White wolf -one shot (part.1)

752 100 8
                                    


'ကဲကျောင်းသားတွေ လူစုမကွဲစေကြနဲ့နော်
ဒီနားတစ်ဝိုက်မှာ ခဏနားမယ် ဒီတောကျော်ရင် တက်ရမဲ့ တောင်ဆီရောက်ပြီ' ဆရာရဲ့အသံဆုံးတာနဲ့ ကျောင်းသားတွေ ကိုယ့်လွယ်အိတ်လေးတွေ ချပြီး အနားယူနေကြတယ် kaiကတော့ မနားဘဲ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေတယ် kaiတို့ကျောင်းသားအုပ်စုက လေ့လာရေးအနေနဲ့ ဒီနှစ်ကိုတော့ တောင်တက်ကြတာပါ

'kaiရေ လာကွာ မင်းကလည်း ခဏနားချိန်ရောက်တာတောင် မနားဘဲ လိုက်စပ်စုနေတော့တာပဲ' lay kaiကို လှမ်းအော်ဟြေတယ်

kai:: 'ငါကစပ်စုတာ မဟုတ်ဘူးလေ့လာတာ
မင်းငါကိုခေါ်တဲ့အကြောင်းကို သိပါတယ် မင်းငါကို မှီပြီးအိပ်ချင်လို့ မှတ်လား'
lay:: ' သိရင်လည်း ပြီးတာပဲ မြန်မြန်လာ'

တကယ်layဆိုတဲ့သူက အအိပ်မင်းသားပါပဲ နားချိန်မရှိလိုက်နဲ့ အိပ်ဖို့ပြင်ပြီးသားပဲ ကျောင်းကလူတွေက သူကိုနာမည်ပေးထားတယ်
sleeping princeတဲ့လေ

###########
တံခါးကိုအရှိန်ပြင်းစွာ တွန်းဖွင့်ပြီး ဝင်လာတဲ့သူတို့ရဲ့အိမ်တော်ထိန်းarjushiကြောင့် Johnတစ်ယောက် ဖတ်နေတဲ့စာအုပ်ကို ချလိုက်တယ်

John:: ' Arjushi.ဘာဖြစ်လာတာလဲ'
Arjushi:: ' သခင်လေး Dyoထွက်ပြေးသွားလို့ပါ သခင်ကြီးး'
John:: 'ဘာ!!!!!! အခုချက်ချင်းအရပ်လေးမျက်နှာဆီ အစောင့်တွေလွှတ်ပြီး ပြန်ရှာခေါ်လာခဲ့'

Dyoဆိုတာ werewolfမျိုးနွယ်ကို အုပ်ချုပ်နေတဲ့Johnသခင်ကြီးရဲ့သားအငယ်ဆုံးပါ Dyoက ထူးဆန်းတဲ့အဖြူရောင်အမွှေးလေးတွေ ပိုင်ဆိုင်ထားတဲ့အပြင် အစိမ်းရောင်မျက်လုံးကိုပါ ပိုင်ဆိုင်ထားတဲ့သူပါ ပြီးတော့ သူရဲ့ကိုယ်လုံးအရွယ်အစားက ကြောင်တစ်ကောင်သာသာပဲ ရှိတာပါ အဲအရွယ်အစားကနေကို dyoက ဆက်ပြီးမဖွံ့ဖြိုးတော့ပါ ရုတ်တရက်ကြည့်လိုက်ရင် ဝံပုလွေနဲ့မတူဘဲ ကြောင်ဖြူလေးတစ်ကောင်နဲ့ ပိုတူနေတယ်

လူသားတစ်ပိုင်း ဝံပုလွေတစ်ပိုင်းဖြစ်ကြတဲ့ သူတို့မျိုးနွယ်ဆီမှာ နတ်ဆရာမတစ်ယောက် ရှိတယ်
အဲဆရာမရဲ့ဟောကိန်းတစ်ခုကြောင့် Dyoလေးကို ငယ်ငယ်လေးတည်းက အပြင်မထွက်စေဘဲ အစောင့်တွေနဲ့ စောင့်ကြပ်နေခဲ့ရတာ . . .
အခုတော့ ထွက်ပြေးသွားပြီတဲ့လေ . . လူလောကထဲရောက်သွားရင်းးးး
ဟောကိန်းအတိုင်းးးဖြစ်လာခဲ့ရင်ရော . . .

Kaisoo one shot collection Where stories live. Discover now