Cupid Bus_car ( one shot)

1.6K 95 1
                                    

ကျွန်တော်က ဘူဆန်ကနေ seoulကို ပြေးဆွဲနေတဲ့ ဘတ်စ်ကားလေးပါ ဘူဆန်က စာတော်တဲ့ကျောင်းသားကျောင်းသူအချို့ seoul universityမှာ ကျောင်းတက်နိုင်ဖို့အတွက် တာဝန်ထမ်းဆောင်နေတာဆိုရင် ပိုမှန်ပါတယ် လူအများကို တင်ဆောင်ပြီး သွားလိုရာခရီးတွေကို အဆင်ပြေပြေ ဘေးအန္တရာယ်ကင်းစွာ ရောက်ရှိဖို့ အတတ်နိုင်ဆုံးဆောင်ရွက်ပါတယ် လူအများနဲ့နေ့စဉ် ကြုံတွေ့နေရလို့ လောကကြီးအကြောင်းကို တော်တော်လေး နားလည်နေပြီလေ
လောကကြီးရဲ့အကြောင်းအရာတွေ အများကြီးထဲက ကျွန်တော်စိတ်ဝင်စားဆုံးအရာက ဘာလဲသိလား ဟြေပြမယ်မရီနဲ့နော် အဲဒါက *အချစ်* ဆိုတဲ့အရာပါ အချစ်အကြောင်းစိတ်ဝင်စားတယ်ဆိုပြီး တစ်ဖက်သတ်ချစ်ရတဲ့သူ ဒါမှမဟုတ် ချစ်သူ ရှိနေပြီလို့ မထင်လိုက်ပါနဲ့ အချစ်ကိုစိတ်ဝင်စားတယ် ဆိုတာက အခြားတော့မဟုတ်ဘူး cupidဆိုတဲ့ မြားနတ်မောင်လုပ်ရတာ ဝါသနာပါနေလို့ပါ ဟိဟိ ကားပေါ်မှာ ကျွန်တော်ကူညီလိုက်လို့ အဆင်ပြေသွားကြတဲ့အတွဲတွေ မနည်းတော့ဘူးလေ ကြွားတာတော့မဟုတ်ပါဘူး အရည်အချင်းရှိကြောင်း ဟြေပြတာပါ
ဒါပေမဲ့ အချို့လူတွေက မကောင်းဘူးဗျာ ဖြုစင်တဲ့အချစ်ကို အရောင်ဆိုးကြတယ် ပြီးတော့ အပျော်ချစ်တာ ဟန်ဆောင်ချစ်တာ ဆိုပြီးရှိသေးတယ် ဒါတင်ဘယ်ကမလဲ ငါကမင်းကို ကြိုက်တာ ချစ်တာမဟုတ်ဘူး အဲလိုဟြေတာတွေလည်း ကျွန်တော်ကြားရတော့ တကယ်စိတ်မကောင်းဘူး ဒါတွေဘယ်လိုသိလဲလို့မေးလိုက်တာ လွယ်ပါတယ် ကားပေါ်မှာ နှစ်ယောက်အတူစီးရင်းနဲ့ အဲလိုတွေဟြေပြီး လမ်းခွဲကြတယ်လေ အချို့ကကျတော့ ကားစီးနေရင်း ဖုန်းဆက်ပြီး လမ်းခွဲစကားဟြေကြတယ်လေ တစ်ခါတစ်လေကျတော့ ဖုန်းဆက်ပြီး လမ်းခွဲစကားအဟြေခံရတာပါဗျာ အဲလိုတွေကြားသိရပြီးနောက်ပိုင်း ကျွန်တော်cupid လုပ်ပေးဖို့အတွေးတွေ ပျောက်ကွယ်ချင်နေပြီလေ ဟူးးးခက်တယ်ခက်တယ် လူတိုင်းမကောင်းဘူးလို့ဟြေတာမဟုတ်ဘူးနော် အချို့ကောင်းတဲ့လူတွေလည်း ရှိပါတယ်

