Teacher
"Park Chanyeol… မင်း အရှေ့ မတိုး နဲ့နော်……"ခေါင်မိုးထပ် အစွန်းမှာ ရက်နေသော သူ့ကို ကျွန်တော် အောက်ကနေ လှမ်းအော် လိုက်သည်……
"ဟေး……ဆရာလာပြီ"
အပေါ်ကနေ လက်ကို ဝှေ့ယမ်း ပြီး အော်နေတဲ့ ကောင်ဆိုး လေးကြောင့် ကျွန်တော် ခဏတာ ကြောင် နေမိသည် … ကျွန်တော် သူ့ဆီကို အမြန် တက်သွား လိုက်ပြီး……
"Park Chanyeol…!! မင်း ဘာတွေ လျှောက်လုပ် နေတာလဲ ဟမ်!! မင်း မရှက်ဘူးလား… ပြန်ဆင်းစမ်း!!"
"ဟုတ်ကဲ့………"
ကျွန်တော် ဒေါသထွက်ထွက် နဲ့ အော် လိုက်မှ သူဖြီးပြကာ ဆင်းလာ ခဲ့သည်…
"မင်းမရှက်ဘူးလား!!ဟမ်…"
"ဆရာကိုလွမ်းလို့လေဆရာ…"
သူက ခပ်တည်တည်ပဲ ပြန်ပြောသည် … ကျွန်တော် အဲ့ကလေးကို ဘယ်လို လုပ်ရမှန်း မသိတော့ ပါဘူး ဗျာ … တခြား ဆရာတွေ လည်း ရှိနေတော့ ကျွန်တော့် မျက်နှာ တစ်ခုလုံးလည်း ပူထူ နေလေပြီ …
"အခုအိမ်ပြန်တော့…ငါလိုက်ပို့ပေးမယ်""ကားပါတယ်……
"ငါလိုက်ပို့ပေးမယ်…မရှည်နဲ့လာ……!"
ကျွန်တော် သူ့လက်ကို ခပ်ကြမ်းကြမ်း ဆွဲပြီး ထွက်ခဲ့၏ … သူ့ဟာသူ ပြန်ရင် အဲ့ကလေး က ပေါက်ကရ လျှောက်လုပ် ရင် လုပ်နေဦးမှာ……
"တက်!"
"ဆရာကျွန်တော့်ကိုချစ်လို့လား……"
ကျွန်တော် ကားတံခါး ဖွင့်ရင်း သူပြော လိုက်တဲ့ စကားကြောင့် ကျွန်တော် တစ်ကိုယ်လုံး အေးစက် တောင့်တင်း သွားသည်…
"ငါ…ငါက……ဘာ…ဘာလို့ချစ်ရမှာလဲ……"
"okလေ…ဆရာကမချစ်ဘူးပေါ့……"
သူ ပြောပြီး တာနဲ့ ကျွန်တော့် ကားထဲ ဝင်ထိုင် လိုက်သည် … ဘယ်လို ကလေးလဲ မသိ…
"ဆရာ……"
ကျွန်တော် ခါးပတ် ပတ်နေတုန်း သူ့ အသံကြောင့် သူ့ဘက် လှည့်ကြည့် လိုက်တဲ့ အချိန်… သူ့မျက်နှာ က ကျွန်တော့် မျက်နှာနဲ့ တစ်လက်မ တောင် မကွာတော့ … ဗြောင်းဆန် နေတဲ့ ရင် အစုံ ကို လျှစ်လျှူ ရှု နိုင်အောင် သူ့ရဲ့ မျက်ဝန်း တွေကို ရင်မဆိုင်ရဲခဲ့ပေ…