Jung Kook မျက်လုံးကိုမဖွင့်သေးဘဲ ဟိုလှိမ့်ဒီလှိမ့် လှိမ့်နေလိုက်သည်
နူးညံ့တဲ့အိပ်ယာခင်းကိုခံစားရတာကြောင့် စိတ်ပေါ့သွားပြီးJung kook : ဒါဟာ အိပ်မက်ဆိုတာငါသိသားဘဲ ...အိပ်မက်ပါဆိုကွာ....ဟားဟားဟား
ဒါပေမဲ့သူ ဖက်အိပ်နေမိတဲ့အရာက ဘာများလဲလို့ စမ်းကြည့်လိုက်မိသည်
Ellena လား ....မဟုတ်ဘူး ...
ပြောင်ပြောင်ချောချော ဘီးလိုဟာမျိုး
Jung kook : ငါ့ စက်ဘီးလား ??
မျက်လုံးကိုဖွင့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်း
ကြောင့်မှင်သက်သွားသည်
စိတ်ပျက်သွားတာလို့ပြောရင်ပိုမှန်မယ်ဆေးရုံမှာမွေးလာတဲ့ကလေးမျက်လုံးဖွင့်ဖွင့်ချင်းမြင်မိတာကအမေဒါမှမဟုတ် ဆရာဝန် ဒါမှမဟုတ်
Nurse ဆိုရင် အခု jung kook မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက
ထင်နေတဲ့အတိုင်းပါဘဲဆံပင်ရှည်ရှည် အရပ်ရှည်ရှည် ဘော်ဒီတောင့်တောင့်
အဝတ်မျက်နှာဖုံးနဲ့ ဓားရှည်ကြီးကိုင်ထားတဲ့ အီဂျီမဲပါဘဲJung Kook ရယ်နေရာမှရပ်သွားကာ
Jung kook : oh...mister အီဂျီမဲကိုး အဟက်ဟက်
အိပ်ယာမှကောက်ထလိုက်ပြီး အခန်းပတ်ဝန်းကျင်ကိုလေ့လာလိုက်သည်
ခုခေတ်ပုံစံမဟုတ်ဘူး ရှေးဟောင်းပုံစံမျိုး
နံရံရဲ့ထောင့်တစ်နေရာမှာ သူ့ရဲ့ ကျောပိုးအိတ် ကိုမြင်လိုက်ရတယ်သူ့ဘေးကိုကြည့်လိုက်တော့ ထင်တဲ့အတိုင်း စက်ဘီးကလဲ အိပ်ယာပေါ်ကြီးမှာ ...ဒါဆို သူတစ်ချိန်လုံးဖက်အိပ်နေတာ
သူထင်သလို သူ့ရည်းစားမဟုတ်ဘဲ စက်ဘီးကြီးပေါ့Jung kook : ငါ scarlet heart စာအုပ်ဖတ်ပြီး စိတ်ကူးအယဉ်လွန်ပြီး ရှေးခေတ်ကိုပြန်ရောက်သွားတယ်လို့
တော့မပြောလိုက်နဲ့နော်
YOU ARE READING
Based On True Story
Fanficသဘာဝလွန်ဖြစ်ရပ်တွေ ထူးခြားဆန်းကျယ်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့သူ ဘာမဆိုကိုယ်တိုင်ကိုယ်ကျမကြုံရမချင်းမဖြစ်နိုင်သောအရာဟု မှတ်ယူနေသူ အဲ့လိုသူက အိပ်မက်ဆန်ဆန်အဖြစ်အပျက်တစ်ခုကိုကြုံတွေ့လိုက်ရပြီး အိပ်မက်လားတကယ်လားမခွဲနို...