#CHဝေးကွာမှုဆိုတာ နယ်မြေတေပိုင်းကန့်ခြားနားထားမှ ဝေးကွာတယ်လို့ပြောလို့ရတာလား ။
ဟင့်အင်း... ဒီနေ့ပဲ ကျနော်သိလိုက်ရတာ ထပ်ထားတဲ့ နှလုံးသားနှစ်ခုလည်းဝေးကွာနိုင်တယ်ဆိုတာ ။
ကျနော်ပြင်ထားတဲ့ မနက်စာလေးက အဆင်သင့်ကို နောက်ကျမှာစိုးလို့ဆိုကာ ကျနော့ပါးလေးကို တစ်ချက်နမ်းပြီး ထွက်သွားတဲ့သူ ။
ပြောင်းလည်းသွားတာလား အရင်လို အနမ်းတေရော အပွေ့အဖက်တေအထိအတွေ့တေ သူ့မျက်ဝန်းကအကြည့်တေကအစပြောင်းလည်းသွားပြီ ။
မျက်ရည် ကျတဲ့ မျက်ဝန်းအိမ်ကို မငဲ့နိုင်တော့ .. ကျနော့ရင်ဘတ်ကြီးကိုသာ တဖုန်းဖုန်းထုရင်း ကျန်ခဲ့ရပြန်ပြီ ။
Busan မြို့ကကောင်းကင်ကြီးကိုလွမ်းတယ် ... အဲ့ကောင်းကင်ကြီးအောက်က အရပ်ပုပုနဲ့ ကျနော့ချစ်သူကောင်လေးကိုလွမ်းတယ် ။
Seoul ကိုတက်လာမိတာ ကျနော့အတွက်အကြီးမားဆုံးအမှားကြီးပဲ အခုမှနောင်တရနေတော့ရော ဘာထူးတော့မှာလည်း ။
;_;_;_;_;_;_;_;_;_;_;_;_;_;_;_;
လာသမျှ ဧည့်သည်တေကို လိုလေသေးမရှိ လုပ်ပေးနေသော ကောင်လေး ... အတော်အလုပ်ကြိုးစားပုံပေါက်သည် ... ဘာခိုင်းခိုင်း ညည်းညူတာမျိုးတချက်မရှိ ... ။
"Jimin ahh ... သူဌေးခေါ်နေလို့ သွားလိုက်ဦး "
"Nae.... Minnie noona ... "
လှေကားလေးအတိုင်းတက်လာပြီး ဘယ်ဘက်အခန်းလေးက လက်ကိုင်ဘုကိုလှည့်ဖွင့်ကာ ...
O.O
အင်္ကျီကျယ်သီးကို ၄ လုံးလောက်အထိဖြုတ်ထားတော့ သိသိသာသာ မြင်နေရတဲ့ သူ့ရင်အုပ်သားဖွေးဖွေးတေ ... ။ကျနော့ကို တချက်မော့ကြည့်ကာ ပြန်ငုံ့သွားပြီး သူ့ရှေ့စားပွဲပေါ်က စာရွက်တေကို အာရုံစိုက်လိုက်သည် ...။
YOU ARE READING
Flamboyant Sore
RomanceYaoi Jikook Yoonmin 2 or 3 shots maybe ! Not much~! Warmly welcome votes&Feedbacks @MinYuLan @Jimin_Cheehtoke (Jins_Cheehtoke)