" Baby "ခေါ်သံ ချိုချိုလေးကြောင့် ကျွန်မ နှုတ်ခမ်းတွေ အလိုလိုပြုံးမိသွားသည်။
နွေးထွေးသော လက်တစ်စုံကခါးကို သိုင်းဖက်လာပြီး
ကျွန်မ ပုခုံးပေါ်မေးတင်ထားသည်။" Baby ကိုယ့်အတွက် Breakfast ပြင်နေတာလား "
" omm "
" ya ! ငြိမ်ငြိမ်နေ အကုန်တူးကုန်တော့မှာပဲ "
ကျွန်မ လည်ပင်းကို နှုတ်ခမ်းဖြင့် မထိတထိလာစနေခြင်းပင်ဖြစ်သည်။
" သွား ခုံပေါ်မှာထိုင်ပြီး စောင့်နေ
ဘာမှန်းမသိဘူး မနက်စောစောစီးစီး ပွတ်သီးပွတ်သတ်နဲ့ "" Nae :( "
အဲ့လိုကျတော့လဲ ကျွန်မ တကယ်မနေနိုင်ပါ။
သူပွတ်သီးပွတ်သတ်နေတာကို မနှစ်သက်ပေမယ့် စိတ်ထဲမှာ သဘောကျသလိုတော့ရှိ၏။
ကြော်လက်စ ပေါင်မုန့်ကြက်ဥကြော်ကို မြန်မြန်ဆယ်လိုက်ပြီး မီးဖိုခလုတ်ကို ဆွဲဖြုတ်လိုက်သည်။
ပေါင်မုန့်ကြက်ဥကြော် တစ်ချပ်ကို ယူကာ ကပ်ကြေးဖြင့် အနေတော်ညှပ်ပြီး သကြားဖြူးလိုက်ပြီး ကော်ဖီ ဖျော်ရန်ပြင်လိုက်သည်။သူ့ကို တချက်လှမ်းကြည့်တော့ သူက ကျွန်မကို ငေးကြည့်နေသည်။
ကျွန်မသူထိုင်နေရာ ခုံဆီလျှောက်သွားပြီး သူ့ပေါင်ပေါ်ဝင်ထိုင်ကာ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
" miahnae Oppa
Baby က Oppa ဗိုက်ဆာနေမှာစိုးလို့ အလျှင်လိုနေလို့ ... အွန့် "မေးဖျားကနေ ဆွဲမော့ခံလိုက်ရပြီးနောက်
နူးညံ့သော ထိတွေ့မှုတစ်ခုကို ခံစားလိုက်ရသဖြင့် ကျွန်မ မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။
ကြည်နူးလိုက်တာ ......လှပသောမနက်ခင်းလေး၏ နေရောင်ဖျော့ဖျော့လေးက အခန်းထဲ ဝင်ရောက်လာပြီး သူ့ရဲ့ မျက်နှာပေါ်မှာ ဖြာကျနေသည်။
ကဗျာဆန်လိုက်တာ
ကျွန်မ သူ့ မျက်နှာကို ငေးကြည့်နေရင်း သူနဲ့ ပထမဆုံးစတွေ့ခဲ့တာကို သတိရမိသည်။
ကျွန်မ ပထမဆုံးအလုပ်ထုတ်ခံရတဲ့နေ့
ကျွန်မ ဘဝမှာ တစ်ခါမှ အလုပ်ထုတ်မခံရဘူးပါ
ကျွန်မကသာ တွက်ခြေမကိုက်လို့ အလုပ်ထွက်ခဲ့တာပဲ ရှိသည်။
![](https://img.wattpad.com/cover/50865495-288-k869804.jpg)
BINABASA MO ANG
BTS One Shot Fic Collection
DragosteBTS (One Shot+Two Shot+Three Shot) Enjoy It ! BTS Members တွေရဲ့ Birthday တွေမှာလဲ One Shot ဖြစ်ဖြစ် Two Shot ဖြစ်ဖြစ် update ပေးပါ့မယ် ^^ #pshyuxien