ဒီလိုတွေတွေးနေတုန်းပဲ လူနှစ်ယောက်ရဲ့ကြားမှာ ရှိတဲ့ဖြုစင်တဲ့အချစ်ကို ကျွန်တော်တွေ့လိုက်မိတယ် ကောင်လေးတစ်ယောက် ကားပေါ်မှာနားကြပ်တပ်ပြီး သီချင်းတွေကို သူရဲ့အသည်းပုံနှုတ်ခမ်းလေးနဲ့ လိုက်ဆိုနေတာကို သူရဲ့ အနောက်ဘက်မျက်စောင်းထိုးမှာထိုင်နေတဲ့ အသားညိုညို sexyအသားရောင်ရှိပြီး စူးရှတဲ့မျက်ဝန်းပိုင်ရှင် ကောင်လေးတစ်ယောက် ခိုးကြည့်နေတယ်လေ သူအကြည့်တွေထဲမှာ နက်ရှိုင်းတဲ့ချစ်ခြင်းတွေ ပါဝင်နေတယ်လေ အဲဒါကို သီချင်းဆိုနေတဲ့ ကောင်လေးကမသိပေမဲ့ ဟဲဟဲcupidလုပ်ချင်နေတဲ့ ကျွန်တော်က မြင်ပြီလေ
သူတို့နှစ်ယောက်ကို ကျွန်တော်သိတာ ကြာပါပြီ သူတို့ကနေ ဘူဆန်ဂိတ်အစကနေ seoul universityကို စီးနေကျလေ တစ်ယောက်နဲ့တစ်ယောက် ခိုးခိုးပြီး ကြည့်နေကြတာကို ကျွန်တော်အသိဆုံးပဲလေ မျက်လုံးပြူးပြူး အသားဖြူဖြူ အသည်းပုံနှုတ်ခမ်းပိုင်ရှင်ကောင်လေးနာမည်က Kyung Soo. music major second year တက်နေတာ အသားညိုညို smartကျတဲ့body ရှိတဲ့ကောင်လေးကတော့ Jongin . dancing major first year ကျောင်းသားပါ ကဲကျွန်တော် စကားဟြေတာများနေပြီ cupidလုပ်ပြီနော်
Kyung Sooနားကြပ်နဲ့ သီချင်းနားထောင်နေတုန်း ကားပေါ်ကို ကိုယ်ဝန်ဆောင်အမျိုးသမီး တက်လာခဲ့တယ် အဲဒီတော့ kyung sooလည်း သီချင်းပိတ်လိုက်ပြီး အဲအမျိုးသမီးထိုင်ဖို့ နေရာဖယ်ပေးလိုက်တယ်
ဒါပေမဲ့ အရပ်ကပုနေတော့ ဘတ်စ်ကားပေါ်က တန်းကို မမှီတမှီနဲ့ကိုင်နေရတော့ တစ်ချက်တစ်ချက် ယိုင်ယိုင်သွားတယ် jonginကလည်း kyung sooအဲလိုဖြစ်နေတာလေးကို ချစ်စရာလေးလို့တွေးနေမိတယ် 'ငါထပြီး သူထိုင်ဖို့နေရာပေးလိုက်ရင် ကောင်းမလား အဲလိုလုပ်ပေးဖို့ကလည်း သူနဲ့က ရင်းမှမရင်းနှီးသေးတာ မသိတော့ဘူးကွာ' ဆိုပြီး jonginစိတ်ထဲက ဟြေနေမိတယ် သူတို့တွေဖြစ်ပျက်နေတာတွေကို ကျွန်တော်သိနေတော့ missionစပြီလေ
မှတ်တိုင်တစ်ခုမှာရပ်ပြီးပြန်အထွက် အရှိန်တင်လိုက်တာကြောင့် ကားပေါ်ကလူတွေ ဝရုန်းသုန်းကားဖြစ်သွားတယ် အဲချိန်မှာ Kyung Soo တန်းကို ကိုင်ထားရာက လွတ်ပြီး အနောက်ကိုလန်ကျသွားတယ် kyung sooလည်း 'ငါတော့အသားနာပြီ ' လို့တွေးလိုက်ကာ မျက်လုံးကြီးမှိတ်လိုက်မိတယ် ဒါပေမဲ့ ခန္ဓာကိုယ်က လေထဲမှာရပ်သွားတယ်လို့ခံစားမိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူတစ်ဖက်သတ်ချစ်နေရတဲ့လူရဲ့ မျက်နှာကို အနီးကပ်ကြီး မြင်လိုက်ရတာနဲ့တစ်ပြိုင်နက် ရင်တွေတဒိန်းဒိန်းခုန်လာတော့တယ် kyung soo လဲကျမလို့ဖြစ်သွားတာကို jonginတွေ့လိုက်တာကြောင့် kyung