပိုးဟပ်များသာရှိသည်။
Beakသူရှင်းရမည့်အခန်းကိုကြည့်ရင်းစိတ်မောနေမိ
သည်။အနှစ်အလလကပြစ်ထားသောကြောင့်အခန်းမှာ
လင်းနို့ချေးအနံ့များမွှန်ထူနေ
ပြီးကြမ်းပြင်ပေါတွင်ဖုန်အခဲ
လိုက်တက်နေသည်။ထိုအခန်း
ကိုရှင်းဖို့သုံးလေးရက်လောက်
ကြာမြင့်ပေမည်။
Kaiရေသန့်ရှင်းလုပ်ဖို့ဦး
Chanyeolကိုတံမြက်စည်းနဲ့
ခုံသွားတောင်းလိုက်နော်..
Baekအခန်းထဲသို့ဦးစွာဝင်ရင်းပြောမိသည်။သရဲသတ်လို့
မသေဘဲမြွေကိုက်လို့သေမှ
ဤခြံထဲတွင်အစိမ်းသေဖြစ်
ပြီးနတ်ကွန်းနှင့်နေရမည့်အရေးကိုBaekတွေးရင်းပြုံး
မိသေးသည်။
ကုလားထိုင်ပေါတက်ပြီး
ုပြတင်းပေါက်ဖွင့်လိုက်သောအခါဝီခနဲမျက်နှာကြက်
တွင်နားနေသောလင်းနို့များပျံ
ကုန်ကြသည်။
အောင်မလေးဗျသရဲမကြီး...
Sehunသည်Baek၏
ဘောင်းဘီစကိုမျက်စိစုန်မှိတ်ကာအသားကုန်ဆွဲနေသဖြင့်
Baekကုလားထိုင်အထက်တွင်ခြေကားရားလက်ကားရားရပ်ရင်းဘောင်းဘီကိုကျွတ်မကျစေရန်အတင်းပြန်ဆွဲနေရသည်။
သရဲကုတ်ချိုးမည်ထက်ဘောင်းဘီကျွတ်ပြီးအရှက်
ကွဲမည်ကိုပိုကြောက်နေမိသည်။သတ္တိခဲမောင်
KaiကားSehunသရဲဟုအော်
ကတည်းကမရှိတော့ ...
ကျားကျားလျားလျားနှင့်တံမြက်စည်းပြစ်ချကာ
တစ်ချိုးတည်းထွက်ပြေးသွားလေသည်။

ငယ်​သူမို့မသိပါHikayelerin yaşadığı yer. Şimdi keşfedin