Sori

530 51 0
                                    


Title - Sori

Type- Ǿně Ŝhoť

Character- ÓĈ(You)× Jin(BTS)

{Your Name - Yun Sori}

---------------------------------------------

" လမ်းခွဲကြရအောင် Oppa "

သူမထံမှ ပြောလာမည်ဟု လုံးဝမထင်မှတ်ထားသော စကားကြောင့် ကျွန်တော့် အနည်းငယ် အံ့သြသွားသည်။
နောက်တစ်ယောက်များ တွေ့နေလို့လား?
ကျွန်တော့်ကိုပဲ စိတ်ကုန်သွားတာလား?
ရင်ထဲမှာ မေးခွန်းပေါင်းများစွာနဲ့ ပြည့်နှက်နေပေမယ့် ကျွန်တော့်ခေါင်းထဲမှာ အချိန်ပြည့်ရှိနေသော အသိတစ်ခု

" သူပျော်ရင် ကျေနပ်ပါတယ်လေ
ငါဘာတွေပဲ ဖြစ်နေပါစေ အဆုံးစွန်ထိ သည်းခံနေလိုက်ပါ့မယ်  "

ကျွန်တော် သူမ မျက်နှာလေးကို နောက်ဆုံးအကြိမ်ငုံ့ကြည့်လိုက်တော့ မျက်တောင်ရှည်ရှည်ကော့ကော့လေးတွေမှာ ရေစက်လေးတွေ တွဲလဲခိုနေသလိုပင်

သူမငိုနေတာများလား?

အင်းလေ သူမငိုတယ်ဆိုရင်တောင်
ကျွန်တော့်ကို အားနာလို့ ငိုတာနေမှာပါလေ

ကျွန်တော် သူမကို နောက်ဆုံးတစ်ကြိမ် ငေးမောကြည့်ရင်း

" အင်းပါ Sori-ah မင်းစိတ်ချမ်းသာရင်ပြီးတာပါပဲ
Oppa လမ်းခွဲပေးပါ့မယ် "

" nae Gamsamitha "

Aww ကျေးဇူးတင်တယ်တဲ့

တဖြောက်ဖြောက်ရွာကျနေတဲ့
မိုးစက်တွေနဲ့အတူ ကျွန်တော့်ကို ကျောခိုင်းကာထွက်သွားတဲ့ သူမကျောပြင်လေးက ခံရခက်စွာကဗျာဆန်စွာလှပလျှက်

********************************

" ya Kim Seok Jin မကောင်းတဲ့ကောင်
ငါ့ကို တကယ်မချစ်မှန်းအရမ်းသိသာတယ်
အဟင့် ရွတ် မကောင်းတဲ့ကောင်ကြီး မုန်းတယ် မုန်းတယ် အရမ်းမုန်းတယ် ငါက လမ်းခွဲမယ် ပြောတိုင်းအလွယ်တကူ လမ်းခွဲရလား အရူးကြီးရဲ့ ပြတ်ပြီ ပြတ်ပြီ ဒီတစ်ခါတော့ ရှင်နဲ့ ကျွန်မနဲ့ အပြီးပဲ ဟင့် "

မျက်ရည်တွေကို သုတ်လိုက်
နှပ်ချေးတွေ ညှစ်လိုက် ပြောချင်တာတွေ ပြောလိုက်နှင့် အရူး မခေါ်ယုံတမယ် ဖြစ်နေသော သူမကို ကြည့်ကာ Juri ခေါင်းကုတ်မိသည်။
ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားအာပြဲနဲ့လာအော်ငိုနေ၍ နားပူလို့မငိုရန်ပြောမိပြန်လျှင်လဲ နင့်မှာမှ ရည်းစားမရှိတာ ငါ့ခံစားချက်တွေ နင်ဘယ်သိပါ့မလဲဟု အပြောခံရသေးသည်။
လူယုတ်မာမ လို့ ပြောရင်လဲ မထူတော့ပါဘူးဟု စိတ်ထဲတွင်မှတ်ကာ သက်ပြင်းချပြီး

BTS One Shot Fic CollectionTahanan ng mga kuwento. Tumuklas ngayon