My little Gost (one shot)- final

653 79 3
                                    


              နောက်ထပ် တစ်ရက် နှစ်ရက် ညဘက်သရဲထပ်ခြောက်မလားလို့ စာင့်ကြည့်နေပေမဲ့ ဘာမှမထူးခြားလာဘူး 
            
              သုံးရက်မြောက်နေ့ မနက်ပိုင်း kaiခြံထဲမှာ လေ့ကျင့်ခန်းလုပ်ရင်း ဘေးအိမ်လှမ်းကြည့်လိုက်တော့ ဟိုကောင်လေးပန်းပင်တွေကို ရေလောင်းနေတာ တွေ့လိုက်ရပြန်တယ် အဲဒါနဲ့ခြံစည်းရိုးနား သွားပြီး ခေါ်လိုက်တယ်

kai:: ' Kyung soo'

            kaiခေါ်သံကြောင့် kyung soo ရေလောင်းနေရာကနေ ခြံစည်းရိုးဘက်ကို လျှောက်လာခဲ့တယ်

kyung soo:: ' hyung . နေရတာ အဆင်ပြေရဲ့လား
သရဲရော ခြောက်သေးလား'
kai:: ' နေရတာ အဆင်ပြေပါတယ် သရဲလား
ပထမနေ့ကတော့ ခြောက်တယ် ဒါပေမဲ့ hyungက လက်ဆွဲနှုတ်ဆက်လိုက်တော့ နောက်ပိုင်းလာမခြောက်ရဲတော့ဘူးလေ ဒါနဲ့သိလား'

            kaiဆက်ဟြေမဲ့စကားကို kyung sooတစ်ယောက် စိတ်ဝင်တစားနဲ့ နားထောင်နေတယ်

kai:: ' သရဲရဲ့လက်လေးက နူးညံနေတာပဲ ဝါဂွမ်းလေးကိုင်နေရသလိုပဲ'
kyung soo:: ' ဟားးး hyungက နောက်နေပြန်ပြီ သရဲလက်က ဘယ်လိုလုပ် နူးညံပါ့မလဲ'
kai:: ' မင်းမယုံရင်လည်း နေ
ငါကို တစ်ခုလောက်ကူညီ'
kyung soo:: ' ဟြေလေ hyung'
kai:: ' ငါကို မင်းစိုက်ထားတဲ့ပန်းပင်တွေထဲက နည်းနည်းလောက်ပေးပါလား ငါစာရေးနေတဲ့စားပွဲက ပန်းအိုးမှာ ထားချင်လို့'

               'ဒါများ ခဏစောင့်'  ဆိုပြီး kyung soo ချက်ချင်းပြေးသွားကာ ပန်းလေးတွေခူးပြီး kaiကို လှမ်းပေးလိုက်တယ် kai ပန်းပင်လေးတွေကို လှမ်းယူရင်း kyung sooလက်ကိုပါ အုပ်ကိုင်လိုက်တယ် kyung sooလည်း kaiလက်ထဲကနေ ရုန်းလိုက်ပြီး 'ကျွန်တော် ကျွန်တော် သွားတော့မယ် hyung' ဆိုပြီး တစ်ခါတည်း ပြေးထွက်သွားတော့တယ်

                 kaiကတော့ kyung sooလက်ကို ကိုင်လိုက်တဲ့ သူ့လက်ကိုကြည့်ရင်း *မင်းဆိုတာ သေချာပါတယ် ဘယ်လိုဒီလိုလုပ်နေတာလဲ little gost*  ဆိုပြီး တွေးနေမိတယ်
              
                နေ့လည်ရောက်တော့ စာရေးနေရင်း အော်ခေါ်သံကြားလို့ ကြည့်လိုက်တော့ ဗူးလေးတစ်ဗူးကိုင်ထားတဲ့ kyung sooကို တွေ့လိုက်တယ် သူကိုအောက်ဆင်းခဲ့ဖို့ အမူအရာလုပ်နေတာကြောင့် kaiလည်း ခြံထဲကို ဆင်းလာခဲ့တယ်

Kaisoo one shot collection Où les histoires vivent. Découvrez maintenant