Čǿmě Báčk Ťǿ Mĕ . Pařť{3}

620 63 5
                                    

ငါ မရှိတော့တဲ့ နင်ရဲ့ ကမ္ဘာမှာ Sana နဲ့
ပျော်ရွှင်နိုင်ပါစေ
ငါ မရှိတော့တဲ့ နင်ရဲ့ သာယာဖွယ်နေ့ရက်တွေ ပိုပြီး လင်းလက်ပါစေ

****************************

အပြုံးနုနုလေးကို ချိတ်ဆွဲထားသော ကောင်မလေး၏ လှပသောဓာတ်ပုံလေးက
ဈာပန အခမ်းအနားနှင့် မလိုက်ဖက်စွာ

ကျွန်တော် ထို ဓာတ်ပုံကို ဝိုးတဝါးသာမြင်ရ၍ သေချာကြည့်ရန် အနားသို့ ပိုတိုးသွားလိုက်သည်။ဝိုးတဝါးမြင်ရ ရာမှ တဖြည်းဖြည်းပို၍ သေချာထင်ရှားလာခဲ့သည်။

Ju..Juri… ?
အမည် - Han Juri
အသက် - 22

ဘာတွေလဲ ဘယ်သူက သေမှာလဲ ဘာလို့သေရမှာလဲ
ကျွန်တော် သူမ ရဲ့ ဓာတ်ပုံလှလှလေးရှေ့မှာ ဒူးထောက်ထိုင်လိုက်ရင်း

V - Andwe Han Juri !!

ဟူး … ကျွန်တော် အိမ်မက်မက်နေတာပဲ ။
ရေချိုးထားသလို ထွက်နေတဲ့ချွေးတွေကိုကျွန်တော် သုတ်လိုက်ရင်း ပြန်အိပ်ပျော်ဖို့ ကြိုးစားရန် အိပ်ယာပေါ်လှဲလိုက်သည်။

Juri  …Han Juri

အဲ့နာမည် ကျွန်တော့် နှလုံးသားထဲကိုမဝင်လာအောင် အမျိုးမျိုး တားဆီးထားခဲ့တာ
သူ့နေရာမှာ အစားထိုးနိုင်အောင် မိန်းကလေး တွေ တစ်ယောက်ပြီး ထည်လဲ တွဲခဲ့တာ
Sana နဲ့ အတူနေတဲ့ အဆင့်အထိ ရောက်နေတာကို သူသိအောင် တမင်ပြခဲ့တာ
သူ့ပိုက်ဆံအိတ်ကို တမင်တကာ ကျန်အောင်လုပ်ပြီး သူပြန်လာယူရင် ကျွန်တော်နဲ့ Sana ဆက်ဆံနေတာကိုမြင်အောင် တမင်လုပ်ပြခဲ့တာ

ဘာလို့လုပ်ခဲ့တာလဲ ??
အဟက် ကျွန်တော်လဲ မသိဘူးဗျ
ဘာလို့များ သူ့ကို အဲ့လောက်တောင် ရက်စက်ခဲ့မိမှန်း
သူမ ကျွန်တော့်ကို ချစ်နေတာကို သိနေရက်နဲ့များ ကျွန်တော် ဘာလို့

* Why Oh Why Baby Why Not Me *

ရုတ်တရက်ဖုန်းဝင်လာတာကြောင့် ကျွန်တော့်အတွေးတွေ ခဏရပ်ထားကာ ဖုန်းကိုင်လိုက်သည်။

Jimin - ya! မင်းဘယ်မှာလဲ ငါ ငါ မင်းကို ဖုန်းခေါ်နေတာကြာလှပြီ မက်ဆေ့ခ်ျတွေလဲ ပို့ထားသေးတယ် မင်းမမြင်ဖူးလားကွာ

V - ငါ အိပ်ပျော်နေလို့ကွာ တကယ် sorry

Jimin - Tae Hyung-ah

BTS One Shot Fic CollectionTahanan ng mga kuwento. Tumuklas ngayon