♤Chapter 1♤

2.5K 114 0
                                    


《~♡♡No..no.. no... He loves me ♡♡~》

♤Busanသားလေးဖြစ်တဲ့ကျနော့ အတွက် ပင်လယ်အငွေ့အသက်လေးတေ တောင်မြင့်ကြီးတေက အထူးအဆန်းမဟုတ်တော့ပါ... တောင်ပေါ်ဆိပ်ကမ်းမြို့ဖြစ်သည့်အလျောက် လူနေထူထပ်ကာ အလွန်လှပသောသဘာဝပတ်ဝန်းကျင်ထဲမှာ ကျနော့နေသားကျနေပြီးဖြစ်သည် ...

ကျနော်အခု တောင်တက်လမ်းလေးပေါ်က မက်မွန်ပင်ကြီးအောက်မှာ လူတစ်ယောက်ကိုစောင့်နေတာ နာရီဝက်လောက်ရှိနေပြီ သူ မလာသေး... ဖုန်း လှမ်းဆက်လိုက်တော့ သူချက်ခြင်းကိုင်လိုက်သည်♤

*Jiminee wae *

*Jung Kookie မင်းအခုထိမလာသေးဘူးလား?? စောင့်နေတာ နာရီဝက်ရှိပြီ !! ပက်ကျိ စိတ်မရှည်တာသိတယ်နော်!! *

*သိပါတယ် လူပုစိတ်တို.. အယ် ..မှားလို့ ဟီး ~~ rabbit ရောက်ပါပြီဗျ !! *

♡ကျနော့ကို အနောက်ကနေ သိုင်းဖက်လိုက်တဲ့ကောင်လေး...
ကျနော်ချစ်ရတဲ့ချစ်သူ...

ဟုတ်ပါတယ်.. ကျနော်တို့နှစ်ယောက်က ချစ်သူတေပါ...
သဘာဝတရားကြီးကိုလွန်ဆန်ပြီး ယောက်ကျားလေးနှစ်ယောက်ချစ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား???

ဖြစ်နိုင်ပါတယ် ဗျာ.. ကျနောတို့နှစ်ယောက်ကိုပဲကြည့်လေ~xp

မူလတန်းကျောင်းတည်းက ခင်လာခဲ့တဲ့သူငယ်ချင်းနှစ်ယောက်... အချိန်တေကြာလာတာနဲ့အမျှ ညီအစ်ကိုသံယောဇဉ်ကြိုးပါးပါးလေးလည်း ပိုမိုခိုင်မာလာပြီး ချစ်သူတေ အဆင့်ထိရောက်သွားတယ်ဆိုပါတော့...♡

♢ကျနော့နာမည်Park Jimin:

ကျနော်ဟာ JeonJungkookဆိုတဲ့ကောင်လေး အတွက် ဒီကမ္ဘာပေါ်ကိုရောက်လာတာပါ....
ကလေးဘဝထဲက သူဆိုးသမျှ အနိုင်ကျင့် သမျှခံခဲ့ရပြီး အခု အထက်တန်းကျောင်းသားဘဝရောက်တဲ့ အထိ သူ့အနွံတာခံနေရတုန်း... !!!
သူနဲ့ အတူတူတစ်နှစ်ထဲမှာ တက္ကသိုလ်တက်ဖို့ ကျနော် အထက်တန်းကျောင်းနောက်ဆုံးနှစ်ကို ၂ခါကျအောင်ဖြေခဲ့ရပါတယ်... ~.~သူက ကျနော့ထက် ၂နှစ်ငယ်တယ်လေ :'D
အခု ကျနော်တို့နှစ်ယောက်ရဲ့ အထက်တန်းကျောင်းသားဘဝနောက်ဆုံးအချိန်တေပေါ့...

သာမာန် မိဘ အသိုင်းအဝိုင်းက မွေးဖွားလာသူတေဖြစ်တဲ့အလျောက် ကျနော်တို့နှစ်ယောက်ကို တားထားတဲ့စည်းတေဘာတေမရှိ... ချစ်ချင်တိုင်းချစ် ကဲချင်တိုင်းကဲလို ရလေသည် ~♢

Flamboyant SoreWhere stories live. Discover now