#ChanSoo
Kyung Soo ah~
meyanaeyo~~~~~မင်းကို ဖွင့်ပြောဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ် ..
ဖွင့်ပြောဖို့ကြိုးစားတိုင်း
မင်းရှေ့ရောက် ရင် မင်းကိုချစ်တယ်
ဆိုတဲ့စကား ငါ့ နှုတ်ခမ်းက
ထွက်မလာဘူး ... ငါ သတ္တိမရှိခဲ့ဘူး ....Min Woo တို့အိမ်ပြောင်းတဲ့နေ့.....
ညဘက် အိပ်မပျော်တာနဲ့
လေကောင်းလေသန့်ရှူ ဖို့ ထွက်လာတာ
မထင်မှတ်ပဲ မင်းကို မြင်တော့
ငါဘယ်လောက် ပျော်သွားလဲသိလားမင်းမျက်နှာမကောင်းဘူး ....
ဘယ်အရာတွေက များ
ဒီကလေးလေးကိုစိတ်ညစ်စေတာလဲ???မင်းမျက်နှာ မကောင်းရင်
ငါ မနေတတ်ဘူး Kyung Soo ရာ ...မင်းစိတ်ညစ်နေတဲ့အချိန် ဝမ်းနည်းနေတဲ့အချိန်
ငါ့ရင်ခွင်ထဲမှာ မင်း ငိုလို့ရအောင်
မင်းကို ပွေ့ဖက်ပေးချင်တယ်
နှစ်သိမ့်ပေးချင်တယ်.....
တကယ်တမ်း ငါ ဘာတစ်ခုမှ
မလုပ်ပေးနိုင်ခဲ့ဘူး........
*************************
ဒီနေ့က ကျွန်တော်နဲ့ NaNa ချစ်သူဖြစ်တဲ့နေ့..
NaNa ကို လက်ခံလိုက်တယ် ဆိုတာ
ကျွန်တော် သတ္တိမရှိလို့ ....သူ့ကို ရင်မဆိုင်ရဲလို့...ယောက်ျားချင်းကြိုက်တဲ့ Yaoi ဆိုတာကို
လက်မခံ တဲ့ သူငယ်ချင်းတွေကြား
ကျွန်တော် ရှေ့ဆက်တိုးဖို့သတ္တိ မရှိခဲ့ဘူး....ရှေ့ဆက်ကြုံတွေ့ရမယ့် မိဘ တွေရဲ့
သဘောမတူမှု့ ....ပတ်ဝန်းကျင်ရဲ့ နှာခေါင်းရှုံ့မှု့....
သူငယ်ချင်းတွေရဲ့ မေးငေါ့မှု့......
သူ သူရော လက်ခံပါ့မလား....
ကျွန်တော့်စိတ်ကို ဖုံးကွယ်လိုငြား
Na Na ကို အသုံးချခဲ့တာ..
Na Na အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်..