ကိုကို

150 25 0
                                        

ကိုကို……

ဘာရယ်မဟုတ် ဒီနေ့တွေးမိတာလေးရှိတယ်သိလား

ကိုကိုက ကြယ်လေးလိုပဲလို့လေ………

နနမီက မြေပြင်က ကြယ်လေးကိုမော့ကြည့်နေတဲ့ ခပ်ထုံထုံကောင်မလေးပေါ့ ……

အကွာအဝေးကြီးကြီးခြားနေတော့ သေးသေးလေးပဲမြင်ရသည့်တိုင် နနမီဟာ ကိုကို့ထက် ကိုကို့ကို ထင်ထင်ရှားရှားမြင်နေရလေရဲ့……

ကိုကိုကတော့ နနမီကို မဲမဲတူးတူးပိစိကွေးလောက်တောက် မြင်ချင်မှမြင်ရမှာလေ ……

နနမီဟာ ကိုကို့အလင်းလက်လက်ကလေးကို မော့ကြည့်ရတာနဲ့တင် ဖြေသာနေတတ်ပေမဲ့
တစ်ခါတစ်လေတော့ လောဘတကြီး လက်ထဲကိုင်ဆုပ်ချင်နေတဲ့စိတ်တွေရှိလာလေရဲ့ ……

ကြယ်လေးကို တက်ဆွတ်ခူးချင်နေမိတာလေ……

ဒါပေမဲ့ ကိုကိုရယ်………

ကိုကိုလင်းလက်နေတာကို နနမီမှိန်သွားအောင် အုပ်မိုးချင်တယ် ထင်လားဟင် ……

ဟင့်အင်း မလိုချင်ပါပူး နနမီ မလိုပူး ……

တစ်နေ့ပေါ့ နနမီ ငှက်ကလေးသာဖြစ်ခဲ့ရင်
ကိုကို့ဆီ ပျံလာခဲ့မယ်
အနီးဆုံးမဟုတ်တောင် နီးနိုင်သမျှနေရာလေးမှာ နနမီပြုံးပြနေမယ်လေ ……

ကိုကိုကတော့ မမြင်လောက်ပေမဲ့ပေါ့………

ကိုကိုပတ်ဝန်းကျင်က Studioတွေ Dance practise Roomတွေနဲ့ စုံနေတဲ့အချိန် နနမီဘေးမှာ ကန်စွန်းရွက်သည်လေးနဲ့ ကုန်စိမ်းသည်လေးတွေ ရယ်နေကြလေရဲ့……

နနမီတို့က သိပ်ကွာတယ်နော်………

တကယ်တမ်းမဖြစ်နိုင်တာမှန်းလဲ သိနေတာကြီးကို ဇွတ်အတင်း စွဲနေတာများလား………

ကိုကို ခေါက်ဆွဲပြုတ်တွေသိပ်မစားနဲ့နော်……

ကျန်းမာရေးလေး ဂရုစိုက် သိလား x'D

ကိုကို့ဆီကို ကံကောင်းခြင်းလေးတွေ ပျံလာပါစေနော်

ချစ်တယ်ကိုကို :')

ဒီနေ့ နနမီနည်းနည်းစိတ်ညစ်နေလို့ပါ x'D

Do Kyung Sooသို့.........Tahanan ng mga kuwento. Tumuklas ngayon