Teacher
ကျွန်တော် ကျောင်းပြီးတဲ့ နောက်ပိုင်း ကစပြီး Canadaမှာ ပဲ ဆရာအဖြစ် နေ နေခဲ့တာ … အခုတော့ ကျွန်တော်ကို ကိုယ့်ခြေထောက် ပေါ် ကိုယ် မားမား မတ်မတ် ရပ်တည်နိုင်အောင် သင်ကြား ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ပညာမိခင် ကျောင်းကြီးဆီ ပြန်ပြီး တာဝန် ထမ်းဆောင်ဖို့ ရောက်ရှိလာခဲ့သည်…
"အ……"
ကျွန်တော် လမ်းမှာ ရပ်နေတာကို ဗလိုင်း ကြီး ဝင်တိုက် သွားတဲ့ ကောင်လေး ကို မျက်မှန် တစ်ချက် ပင့်ကာ မော့ကြည့် လိုက်သည်……
"အွတ်……!!"
ဗလိုင်းကြီး လာတိုက် သွားသလို… ဗလိုင်းကြီးလည်း လာနမ်းနေသေးသည် … မဖြစ်ဘူး… သူ့အနမ်းတွေမှာ ကျွန်တော် သာယာနေလို့ မဖြစ်ဘူး… ကျွန်တော့် နှုတ်ခမ်းတွေ သူ့နှုတ်ခမ်းတွေ ဆီက ရုန်းထွက်ဖို့ ကြိုးစားရမယ်…
"မှတ်ထား… Park Chanyeol လာလို့ လမ်းမဖယ်ပေးရင် အဲ့လို အပြစ်ပေး ခံရတယ်ဆိုတာကို… ကျောင်းသား သစ် ထင်တယ်… မတွေ့ဖူးဘူး… "
"တောက်!!!"
ကျွန်တော် သူ့ကို ဒေါသနဲ့ စိုက်ကြည့် ပြီးသာ ပြေးထွက်လာလိုက်၏… အဲ့လို ကျောင်းသားမျိုးလည်း ရှိသေးတာလား… သူ့ကိုလမ်းဖယ်ပေးတိုင်း သူ လိုက်နမ်း နေတာလား… ကျွန်တော် တစ်ခုခုကို မွန်းကြပ်နေမိသည်… ဘာတဲ့ Park Chanyeol တဲ့လားကွာ……
######Teacher#####
"မင်္ဂလာပါ…ဆရာနာမည်ကKrisပါ…အင်္ဂလိပ်စာသင်ဖို့ရောက်လာတဲ့ဆရာအသစ်ပါ……အတန်းခေါင်းဆောင်ဘယ်သူလဲ……"
ကျွန်တော် မေးလိုက်တော့ ကျောင်းသား လေးတစ်ယောက်က မက်တပ်ထရပ် သည်… Park Chanyeol… ကျွန်တော့် ကို နမ်းသွားတဲ့ Park Chanyeolက အတန်းခေါင်းဆောင်တဲ့… သူ့လို လူမျိုးကို အတန်းခေါင်းဆောင် ခန့်ထားတဲ့ အတန်းပိုင် ဆရာကိုလည်း အံ့သြမိသည် …
"အတန်းခေါင်းဆောင်မဟုတ်ဘူး…ပြောစရာရှိလို့……"
အင်…အတန်းခေါင်းဆောင်မဟုတ်ဘူးတဲ့…သူဘာများကျွန်တော့်ကိုပြောမလို့ပါလိမ့်…
"ကျွန်တော်ဆရာ့ကိုသဘောကျတယ်…"
အမ်……! ကျွန်တော် ဘာမှ ဆက်မပြော နိုင်ခဲ့ …