#ChanSoo
ကျောင်း ထဲဝင်ဝင်ချင်း လမ်းတစ်လျောက်
လှချင်တိုင်းလှပြီး ပွင့်နေတဲ့ Cherry ပင်တွေကြောင့်
ချယ်ရီလမ်း လို့ ခေါ်ကြတဲ့
ကျွန်တော်တို့ကျောင်းလမ်းကို
ကျွန်တော်အရမ်းနှစ်သက်တယ်
ချယ်ရီပင်အောက်က
ခုံတန်းလျားလေးတွေပေါ်မှာ
ထိုင်နေတဲ့အတွဲတချို့ ရယ်
နှင်းမှုန်လေးတွေပမာ တဖွေးဖွေး
ကျဆင်းနေတဲ့ချယ်ရီပန်း လေးတွေက
ဘယ်ပန်းချီရေးမမှီတဲ့ ပန်းချီကားတစ်ချပ်အလား
အဲ့မြင်ကွင်းမြင်ရတဲ့အခါတိုင်း
ကျွန်တော့်စိတ်ကိုအေးချမ်းစေသလို
ခံစားမိတာကြောင့် ပူနေတဲ့ရင်ထဲက
အပူ တချို့ ငြိမ်းလိုငြား လွတ်နေတဲ့
ခုံတန်း တစ်ခု မှာကျွန်တော်ဝင်ထိုင်လိုက်တယ်"KyungSoo ah အခုတလော
မင်း ကြည့်ရတာ ထူးဆန်းနေသလိုပဲ
ဘာတွေဖြစ်နေတာလဲ"ဘယ်ကနေရောက်လာမှန်းမသိ
ကျွန်တော့်အတွေးတွေကို ဖြတ်တောက်လိုက်တဲ့
Yaung Min
အခုတလော သူ ကျွန်တော့်ကို
သတိထားကြည့် ကြည့် နေတတ်တာ
ကျွန်တော် သတိထားမိတယ်"ဘာမှ မဖြစ်ပါဘူး wae??"
"ဟှောင် ငါ့ကိုလာမလိမ်နဲ့ သရဲသွားလိမ်
မင်းအခြေအနေက""ဘာဖြစ်တာလို့ထင်လဲ"
သူမပြောခင် ကျွန်တော် သူခိုး လူမိ ခါနီး
ဖြတ်မေးလိုက်ခြင်းပင်"မင်းတစ်ယောက်ယောက်ကိုCrush မိနေပြီမလား"
" 0_0"
"အမလေး ဘယ်လိုဖြစ်တာလဲ
Crush နေတာလားမေးတာ မျက်လုံးကြီး
လာပြူးပြနေတယ် လူကိုလန့်အောင်""ဘယ် .. ဘယ် .. ဘယ် က Crushရမှာလဲ
ဘာ ခွက် မှ မရှိဘူး ""မရှိဘူးသာပြော တာ စကားတွေတောင်
ထစ်နေပြီ ငါ့ကောင်ရ ရှိနေရင် လည်း
ငါ တို့ကိုပြောပြကွာ လျှိုမထားနဲ့ ""ကောင်မလေးက ဘယ် Year ကလဲ
လန်းလား မိုက်လား
ငါတို့လည်း ဘူး ကူမှာ ပေါ့ ကွXP"
ဘယ်ချိန်ကတည်းက
ကျွန်တော်တို့နားရောက်နေလဲမသိတဲ့
Ji Ho ထံမှ ထွက်လာသည့်အသံပင်