Actorလုပ်ရတာဘယ်လိုလဲ ကိုကို :')
ဒီနေ့ ကျွန်မ ကို့ကို့ Drama ကိုကြည့်ဖြစ်တယ်
အစပိုင်းတည်းက ကျွန်မငိုဖြစ်တယ်…
ဘယ်သူကြောင့်ရယ်လို့ လက်ညှိုးထိုးပြောရမယ်မသိပူး
ကိုကိုပြုံးတော့ ကျွန်မကြက်သီးထလာတယ်
ပြီးတော့ငိုတယ်……
ဘာကြောင့်ဆိုတာမရှိဘူးရယ်…
မင်းသမီးကိုလဲ သဝန်မတိုမိဘူး
ကျွန်မမျက်လုံးထဲမှာ ကိုကို့ကိုပဲမြင်တယ်…
ကြက်သားစားနေတဲ့ ကိုကို……
ကြက်ဖမ်းနေတဲ့ ကိုကို……
မင်းသမီးရဲ့ အခန်းနားလေးမှာ အမြဲရှိနေတဲ့ကိုကို…
ကျောကုန်းငှားဖို့ဝန်မလေးတဲ့ကိုကို……
ဖွဖွလေးပြုံးတတ်တဲ့ကိုကို……
မျက်လုံးပြူးပြူးလေးနဲ့ကိုကို……
ကျွန်မ ကိုကို့ကိုပဲမြင်တယ်…
ကျွန်မနဲ့ကိုကိုဟာ လူတွေမသိကြတဲ့ကမ္ဘာလေးတစ်ခုထဲ ရောက်နေသလိုခံစားရတယ်…
ကိုကို့အမူအရာတွေကြည့်တယ်……
ကိုကို့ဆံပင်ဘုတ်သိုက်လေးလဲ ကြည့်တယ်…
ထီးလေးနမ်းနေတဲ့ ကိုကို့ ရေစိုနေတဲ့ နှုတ်ခမ်းသားဖောင်းဖောင်းလေးကိုလဲ ကြည့်တယ်…
ကို့ကိုကို မြင်တယ်……
ကိုကို့နှလုံးသားကိုမြင်တယ်…
ဒါပေမဲ့ ရယူလိုစိတ် အတ္တတွေမရှိတော့ပူး…
လွတ်လွတ်လပ်လပ် ပျံနေတဲ့ စွန်လေးကို ကျွန်မငေးနေရသလို ခံစားမှုမျိုးနဲ့လေ…
Dating news ထွက်မဲ့ Member Up lineထဲမှာ ကိုကို ပါတယ်ဆို……
Rumorပေမဲ့ တစ်ရက် ဖြစ်လာမှာပဲလေ … :')
ရပါတယ်...
တစ်ခုပဲ………
ကိုကိုရွေးချယ်ခဲ့တဲ့ လက်တစ်စုံအတွက် ကျွန်မတို့ကို အားနာမနေပါနဲ့……
ရဲ ရင့်ပါ……
ပြတ်သားပါ………
အကောင်းဆုံး လျှောက်လှမ်းပါ……
ကျွန်မတို့က ကိုကို သွားမယ့်လမ်းမှာ အားပြည့်နေဖို့ ကိုကို့ဘက်တော်သားဖြစ်နေပေးမယ်……
ယုံပါနော်……
ဘယ်တော့မှ ကျွန်မ ကိုကို့အတွက် နောင်တမရဘူးဆိုတာ :')
#Nanami
BINABASA MO ANG
Do Kyung Sooသို့.........
Sonstigesကျွန်မရဲ့ ခံစားချက်တွေပါ ဟိုစာအုပ်လေးကရောက်တက်ရာရာလေးပေါ့ ဒါလေးကတော့ သူ့အတွက်ရည်ရွယ်ပါတယ်လေ My Star......DKS.........