Teacher
ဒီနေ့ တစ်နေ့လုံး ကျွန်တော်မှာ Park Chanyeol လာနေတာ မြင်တာနဲ့ သူမတွေ့ခင် ရှောင်ပြေးနေရသည်… သူနဲ့ တွေ့မှပဲ ကျွန်တော်လည်း ဝရမ်းပြေး လိုလို……"မင်္ဂလာပါ…"
"မင်္ဂလာပါဆရာ……"
အတန်းထဲ ဝင်လို့ နှုတ်ဆက် လိုက်တာနဲ့ ထွက်လာတဲ့ သူ့အသံ ခပ်သြသြ ကြောင့် ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံး ကြက်သီးများပင် ဖြန်းခနဲ… ဆရာက တပည့်ကို ပြန်ကြောက်နေ ရသည်…
"ဆရာ…ဒီနေ့အခန်း၃ကGrammarသင်လိုက်ဆရာ……"
တွေ့လား … သူဆရာ ဝင်လုပ်ပြန်ပြီ…
"Park Chanyeol…!! မင်းကဆရာလား"
"မဟုတ်ပါဘူး…ဆရာကသာကျွန်တော်ချစ်ရတဲ့ဆရာပါ……"
အတန်း တစ်ခုလုံး ဝါးခနဲ… ကျွန်တော် မျက်နှာကြီး ပူထူ နေလေပြီ…
"Park Chanyeol!!ဆရာကို နောက်စရာ လား… သွား … ! အပြင်ထွက် ဒူးထောက်နေ …"
ကျွန်တော် ပြောတော့ ခပ်တည်တည်ပဲ သူ့လွယ်အိတ်ကို ဆွဲရင်း ထွက်သွား လေရဲ့ … အခုမှပဲ စိတ်လေး နည်းနည်း အေးသွားရသည်…
"ဘာကြည့်နေတာလဲ…အခန်း၃ကိုလှန်…Grammarသင်မယ်……"
ကျောင်းသား တွေက ကျွန်တော်ရဲ့ လေသံမာမာကို ကြောက်လို့သာ စာအုပ်ကို လှန်နေရသော်လည်း ရုပ်တွေက ပြုံးစိစိနဲ့……
"ဟိုမှာဆရာကိုကြည့်နေတယ်…"
ကျောင်းသား တစ်ယောက်ရဲ့ ခပ်တိုးတိုး အသံကြောင့် ကျွန်တော် သူ့ကို မသိမသာ လေး လှမ်းကြည့်မိ၏… ဟောဗျာ… ကျွန်တော် ရင်တွေ ပန်းတွေတောင် တုန် သွားသည်… အခန်းရှေ့ ဆိုလို့ ကျွန်တော် စာသင်နေတဲ့ အပေါက်ဝနဲ့ မျက်နှာချင်း ဆိုင်မှာ ထိုင်ပြီး ကျွန်တော့်ကို သေသေ ချာချာကို စိုက်ကြည့်နေတာဗျာ…
"အဟမ်း!!ကျောင်းသားတွေစာကိုပဲစိတ်ဝင်စားစမ်းပါ……!!!"
ကျွန်တော် ခပ်ကျယ်ကျယ် အော်လိုက်မှ တီးတိုးပြောနေတဲ့ ကလေးတွေ စာအုပ်တွေ ကောက်ကိုင် ကြတော့သည် … တကယ်ပါ… ဘယ်လို အခြေအနေ မျိုးမှာပဲ ဖြစ်ဖြစ် …
Park Chanyeol ဆိုတာ ရင်ခုန်တတ်အောင် သင်ပေး နေတဲ့ သူရယ်ပါ…