sooခါးကို ဖက်ပြီး လဲမကျအောင်ထိန်းပေးထားလိုက်မိတယ် ကျွန်တော့်hyungရဲ့မျက်နှာကိုအနီးကပ်မြင်လိုက်ရပြီးတော့ သူ့ခါးကိုလည်း ဖက်ထားမိတာကြောင့် ကျွန်တော်ရင်ထဲမှာ ဆူနာမီဖြစ်သလို လှိုင်းတွေရိုက်ခတ်လာတယ် kyung sooလည်း jonginက သူကိုငုံ့ကြည့်နေပြီး သူက jonginရင်ခွင်ထဲရောက်နေတာကြောင့် ရှက်ပြီး မျက်နှာတွေရဲလာတယ် ဘေးကလူတွေသူတို့ကို ကြည့်နေကြတာကိုလည်း အာရုံမရှိကြတော့ပါ ခဏကြာတော့မှ kyung sooအသိဝင်လာပြီး ရုန်းထွက်လာတယ် အဲတော့မှ jonginလည်း သူ့အဖြစ်ကိုသူ သတိထားမိပြီး ရှက်ကာ လည်ဂုတ်ကိုပွတ်နေမိတယ်
jongin:: ' Hyung ကျွန်တော်ခုံမှာ ထိုင်လိုက်ပါလား'
*အားရှီးးး သေလိုက်ပါတော့လား Jongin
မင်း သူကို hyungလို့သွားခေါ်လိုက်တာလား* တွေးကာ ကိုယ့်ကို ကိုအပြစ်တင်နေတယ် kyung sooကို ကြည့်လိုက်တော့ မျက်လုံးအပြူးသားလေးနဲ့ သူကိုကြည့်နေတယ်လေ
Jongin:: ' ကျွန်တော်ထက် တစ်နှစ်ကြီးတယ်မှတ်လား အဲဒါကြောင့် hyung လို့ခေါ်မယ်နော်'
Kyung soo:: ' ရပါတယ် အဆင်ပြေသလိုခေါ်ပါ မင်းရဲ့ခုံမှာမထိုင်တော့ပါဘူး ကျောင်းပဲရောက်တော့မယ်လေ'
' ကျောင်းက မရောက်သေးပါဘူး လိုပါသေးတယ် ထိုင်လိုက်ပါ' ဆိုပြီး kyung sooရဲ့ လက်မောင်းကို jonginဆွဲလိုက်ပြီး ထိုင်ခိုင်းလိုက်တယ်ပြီးမှ 'ကျွန်တော် နာမည်က jonginပါ hyungနာမည်ကရော' ဆိုပြီး jonginမေးလိုက်ပေမဲ့ စိတ်ထဲကနေ *kyung soo မှတ်လားကျွန်တော်သိပါတယ် ဒါပေမဲ့ hyungဟြေတာကို ကြားချင်လို့မေးလိုက်တာပါ* လို့ တွေးနေမိတယ် *မင်းနာမည် jonginဆိုတာ ငါသိပြီးသားပါ* kyung sooစိတ်ထဲကနေ ဟြေလိုက်မိတယ် ပြီးမှ ' kyung sooပါ ' လို့ ပြန်ဖြေလိုက်တယ်
" တွေ့လား cupidဆိုတဲ့ကျွန်တော် လုပ်ပေးလိုက်တာ အဆင်ပြေသွားတယ်မှတ်လား ဒါပဲလေ ဒီလိုပဲဖြစ်ရမှာ ဒါအမှန်ပဲလေ " cupid bus_car လေး သူကိုသူအမွန်းတင်နေပြီး ကားမောင်းနေရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ချယ်ရီပန်းပင်တွေပဲရှိတဲ့လမ်းနေရာလေးကို တွေ့လိုက်တော့ အကြံတစ်ခုထပ်ရသွားတယ်
