♢Chapter 2♢

1.1K 82 3
                                    

#FS
@MinYuLan


သူစိတ်ညစ်ညစ်နဲ့ပဲ
ဟန်မြစ်ကမ်းဘေးသို့ တစ်ယောက်တည်းလမ်းလျောက်ထွက်လာလိုက်သည်။

သူ မကြိုက်ပါ!
အဲ့ဆိုင်ရှင်ပိုင်ရှင် 
သူ့ Jiminieအပေါ်ကြည့်နေတဲ့
အကြည့်တွေကို သူလုံးဝမကြိုက်ပါ ။

ကွာခြားလွန်းနေသည်မဟုတ်လား ?
စူးရှထက်မြတ်၍ ပြတ်သားသော အရိပ်အယောင်နဲ့ မျက်ဝန်းက
ကျနော့ အပေါ် ကျရောက်နေခဲ့ပြီး

သေချာပေါက် အရည်လဲ့နေသည့်
ကြည်နူးရိပ်သန်းနေသော
မျက်ဝန်းက သူ့Jimin အပေါ် ကျရောက်နေသည်လေ။

နောက်ဆုံးပြောလိုက်သည့်လက်မခံနိုင်ဘူးဆိုတဲ စကားနဲ့ အညီ
ဒွန်တွဲပါလာသော
သူတို့နှစ်ယောက်အား
ခွဲခွာစေမည့် ခနဲ့တဲ့တဲ့ စကားသံနှင့်လှောင်ပြုံးကိုလည်းသူ့ မကြိုက်။

ဘာလို့ လူတစ်ယောက်အပေါ်သူ Serious ဖြစ်လွန်းနေတာလည်း
မဟုတ်မှ
အဲ့ဆိုင်ရှင် သူဌေးကို
သူ့ပြိုင်ဘက်အဖြစ်တွေးနေမိတာလား?
အတွေးဝင်လာတာနဲ့ ရှက်ရွံသိမ်ငယ်မှုတွေချည်းနှီးဝင်ရောက်လာကာ .....

ဟဟ '

တံတားပေါ်က ထွန်းထားတဲ့ ရောင်စုံမီးအကူအညီနဲ့
ရောင်ပြန်ဟပ်နေတဲ့ဟန်မြစ်ရဲ့မျက်နှာပြင်ဘက်မျက်နှာမူပြီး
သူခြောက်ကပ်ကပ်ရယ်လိုက်မိသည်။



အိမ်မက် ...
Jimin Ah ...
ငါတို့နှစ်ယောက်လုံး
အိမ်မက်တစ်ခုတည်းကိုအတူတူ မက်ဖို့ကြိုးစားခဲ့တာမလား ?

ဖြောင့်ဖြူးမယ် လို့ တစ်ဆုံးတွေးထားခဲ့မိတာ။
အနှောက်အယှက်ဆိုတာကို
မသိချင်ယောင်ဆောင်ထားခဲ့တာ...

အခုတော့
ငါကိုယ်တိုင် ကမင်းကိုစွန့်လွတ်ဖို့အတွက်
သားရဲခံတွင်းထဲ စိန်ခေါ်ဝင်ရောက် လိုက်သလိုပဲ ...

မင်းငါ့အပေါ်အဲ့လောက်တော့မရက်စက်လောက်ပါဘူးနော်
ငါ့ကိုငါ အပြစ်တင်စိတ်တွေ ဆက်တိုက်မွေးဖွားအောင်တော့
မင်း အဲ့လောက်တော့ ငါ့အပေါ်မရက်စက်လောက်ဘူးမလား... !
ဟင် Jimin ah .....?


သူ့ရင်တွင်းဖြစ် စကားသံနဲ့အတူ
ကောင်းကင်တစ်ခုလုံး
မှင်အမည်းတွေနဲ့ နက်စွေးနေခဲ့သည်။
ဖြူစင်သော တိမ်မျှင်တစ်ချို့ကတော့
ထုံးစံအတိုင်းဟိုတစ်ကွက်ဒီတစ်ကွက်နဲ့
အမည်းရောင်ရင်ခွင်အား ဆန့်ကျင်သေး၏။

Flamboyant SoreWhere stories live. Discover now