CHAPTER 4 : JungKook's challenge of changing

277 44 6
                                    

မျက်​နှာကိုလာ​ရောက်​ထိ​တွေ့တဲ့​နေ​ရောင်​ခြည်​​နွေး​နွေး
ကြောင့်​ Jung Kook မျက်​လုံးပွင့်​လာသည်

အိပ်​မက်​ဟုတ်​လားမဟုတ်​လားလဲသူ​နောက်​ထပ်​မစမ်းသပ်
ချင်​​တော့​ပေ
ဒီ​နေရာကို​ရောက်​လာတာအမှန်​တကယ်​ဟုသာလက်​ခံလိုက်​ရ​လေသည်

ဒီ​နေရာက​နေဘယ်​လိုပြန်​ထွက်​ရမလဲဆိုတဲ့နည်းလမ်းစဉ်းစားရမှာကသူ့အတွက်​အ​ရေးအကြီိးဆုံးပင်​ဖြစ်​သည်

နေ​တော်​​တော်​မြင့်​​နေပုံရသည်
Jung kook ​ဘေးနားကဂွမ်း​စောင်​ကိုအ​ဝေးကိုကန်​ထုတ်​လိုက်​မှဘဲပူတာသက်​သာသွား​တော့သည်

အောက်​ခံတီရှပ်​ဖြူ​ပေါ်မှာ​တောင်​​ချွေး​လေး​တွေစို့​နေ​လေရဲ့

Seoulမှာတုန်းက​ဆောင်းရာသီဖြစ်​​နေလို့သိုး​မွေး​တွေ
ဆွယ်​တာ​တွေအထပ်​ထပ်​ဝတ်​လာတဲ့Jung Kook

ဂျင်း​ဘောင်းဘီနဲ့​နေရတာ​တောင်​မသက်​သာ​တော့

တော်​​တော်​အိုက်​​နေ​လေသည်

စိတ်​ဘဝင်​မကျနဲ့က​လေးတစ်​​ယောက်​လိုလူးလှိမ့်​​နေ​တော့
သည်

ရုတ်​တရက်​တံခါးပွင့်​အလာမှာ​တော့

ကြမ်းပြင်​​ပေါ်မှာ​မှောက်​လျက်​ကားယားကြီးဖြစ်​​နေ​လေ​တော့သည်

Jung Kook : မင်း....

တံခါးဝမှာမတ်​တပ်ကြီး​ကြောင်​ကြည့်​​နေ​သော sehun ကို
လက်​ညှိုးထိုးပြီးကုန်းရုန်းထလိုက်​သည်

Jung Kook : ငါ့ကိုဘယ်​လိုတာဝန်​ယူမှာလဲ​ပြော

တာဝန်​ယူစရာဘာကိစ္စမှမလုပ်​ထားပါလျက်​နှင့်
ပြီး​တော့ sehun က အိမ်​ရှင်​ဖြစ်​သည်

သူနှင်​ထုတ်​တဲ့​နေ့ဘဝပျက်​တဲ့​နေ့ဟူ​သောအသိဝင်​လာပြီး

Jung Kook : ဟာ.....မသိဘူးကွာ
မင်း...မင်း....အဲ့မျက်​နှာဖုံးကြီးချွတ်​လို့မရဘူးလားကွာ
ရှုပ်​ရှက်​ခတ်​​နေတာဘဲ...မျက်​စိ​နောက်​တယ်​ လာစမ်း

မနက်​​စော​စောစိတ်​အလိုမကျမှုများ​ကြောင့်
Jung kook ယဉ်​ယဉ်​​လေးရူးကာ

Based On True Story Where stories live. Discover now