'ကားက ဘာလို့ရပ်သွားရတာလဲ' 'ကားပျက်တာလား' ဆိုပြီး ခရီးသည်တွေဆီက စကားတွေထွက်လာတယ် 'ခဏလေးပါဗျာ အင်ဂျင်နည်းနည်းချို့ယွင်းသွားတဲ့ထင်တယ် ကျွန်တော် ကြည့်လိုက်ပါအုန်း ကားပေါ်မှာနေချင်တဲ့လူတွေဆက်နေပါ လမ်းဆင်းလျှောက်ချင်တဲ့လူများ ဆင်းလျှောက်နိုင်ပါတယ် နာရီဝက်လောက်တော့ စောင့်ရမှာပါ ' ဆိုတဲ့ ကားdirver ဦးလေးကြီးဆီက စကားသံထွက်လာတာကြောင့် kyung sooလည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ချယ်ရီပန်းလမ်းလေးကို တွေ့လိုက်တယ် အဲဒါနဲ့ ကားပေါ်ကဆင်းပြီး အဲလမ်းဘက်ကို လျှောက်လာလိုက်တယ် kyung sooကားပေါ်က ဆင်းသွားတာကြောင့် jonginလည်း အနောက်က လိုက်သွားတယ် ကားပေါ်ခရီးသည်တွေက သူတို့ဘာသာသူတို့ ကားပေါ်မှာပဲ လေပေါနေကြတယ်
ချယ်ရီလမ်းလေးမှာ ကျောင်းသားလေး နှစ်ယောက်လမ်းလျှောက်နေကြတယ် ယှဉ်တွဲလျှောက်နေတာတော့ မဟုတ်ပါ အရှေ့က တစ်ယောက်လျှောက်နေတာကို အနောက်ခပ်လှမ်းလှမ်းကနေ နောက်တစ်ယောက်က လိုက်နေတာပါ
*ပုပုသေးသေးလေးနဲ့hyung လမ်းလျှောက်နေတဲ့ပုံလေးကိုက ချစ်ဖို့ကောင်းနေတာပဲ* လို့ jonginတွေးနေမိတယ် အဲအချိန်မှာ kyung soo လွယ်အိတ်ထဲကနေ တစ်စုံတစ်ခုကိုထုတ်ဖို့ နှိုက်နေချိန်မှာ အိတ်ထဲကနေ စာရွက်လေးတစ်ရွက်ထွက်ကျလာတယ် အဲစာရွက်လေးက လေတိုက်လိုက်တဲ့အခါ လေနဲ့အတူ jonginဆီကိုရောက်သွားတယ် jongin စာရွက်လေးကို ကြည့်လိုက်တော့ သူရဲ့ပုံတူပန်းချီဆွဲထားတာကို တွေ့လိုက်တာကြောင့် kyung sooဘက်ကို လှမ်းကြည့်လိုက်တော့ ရှက်လို့ထင်တယ် ခေါင်းငုံ့ထားတာကို မြင်လိုက်တယ်
ခေါင်းကိုအသေငုံ့ထားတဲ့ Kyung Sooဆီကို jonginပြေးသွားလိုက်ပြီး သူရှေ့ရောက်တော့ jonginလည်း သူ့လွယ်အိတ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ပြီး ခေါင်းငုံနေတဲ့ kyung sooမျက်နှာရှေ့ကို ပြလိုက်တယ် jonginကို မော့မကြည့်သေးဘဲ စာရွက်ကိုယူပြီး ကြည့်လိုက်တယ် အဲစာရွက်ပေါ်မှာက kyung sooရဲ့ ပုံတူလေးဆွဲထားတာပါ kyung sooလည်း အံသြပြီး jonginကို မော့ကြည့်လိုက်တော့ သူကို ပြုံးပြီး ကြည့်နေတဲ့ jonginကို တွေ့လိုက်တယ် အဲအချိန်မှာ ရုတ်တရက် Jongin kyung sooရှေ့မှာ ဒူးထောက်လိုက်ပြီး 'hyung လမ်းလျှောက်တယ် ဆိုတာ ခြေထောက်တစ်ခုတည်းကို အားကိုးလို့မရပါဘူး မျက်စိရဲ့အကူအညီကိုလည်း လိုအပ်ပါတယ် မျက်စိရှိမှသာ အတားအဆီးတွေ ကျောက်ခဲတွေ ချိုင့်ခွက်တွေကို ရှောင်ရှားနိုင်ပြီး