ဒီနေ့ပေါ့ ...............
ကျွန်မ ချစ်ရတဲ့ Do Kyung Soo ရဲ့ Most Popular Actor Award ရတဲ့ နေ့လေးပေါ့ *-*
Chukahalyo ***
အရင် New Male Actor Award ရခဲ့တဲ့ Do Kyung Soo ဆိုတဲ့သူဟာ အခုတော့ Most Popular Actor ဖြစ်ခဲ့ပါပြီ *-*
သူဟာ အမြဲ ကျွန်မတို့ လေးစားရဖို့ ကြိုးစားခဲ့တယ် ...
စကားတိုတိုပြောတတ်တဲ့ သူ့စကားလုံးလေးတွေကတင် ကျွန်မတို့ကို ပြုံးစေခဲ့တယ် .........
သူက အရာရာအတွက် ကျွန်မတို့ စိတ်မပျက်ရအောင် အမြဲ အပင်ပန်းခံခဲ့တာတွေ.........
သိပါတယ် သိလို့လဲ မြတ်နိုးလွန်း တန်ဖိုးထားလွန်းနေရတာ ......
ရင်ဘတ်ထဲ ပွေ့ပြီးတင်းတင်းဖက်ထားချင်တယ်......
အပြင်လောကမှာ မမြင်နိုင်သေးတဲ့ ကျွန်မအတွက် Phone Screen ပေါ်က သူ့အပြုံးတွေက ပြုံးဖို့ ထိန်းချုပ်နိုင်တာ အတော်ထူးဆန်းတယ် မဟုတ်လား ...
တကယ်ဆို သိပ်ဝေးလွန်းမှန်း သိပါတယ်......
ကောင်းကင်ပေါ်က ကြယ်ကလေးကို မြေပြင်က မြက်ပင်ကလေးက မျှော်ကြည့်နေရုံအပြင် ဘာတတ်နိုင်မှာတဲ့လဲ ......
တစ်ခါတစ်လေ သူငယ်ချင်းတွေက ရှင့်ကို တခြားသူနဲ့ နှိုင်းကြတယ်......
ကျွန်မကို မခံချင်အောင် စကြတယ်......
ရှင့်ကို ဘယ်သူနဲ့မှ အနှိုင်းမခံနိုင်ဘူး .........
နှိုင်းတဲ့သူကို သတ်ပစ်ချင်တဲ့အထိ ဒေါသထွက်တာ ကျွန်မပဲ .........
ရှင်က အရာရာထက်တန်ဖိုးအရှိဆုံးမို့.........
ပြောမပြတတ်အောင် မြတ်နိုးလွန်းလို့......
ငေးကြည့်ရုံအပြင် မတတ်နိုင်ပေမဲ့လည်း ငေးကြည့်ရမဲ့ ဘဝလေးနဲ့တင် ကျေနပ်နေရတဲ့သူလေ ......
အချစ်တဲ့လား ?
သာမာန် သမီးရည်းစားအချစ်တွေလို ချစ် ကြိုက် ကွဲ တတ်တဲ့ အချစ်မဟုတ်ပူး ......
ရယူဖို့ စဉ်းစားဖူးတယ်.........
ကျွန်မ ချစ်သူလို့ ပိုင်စိုးပိုင်နက် ခေါ်ဖူးတယ်.........
BINABASA MO ANG
Do Kyung Sooသို့.........
De Todoကျွန်မရဲ့ ခံစားချက်တွေပါ ဟိုစာအုပ်လေးကရောက်တက်ရာရာလေးပေါ့ ဒါလေးကတော့ သူ့အတွက်ရည်ရွယ်ပါတယ်လေ My Star......DKS.........