All about me being an Exo L

446 59 8
                                    

I have never though that E.X.O will be part of my life.

2013 ခုနှစ်​ ၁၀တန်းစတက်​တုန်းကကိုယ်​​တွေဟာဘာဆိုဘာမှကိုမသိ​သေးတဲ့ ငတုံး​လေးပဲ​ပေါ့

ဘယ်​လိုစသိလာလဲဆို​တော့ အတန်းထဲကသူငယ်​ချင်း​တွေကဘာမှန်းမသိတစ်​​နေ့တစ်​​နေ့ အာဝူး အာဝူး နဲ့​အော်​​နေတာပဲ သိတယ်

အဲ့ဒီအုပ်​စုကအရမ်း​သောင်းကျန်းတာ ​နေ့တိုင်းအဲ့အတိုင်း​အော်​တယ်​​လေ

ကိုယ်​​တွေကအရင်​ကတည်းကစပ်​စုစိန်​ဆို​တော့နည်းနည်းပါးပါး​မေးကြည့်​တောမှသူတို့ကvideo​လေး​တွေပြတယ်

သူတို့ပန်း​လေး​တွေကိုင်​ထားတာ​တွေ အုပ်​စုလိုက်​ရိုက်​ထားတာ​​လေးတွေ ​နောက်​ပြီးမှတ်​မှတ်​ရရ wolf drama version​လေး​ပေါ့

အဲ့တုန်းက ကိုယ်​​တွေက မင်းသား​တွေကလွဲရင်​ idol ဆို SJတို့ GGတို့ကိုနာမည်​​လေး သီချင်း​လေး​ကြားဖူးရုံပဲရှိတာ

video​လေးကြည့်​ပြီး​တော့ ​တော်​​တော်​​ချောတာပဲ​ပေါ့ ချစ်​စရာ​လေး​တွေ ဆိုပြီးပဲ​ပြောခဲ့တယ်

သူငယ်​ချင်း​တွေကဘယ်​သူ့ကိုကြိုက်​လဲလို့​မေး​တော့ ဆံပင်အ၀ါက​နေအမဲ​ပြောင်းသွားတဲ့တစ်​​ယောက်​ရယ်​ ​ဆေးရုံ​ပေါ်မှာရယ်​ပြ​နေတဲ့​ကောင်​​လေးရယ်​​ပေါ့ {zhang yixingလား အခုအဲ့ videoပြန်​ကြည့်​တာ​တောင်​မနည်းရှာယူရတယ်​}

တိုက်​ဆိုင်​မှုတစ်​ခုပဲဆိုရမလား ကိုယ့်​ရဲ့ teaching guide က exo stanကြီးကိုဖြစ်​​နေတာ​လေ အဲ့ဒီအမက​နေတစ်​​ဆင့်​မှတဖြည်းဖြည်း သူတို့အ​ကြောင်း​တွေကိုသိလာရတယ်

သူတို့ရဲ့သီချင်း​လေး​တွေကိုအဦးဆုံး chinese version​လေး​တွေပဲယူခဲ့တယ်

ကျူရှင်​ကို​နေ့တိုင်းဘတ်​စ်​ကားစီးပြီးသွားတဲ့အခါတိုင်းအဲ့ဒီသီချင်း​လေး​တွေကကိုယ့်ရဲ့အ​ဖော်​ဖြစ်​လာခဲ့တယ်

အဲ့ဒီကတည်းကထူးဆန်းတယ်​ပဲ​ပြောမလား

သီချင်းရဲ့​နေရာအများကြီးမှာမဆိုရ​ပေမဲ့ ဘယ်​သူမှန်းလဲမသိ​ပေမဲ့ အဲ့ဒ်ီအသံ​အေး​အေးချိုချို​လေးကိုသ​ဘောအကျဆုံးပဲ

Wishing to be foreverTempat cerita menjadi hidup. Temukan sekarang