ချောချောမွေ့မွေ့ လျှောက်နိုင်မှာပါ အဲဒါကြောင့် ကျွန်တော်အနာဂတ်ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ လမ်းမှာ hyungက ကျွန်တော်ရဲ့မျက်စိလေး ဖြစ်ပေးပါလားhyung ' ဆိုပြီးဟြေကာ လွယ်အိတ်ထဲကနေ jonginဘူးလေးတစ်ဘူး ထပ်ထုတ်လိုက်ပြီး ဖွင့်လိုက်တော့ ဆင်တူဆွဲကြိုလေး နှစ်ခု ထွက်လာတယ် တစ်ခုက အသည်းပုံ သော့ခလောက်ပုံ တစ်ခုက အသည်းပုံ သော့တံလေးပါ
'hyung ဒီသော့တံလေးနဲ့ဆွဲကြိုးက hyungအတွက်ပါ အဓိပ္ပါယ်က ကျွန်တော်ရဲ့ နှလုံးသားတံခါးပိုင်ရှင်အဖြစ်နဲ့ hyungကို သတ်မှတ်လိုက်တာကြောင့်ပါ I love you. hyung'
ဆိုပြီး jonginစကားလည်းဆုံးရော kyung sooမျက်ရည်တွေကျလာပြီး 'မင်းကိုယ်တိုင် ငါ့ကို ဆွဲပေးလေ jongin' လို့ဟြေလိုက်တယ်
'ဒါ ဒါဆို ကျွန်တော့်အချစ်ကို hyung လက်ခံလိုက်တာလားဟင်' ဆိုပြီး jonginမေးတော့ kyung soo ခေါင်းညိတ်ပြလိုက်တယ် jonginလည်း ဝမ်းသာသွားပြီး မတ်တပ်ပြန်ရပ်ကာ kyung sooရဲ့လည်ပင်းမှာ ဆွဲကြိုးလေးဆွဲပေးလိုက်တယ်
ပြီးတော့ kyung sooပါးမှာစီးကျနေတဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး နဖူးပေါ်ကို အနမ်းတစ်ချက်ခြွေပေးလိုက်တယ် 'မင်းကိုလည်း ငါ ဆွဲကြိုးပြန်ဆွဲပေးမယ်Jongin' ဟြေပြီး သော့ခလောက်ဆွဲကြိုးလေးကို jonginလည်ပင်းမှာ kyung sooဆွဲပေးလိုက်တယ် နောက်တော့ jongin သူရင်ခွင်ထဲကို kyung sooကိုဆွဲထည့်လိုက်ပြီး လွှတ်ထွက်သွားမည်စိုးသည့်အလား တစ်ယောက်နဲ့တစ်ယောက် တင်းကျပ်စွာ ဖက်ထားကြပြီး
' ချစ်တယ် hyung'
' ချစ်တယ် jongin'
အဲအချိန်မှာ လေရူးတစ်ချက် တိုက်ခတ်လိုက်တာကြောင့် ချယ်ရီပန်းပွင့်လေးတွေ ကြွေကျလာပြီး သူတို့ချစ်သူနှစ်ယောက်ရဲ့အချစ်ကို ဂုဏ်ပြုသည့်အလား သူတို့အပေါ်ကို ပန်းတွေကြဲပေးလိုက်သလို့ ကျဆင်းနေကြတယ်
အဲမြင်ကွင်းလေးကို ကြည့်နေတဲ့ Cupid bus_carလေးက *ကဲ ဘယ်လိုလဲ readerတို့ ကျွန်တော်ရဲ့cupid အရည်အချင်းကို မြင်ပြီမှတ်လား*
**********The end************
bus_car is me.ဟဲဟဲ one shot ရေးနေကျမဟုတ်တော့ တစ်မျိုးကြီးများဖြစ်သွားလား ဖတ်ပေးတဲ့ chinguတို့ thank youပါ :) :) :)

Kaisoo one shot collection Donde viven las historias. Descúbrelo ahora