Part 1

1.5K 101 3
                                    

#ChanSoo
~~~~~~~~~~~
ကျွန်​​တော့်​ နာမည်​က Do Kyung Soo..
မွေးကတည်းက ကံဆိုးမှု​တွေနဲ့​မွေးဖွားလာသူ...
ကျွန်​​တော်​လသားအရွယ်​မှာပဲ
ကျွန်​​တော်​ တို့ရဲ့အိမ်​ဦးနတ်​ ​ဖေ​ဖေ
ကင်​ဆာ​ရောဂါ ဖြစ်​တယ်
မေ​မေ က ​ဖေ​ဖေ့ ​ရောဂါကိုမ​ပျောက်​​ပျောက်​​အောင်​ကုမယ်​ဆိုပြီး ​ဖေ​ဖေကျန်းမာစဉ်​က ရှာထားသမျှစည်းစိမ်​အကုန်​ ထုခွဲ​ရောင်းချပြီး ကုသ​ပေးခဲ့တယ်​ ..
ကံတရားက မျက်​နှာသာမ​ပေးခဲ့ပါဘူး ..
ကျွန်​​တော်​ အသက်​တစ်​နှစ်​မပြည့်​ခင်​မှာပဲ ​ဖေ​ဖေ ဆုံးပါးသွားတယ်​....
တစ်​နှစ်​သားအရွယ်​ကျွန်​​တော်​နဲ့ မေ​မေ ဒုက္ခအများကြီး​ရောက်​ခဲ့ရတယ်​....
..........................................
အခု ကျွန်​​တော့အသက်​ 19 နှစ်​ ရှိပြီ
ကံမ​ကောင်းမှု့​တွေက အခုချိန်​ထိ
ကျွန်​​တော့နားမှာရှိ​နေဆဲ....
တစ်​ခါတည်းနဲ့ အဆင်​​ပြေတဲ့အလုပ်​ဆိုတာ
Do Kyung Soo တို့ဘဝမှာ ခက်​ရှားရှားရယ်​..
ဒီ​လောက်​​တောင်​ ကျွန်​​တော့ကို မျက်​နှာသာမ​ပေးတဲ့​လောကကြီးကို တခါတ​လေကျရင်​ အရွဲ့တိုက်​ပြီးကို​နေလိုက်​ချင်​တယ်​ ဗျာ~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~
Ring~ Ring~Ring~~~~~

"Hello​"

"ရဲစခန်းကပါ Do Kyung Sooရဲ့အုပ်​ထိန်းသူဟုတ်​ပါသလား အုပ်​ထိန်းသူ​ခေါ်ခိုင်းတာမ​ခေါ်ပဲနဲ့​ အချုပ်​ခန်းထဲမှာပဲ​ပေကပ်​​နေလို့ သူ့Ph Content ထဲက Omar ဆိုသူကို​ခေါ်လိုက်​ရတာပါ "....

မေ​မေ အချုပ်​ခန်းထဲက ကျွန်​​တော့်​ကိုမြင်​ပြီး
မေ​မေ့ မျက်နှာ ချက်​ချင်းညှိုးကျသွားတာ မြင်​လိုက်​ရ
တော့ ​ကျွန်​​တော်​​တော်​​တော်​​လေးစိတ်​မ​ကောင်းဖြစ်​သွားရတယ်​....ကျွန်​​တော်​​ မေ​မေ စိတ်​ ဆင်းရဲမှာမလိုလားလို့ ဘယ်​သူဘာ​ပြော​ပြော
သည်းခံပြီး​နေခဲ့တယ်​ ဒါ​ပေမယ့်​ ​မေ့​မေ့ရဲ့သိက္ခာကို ထိပါး​စော်​ကားလာတာကို​တော့ ကျွန်​​တော်​ သည်း
မခံနိုင်​ဘူး..

"Do Kyung Soo ရဲ့ ကိုယ်​ထိလက်​​ရောက်​ကျူးလွန်​မှု့ကို နစ်​နာသူဘက်​က ​လျော်​​ကြေး​ပေးရင်​ ​ကျေ​အေး​ပေးမယ်​​ပြောတယ်​ခင်​ဗျာ"

"​ကျေးဇူးတင်​ပါတယ်​ရဲမှူးကြီးရယ်​"...

"​ကျေးဇူးတင်​ပါတယ်​"

COLOREDWhere stories live. Discover now